“လွှတ်တော်ကိုယ်စားလှယ်အားလုံးအတွက် ဦးတည်စဉ်းစားသော ရွေးကောက်ပွဲစနစ် ဖြစ်သင့် ဟု ၈၈ မျိုးဆက်ဆို”
ရွေးကောက်ပွဲစနစ်
ပြင်ဆင် ပြောင်းလဲရေး ကြိုးပမ်းဆောင်ရွက် မည်ဆိုပါက တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်
အားလုံး အတွက် ဦးတည်စဉ်းစားသော ရွေးကောက်ပွဲ စနစ်ဖြစ်သင့်ကြောင်း ၈၈
မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးကို ကိုကြီးက
ပြောသည်။
လွှတ်တော်မျ
ားတွင်
တင်သွင်းနေသော အဆို၊ ဥပဒေ မူကြမ်းများ တွင် နိုင်ငံတော် နှင့်
နိုင်ငံသားများ၏ အကျိုးစီးပွားကို ကိုယ်စားပြု သည့် ဥပဒေကြမ်းများ
ရှိသကဲ့သို့ နိုင် ငံရေးရည်ရွယ်ဖြင့် မိမိအဖွဲ့အစည်း၏ ဦးတည်ချက်ကို
ကိုယ်စားပြုသော ဦးတည်ချက်များ ရှိကြောင်း၊ တချို့ပါ တီများအနေဖြင့်လည်း
နိုင်ငံသားအ ကျိုးစီးပွားနှင့် ကိုယ်ကျိုးစီးပွားများကို ရောပြမ်းကစားသည့်
ရည်ရွယ် ချက်အမျိုးမျိုးရှိကြောင်း ၎င်းင်းကပြော သည်။
“အခု PR
စနစ်ကို ပြောင်းဖို့လုပ် နေကြတယ်။ ရွေးကောက်ပွဲစနစ် ပြောင်းရင် မူအားဖြင့်
ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်းအ တွက်ပဲ ဦးတည်သင့်တယ်။ အခုဆို
ရွေးကောက်ခံ ၇၅ ရာခိုင်နှုန်းပဲ လွှတ် တော်ထဲမှာရှိတယ်။ ဒီ ၇၅
ရာခိုင်နှုန်းကို လက်ရှိ စနစ်ကို ကျင့်သုံးမယ်။ ဏျွ စနစ်ကို ကျင့်သုံးမယ်။
ရောပြမ်း စနစ်ကို ကျင့်သုံးမယ် ဆိုပြီး ဆွေးနွေး နေတာတွေအားလုံးဟာ သဘာဝမ
ကျဘူးလို့မြင်တယ်”ဟု ဦးကိုကိုကြီး က ဆိုသည်။
ထိုသို့
ရွေးကောက်ပွဲစနစ်ပြောင်း လဲရေး လုပ်ဆောင်နေမှုများသည်။ ယခုထက်
ပိုမိုကောင်းမွန် ကာ ပြည် သူများအား ပိုမိုကိုယ်စားပြုနိုင်သည့်
စနစ်တစ်ခုဖြစ်လာရေးအတွက် ဆောင် ရွက်ခြင်းဖြစ်ပြီး မည်သည့်
ရည်ရွယ်ချက်မှမရှိကြောင်း ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ စနစ် လေ့
လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦး တင်မောင်ဦးက ပြောသည်။
နိုင်ငံသားမဲဆန္ဒရှင်များအနေ
ဖြင့်လည်း လက်ရှိရွေးကောက်ပွဲစနစ် ၏ ကောင်းကျိုး၊ ဆိုးကျိုး များကို
လေ့လာသုံးသပ်သင့်ပြီး နိုင်ငံသားများ၏ ဆန္ဒသဘောထားများ ထင်ဟပ်သော
ရွေးကောက်ပွဲစနစ်တစ်ခု ဖြစ်ပေါ် လာစေရန်အတွက် ပညာပေးဆွေး နွေးဟောပြောမှုများ
လုပ်ဆောင်သင့် ကြောင်း၊ လာမည့်ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးသည့် စနစ်ပြောင်း လဲကျင့်သုံးနိုင်ရေးအတွက် ယခု ကျင်းပနေသော လွှတ်တော်များ တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း လွှတ် တော်အသီးသီးတွင် ဖွဲ့စည်းထားသော ကော်မရှင် အဖွဲ့ဝင်များက သုံးသပ်ထားကြောင်း သိရသည်။
သတင်း - ရာစုသစ်
The Ladies News Journal
No comments:
Post a Comment