Thursday, September 25, 2014

လက်ဖက်သုပ်နဲ့ တူတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်

လွှတ်တော် မင်းသားကြီး ဦးလှဆွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက တလောက ပျောက်ကွယ်နေခဲ့ရတာက အခုတော့ ပြန်လည် ရရှိပြီး သူ့အမြင်၊ သူ့အတွေးတွေကို ဖေ့စ်ဘုတ်သုံးသူများ မြင်နေကြရပြန်ပါပြီ။ 


 


လာမယ့် ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ချက်ချထားခဲ့တဲ့ ဦးလှဆွေဟာ ရွာမှာ ဈေးရောင်းဖို့ လေ့လာမှုတွေ လည်း လုပ်နေ တာကို သူ့ဖေ့စ်ဘုတ်မှာတွေ့ရပြီး နိုင်ငံမှာ အဓိက ပြဿနာ ဖြစ်နေတဲ့ အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကိစ္စလည်း သူက ရေးသားထားပါတယ်။ 

သူ့အရေး၊ သူ့အတွေးကိုလည်း ဧရာဝတီပရိသတ်က သုံးသပ်ကြည့်နိုင်ပါတယ်။ 

အဂတိလိုက်စားမူ့တိုက်ဖျက်ရေးကော်မရှင်ဟာ လက်ဖက်သုတ် နဲ့တူပါတယ်။
လော့ဂျစ် နည်းးနဲ့တွက်ပြမယ်- 

၁။မဖြူ သည် စာကျက်ရင်း အိပ်ငိုက်သည်။ 
၂။မဖြူ သည် လက္ဘက်သုပ်စားသည်။ 
၃။လက်ဖက် သုပ် စားပြီးနောက် မဖြူသည် စာကျက်ရင်းအိပ်ငိုက်သည်။ 
၎။ထို့ကြောင့် မဖြူ၏ အိပ်ငိုက်ခြင်းကို လက်ဖက် သုပ်သည် ဘာမှ အကျိုးသက်ရောက်မှု့မရှိ။ 

၎င်းအတိုင်းပင် 
၁။အကျင့်ပျက်သူများ လာဘ်စားကြ၏။ 
၂။အဂတိလိုက်စားမူ့တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့သည်။ 
၃။ကော်မရှင်ဖွဲ့ပြီးနောက် အကျင့်ပျက်သူများ ဆက်၍ လာဘ်စားကြသည်။ ၄။ထို့ကြောင့် ကော်မရှင်ဖွဲ့ခြင်းသည် လာဘ်စားမှု့အပေါ်အကျိုးသက်ရောက်မှု့ မရှိ။ 

ထို့ကြောင့် လော့ဂျစ်နည်းအရ နောက်ဆုံးကောက်ချက်မှာ - 

လက်ဖက်သုပ်=ကော်မရှင်

Credit - ဧရာဝတီ ဘလော့ဂ်

No comments:

Post a Comment