Wednesday, September 24, 2014

လင်းလင်း၏ ဒုတိယအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲ မန္တလေးတွင် ကျင်းပမည်။

ရန်ကုန်၊ စက်တင်ဘာ ၂၂။

တေး သံရှင်လင်းလင်း၏ ဒုတိယအကြိမ် မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ် ရန်အတွက် စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။

အဆိုပါဖျော်ဖြေပွဲအား အောက် တိုဘာလ ၈ရက်(သီတင်းကျွတ်လ ပြည့်)နေ့တွင် မန္တလေးမြို့ရှိ ဒိုင်းမွန်း ပလာဇာအပေါ်ဆုံးထပ်တွင် ကျင်း ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။


''မန္တလေးမှာလုပ်ဖို့က ကျွန်တော် မနှစ်ကတည်းက စီစဉ်ခဲ့တာပါ။ ဒါ ပေမဲ့မနှစ်က အကြောင်းအမျိုးမျိုး ကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်က တော့ အားလုံးစီစဉ်ပြီးနေပါပြီ။ ကိုယ် မြို့ကိုယ့်ရွာမှာ လုပ်ရမှာဆိုတော့ ပိုပြီးတော့လဲ အဆင်ပြေတယ်။ သီ တင်းကျွတ်လပြည့်နေ့ကို လုပ်ဖို့အ တွက် ကျွန်တော်စဉ်းစားဖြစ်တာက ကျွန်တော်တို့မန္တလေးမှာက တော် တော်များများက အလုပ်သွားလုပ် ကြတယ်။ တခြားရက်တွေဆိုရင် မန္တလေးမှာ လူသိပ်မစုံဘူး။ သီတင်း ကျွတ်လပြည့်နေ့ဆိုရင်တော့ အား လုံးနီးပါး ကိုယ့်ရပ်ကိုယ်ရွာကိုပြန် လာပြီးတော့ လူကြီးမိဘတွေကို ကန်တော့လေ့ရှိတော့ လူစုံတယ်။အဲဒါကြောင့် ကျွန်တော့်ရဲ့ တစ်ကိုယ် တော်ဖျော်ဖြေပွဲကို သီတင်းကျွတ်လ ပြည့်နေ့မှာ လုပ်ဖို့အတွက် စီစဉ် လိုက်တာပါ''ဟု တေးသံရှင်လင်း လင်းက ပြောသည်။

လင်းလင်း၏ ဒုတိယအကြိမ် မြောက်တစ်ကိုယ်တော်ဖျော်ဖြေပွဲ တွင် အောင်မြင်ကျော်ကြားခဲ့သည် လင်းလင်း၏တေးသီချင်းအပုဒ်ရေ ၅ဝနီးပါးအား သီဆိုဖျော်ဖြေသွား မည်ဖြစ်ကြောင်း သိရသည်။

ဖျော်ဖြေပွဲတွင် ထူးခြားမှုအ နေဖြင့် ဖျော်ဖြေရေးစင်အား Unplugged ပုံစံ စင်နှစ်စင်ခွဲ၍ ဖျော် ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

''လက်မှတ်တွေကိုတော့ လကုန် ပိုင်းလောက်မှ စရောင်းပေးမှာပါ။ ဈေး နှုန်းလဲ မသတ်မှတ်ရသေးပါဘူး''ဟု ဆိုသည်။

တေးသံရှင်လင်းလင်းသည် ယခု အခါတွင် အမြို့မြို့အနယ်နယ်ရှိ ဂီတ ဝါသနာပါရှင်များအား ရွေးချယ်၍ ငွေကုန်ကြေးကျအကုန်အကျခံကာ တေးသီချင်းခွေများ ဖြန့်ချိပေးနိုင် ရန်အတွက်စီစဉ် ဆောင်ရွက်လျက်ရှိ နေကြောင်း သိရသည်။

NN

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

 
 

No comments:

Post a Comment