ဘာမှ ကြိုပြီး မပြောနိုင်ဘူး ခင်ဗျားမေးလည်း ကျွန်တော်ဖြေလို့မရဘူး . . .
××××××××××××××××××××××××××
ပြည်ထောင်စုဝန်ကြီးအဖြစ် ကျမ်းသစ္စာ ကျိန် ဆိုပြီးေ နာက် ပြည်တွင်းထုတ် သတင်းဂျာနယ် နှစ်ေ စာင်ဖြစ် သည့် Weekly Eleven နှင့် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ်တို့အား တရားဥပဒေ အရ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်ကြားေ ရး ပြည်ထောင် စုဝန်ကြီး ဦးရဲထွဋ်က စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြောဆိုခဲ့သည်။
ထိုသို့ တရားစွဲဆိုရန်အတွက် ပြုလုပ်ရခြင်းမှာ ဥပဒေ အရ ပေးအပ်ထားသည့် အခွင့်အရေးကို ကျင့်သုံးခြင်း ဟုလည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြောဆိုထားရာ အဆိုပါ သတင်းဂျာနယ် နှစ်စောင်အပေါ် မည်သို့ မည်ပုံ တရားစွဲမည်၊ တရားစွဲမည့်အပေါ် သမ္မတ၏ သဘောထား ဟုတ်၊ မဟုတ်စသည့် အချက်များနှင့် ပတ်သက်၍ မေးမြန်း ထားသည်များ ကို မြန်မာသံတော်ဆင့် မှ ဖော်ပြလိုက်ပါသည်။
ဝိုင်းမော်
မေး – ဟိုရက်က ၀န်ကြီး လွှတ်တော်အထွက်မှာ အလဲဗင်းနဲ့ မြန်မာ သံတော်ဆင့်ကို ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သတင်းထောက် မရှိလို့ မသိလိုက်ရလို့ ၀န်ကြီး ပြောခဲ့ တာတွေ ပြန်ပြောပြ ပေးလို့ ရမလား ခင်ဗျ။
ဖြေ – အဲဒီနေ့က ကျွန်တော်တို့ နောက်ဆုံး ပြောတာပါပဲဗျာ။ ကျွန်တော်တို့ ထပ်ပြီး မပြောတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒါ ဥပဒေကြောင်းအရ သွားမှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ ဘာမှ သီးခြား ထပ်ပြီးတော့ မှတ်ချက်ပေးစရာ မရှိတော့ပါဘူး။ ဥပဒေကြောင်းအရ စကားပြောတဲ့အခါမှပဲ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေကို ထပ်ပြောပါ့မယ်။ အခုတော့ ပြောစရာ မရှိတော့ပါဘူး။
မေး -တရားရေး လမ်းကြောင်းအရ သွားမယ်ဆိုတာ ကျွန်တော်တို့လည်း သိထားပါတယ်။ ဒါကြောင့် အလဲဗင်းကို ဘယ်လိုပုဒ်မ၊ ဘယ်လိုပုံစံနဲ့တရားရေး လမ်းကြောင်းအရ ပြုလုပ်ဖို့ရှိလဲ၊ သံတော်ဆင့်ကိုကော။
ဖြေ -အဲဒါလည်း ကျွန်တော်တို့ ပြောလို့မရပါဘူးခင်ဗျာ။ အချိန်တန်လို့ရှိရင် သက်ဆိုင်ရာ ဌာနတွေက အကြောင်းကြား ပါလိမ့်မယ်။ ဥပဒေကြောင်းအရ လုပ်ရတဲ့လုပ်ငန်းတွေ၊ တရားရေးအရ လုပ်ရတဲ့ လုပ်ငန်းတွေကို စွက်ဖက်ရာ ကျမှာစိုးလို့ ဒါတွေလည်း မပြောနိုင်ပါဘူး။
မေး – ကျွန်တော်တို့ကို တရားစွဲမယ်ဆိုတော့ သမ္မတရဲ့ ဂုဏ်သိက္ခာကို ကာကွယ်လိုတဲ့ အသရေဖျက်မှုနဲ့ တရားစွဲမှာလား၊ ဒါမှမဟုတ် နိုင်ငံရဲ့ အကြီးအကဲ တစ်ယောက်အပေါ် ဝေဖန်မှုနဲ့ တရားစွဲမှာလား။
