မှော်ဘီမြို့နယ်
လက် ပံတန်းစုကျေးရွာမှ လယ်မြေဧက တစ်ရာကျော်ကို တပ်မတော်က
ပိုင်ဆိုင်ကြောင်း ရန်ကုန်တိုင်းစစ် ဌာနချုပ်က လယ်သမားများအား
လက်မှတ်ထိုးခိုင်းသဖြင့် လယ်သမားအင်အား ၅၀ ကျော် ဆန္ဒပြခဲ့ကြောင်း
သတင်းရရှိသည်။
ဝါးနက်ချောင်းကျေးရွာ၌ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီတွင် လက်မှတ်ထိုးရန် စက်တင်ဘာ ၂၂ ရက်က လယ်သမားများအား အကြောင်းကြားစာ များ ပို့ခဲ့ခြင်းဖြစ်ကြောင်း ၀ါးနက် ချောင်းကျေးရွာနေ ဦးစိုးမင်းထွန်း က ပြောကြားသည်။
‘‘ကျွန်တော်တို့ ငြိမ်းချမ်းစွာ နဲ့ပဲ လက်မှတ်မထိုးဖို့ ဆန္ဒပြလိုက် ပါတယ်။ တပ်ကအကြီးတန်း တာ ၀န်ရှိတဲ့သူတွေ မလာဘူး။ အတင်း အကျပ် ထိုးခိုင်းတာတော့ မရှိ ဘူး။ လက်ရှိခြံတွေမှာ စိုက်ပျိုး နေကြရတာ ဖြစ်တဲ့အတွက် ခြေ ချုပ်လာတာကို လက်ခံမှာမဟုတ် တဲ့အတွက် ဆန္ဒပြလိုက်တယ်’’ ဟု ဆန္ဒပြအမှန်တရား ဖော်ထုတ် ရေးနှင့် ဒီမိုကရေစီ အင်အားစု ခေါင်းဆောင် ၈၈ မှော်ဘီဦးအေး လွင်က ပြောသည်။
လယ်သမားများအား လက် မှတ်ရေးထိုးစေရန် တပ်ပိုင်းဆိုင် ရာ တာဝန်ရှိသူများ လာရောက် ခြင်းမဟုတ်ဘဲ ၀ါးနက်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးမှတစ် ဆင့် လက်မှတ်ရေးထိုးစေရန် တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ ကျေးရွာက လူချင်းချင်းကို ရန်တိုက်ပေးတာ။ ရုံးတံဆိပ်တွေလည်း မပါဘူး။ သာမန်စာရွက်နဲ့ပဲ လာတာ။ ဥက္ကဋ္ဌကလည်း မိမိတို့ဆန္ဒသဘော အရ လက်မှတ်ထိုးဖို့ပဲ ပြောတာ။ ကျွန်တော်တို့ မထိုးပေးနိုင်ဘူး’’ ဟု ဦးအေးလွင်က ပြောသည်။
ယင်း လယ်မြေများသည် ၁၉၈၅ မှစတင်၍ လယ်သမားများ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လယ်သ မားများသို့ အကြောင်းကြားသည့်စာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပိုင်ဆိုင်သည့် သီဟိုဠ်ခြံအတွင်း ၀င်ရောက်လုပ်ကိုင်နေသည့် တောင်သူများသည် ၂၀၁၄ ဒီဇင်ဘာတွင် အပြီးဖယ်ရှားပေးရမည်ဖြစ်ကြောင်း လက်မှတ်ထိုးပေးရမည့် လယ်မြေမှာဧကတစ်ရာ ကျော်ခန့်ပြီး လယ်သမား ၂၀ ဦး ပိုင်ဆိုင်ကြောင်း သတင်းရရှိသည်။
Credit - 7DAY DAILY

No comments:
Post a Comment