ဖြေ – ဘာမှတော့ ပြောလို့မရပါဘူး ခင်ဗျ။ ဘာတွေလုပ်မယ်၊ ဘာတွေ လုပ်မယ်ဆိုတာ သက်ဆိုင်ရာဥပဒေ ပညာရှင်တွေ ပြောမယ်။ ကျွန်တော့်အနေနဲ့ ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး။
မေး – တရားစွဲဖို့ လုပ်တာ အစိုးရအပေါ် ဝေဖန်တာ မကြိုက်လို့၊ နောင်မဝေ ဖန်အောင် နှိပ်ကွပ် တာလို့ ပြောဆိုတာတွေ ရှိပါတယ်။ ဒီအပေါ် ပြန်ကြားရေး ၀န်ကြီး တစ်ယောက်အနေနဲ့ ဘာများ ပြော ချင်ပါသလဲ။
ဖြေ – ကျွန်တော် ဟိုတစ်နေ့က ပြောတဲ့ထဲမှာ ပါပြီးသွားပြီ။ ကျွန်တော်တို့က စာနယ်ဇင်းကောင်စီနဲ့ ဖြေရှင်းလို့ မရလို့ မိမိကို ဥပဒေအရ ပေးအပ်ထားတဲ့ အခွင့်အရေးကို ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ ဥပဒေ ကြောင်း အရ လုပ်တဲ့အခါကျမှပဲ ဆက်ပြောပါ့မယ်။
မေး – တရားစွဲမယ်ဆိုတော့ ဘယ်တော့လောက် တရားစွဲမှာလဲ ခင်ဗျ။
ဖြေ – သြော်…အဲဒါတွေက ကျွန်တော်တို့ မပြောနိုင်ပါဘူး ခင်ဗျာ။ ဥပဒေကြောင်းအရ လုပ်တော့ ဥပဒေလုပ်ငန်း အဆင့်ဆင့် အတိုင်းပဲ ခင်ဗျားတို့ကို ဥပဒေအရ ပြောရမယ့်အချိန် ရောက်ရင်ပြောမှာပေါ့။ ကျွန်တော်လည်း မသိဘူး၊ အဲဒီကိစ္စတွေက။
မေး – တရားစွဲမယ့်ဟာက သမ္မတရဲ့ သဘောထားလား၊ ပြန်ကြားရေးရဲ့ သဘောထားလားခင်ဗျ။
ဖြေ – ကျွန်တော်တို့ ခင်ဗျားတို့ကို အဲဒီကိစ္စက တရားရုံးရောက်တဲ့ အခါကျရင် သိပါလိမ့်မယ်။ တရားရေး ကိစ္စတွေကို ကျွန်တော် ဘာမှ ကြိုပြီး မပြောနိုင်ဘူး။ ခင်ဗျားမေးလည်း ကျွန်တော် ဖြေလို့မရဘူး။
မေး – အခု တရားစွဲမှာက အလဲဗင်းကော၊ သံတော်ဆင့်ကော အင်အားကြီး မီဒီယာနှစ်ခုနဲ့ဆိုတော့ အစိုးရနဲ့ ပွတ်တိုက်မှုတွေ ရှိလာရင် တိုင်းပြည်အတွက် ကောင်းပါ့မလား။
ဖြေ -သုံးသပ်စရာ မရှိပါဘူး။ လူတိုင်းလူတိုင်းက ဥပဒေကို အကာအကွယ် ယူခွင့် ရှိတယ်။ ဥပဒေ အကာအကွယ် မယူခင်မှာ စာနယ်ဇင်း လောကဖြစ်လို့ စာနယ်ဇင်း ကောင်စီကို ဖြေရှင်းဖို့ ကြိုးစားတယ်။ ဒါကို ကျွန်တော်တို့ ပွတ်တိုက်မှုလို့ မြင်လို့မရပါဘူး။ ခင်ဗျားတို့ မီဒီယာတွေလည်း အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဥပဒေ အကာအကွယ် ယူခွင့်ရှိတာပဲ။
မေး – နောက်ဆုံးမေးခွန်း အနေနဲ့ အလဲဗင်းနဲ့ မြန်မာသံတော်ဆင့်ကို တရားစွဲမယ့်အပေါ် သမ္မတကြီးက ဘယ်လို သဘောထား ရှိသလဲ။
ဖြေ – ဒါတွေ အားလုံးလည်း ဥပဒေကိစ္စဖြစ်လို့ ကျွန်တော်မပြောနိုင်ပါဘူး။
Credit - Myanmartandawsint Newspaper
No comments:
Post a Comment