ဒီမိုကရေစီတူဒေးသတင်းအဖွဲ့
၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်မှစတင်၍ အစိုးရဝန်ထမ်းများ၏ မူရင်းခံစားနေရသော
လစာများ ထပ်မံတိုးမြှင့် ခံစားခွင့်ရရှိ တော့မည်ဖြစ်သည်။ အကြောင်းမှာ
နိုင်ငံ့ဝန် ထမ်းများအား ခေတ်နှင့်အညီ ထိုက်တန်သော လစာတိုးမြှင့်ပေးရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်ကို နိုဝင်ဘာ
၁၂ရက်ကကျင်းပသည့် ပြည်ထောင် စုလွှတ်တော်အစည်းအဝေး၌ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့ ပြီး ယင်းအဆိုအပေါ်
ပြည်ထောင်စုလွှတ်တော် မှ ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။
ထိုသို့လွှတ်တော်၏ အတည်ပြုချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း ဆောင်ရွက် သင့်သည့်ကိစ္စဖြစ်ကြောင်း လွှတ်တော်အတွင်း ပြောကြားခဲ့သည်။
ယင်းအဆိုနှင့်ပတ်သက်၍ ပြည်ထောင် စုအစိုးရက အကောင်ထည်ဖော်ခဲ့ပါလျှင် ၂ဝ၁၅-
၂ဝ၁၆ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ လ စာတိုးမြှင့်ရရှိမည်ဖြစ်ပြီး ထိုသို့လစာတိုးလာ သည်နှင့်တစ်ပြိုင်နက် အစိုးရအဆက်ဆက် လက်ထက်ကဲ့သို့ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်သည့်အပေါ်လည်း ပြည်သူများ မှ စိုးရိမ်လျက်ရှိသည်။
နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေး ခြင်းအား ၁၉၇၂ခုနှစ်မှ ယနေ့အချိန်ထိ ရှစ် ကြိမ်မြောက် တိုးမြှင့်ပေးခဲ့ပြီးဖြစ်သော်လည်း ခေတ်ကာလအလိုက် လောက်ငမှုမရှိခြင်းများ ကြောင့် ယခုတစ်ကြိမ် ပြင်ဆင်တိုးမြှင့်ပေးပါက လည်း ယခင်အကြိမ်များကဲ့သို့မဖြစ်စေဘဲ ထိုက်တန်စွာတိုးမြှင့်ပြင်ဆင်သင့်ပြီး ထိုသို့ထိုက် တန်စွာ တိုးမြှင့်ပေးမှသာ နိုင်ငံ့ဝန်ထမ်းများ ကိုယ်ကျင့်တရားကောင်းနိုင်ရေး၊ အလုပ်နှင့် မိမိတို့တာဝန်အပေါ် စေတနာထားဆောင်ရွက် နိုင်ရေး ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးဇော်မြင့်ဖေမှ လွှတ် တော်တွင်း ပြောကြားခဲ့သည်။
စီးပွားရေးပညာရှင်ဦးလှမောင်က
'' ဝန် ထမ်းတွေ လစာတိုးပေးတိုင်း ကုန်ဈေးနှုန်း တက်ခဲ့တယ်။
ကုန်ဈေးနှုန်းတက်အောင် ဝန် ထမ်းတွေ လစာတိုးပေးနေတယ်လို့ အများက တောင်
မြင်လာတယ်။ ကုန်ဈေးနှုန်းတက်လာ လို့ လစာနဲ့မလောက်တဲ့အတွက် လစာတိုးပေး တယ်။
လစာတိုးပေးတိုင်း ကုန်ဈေးနှုန်းတက် လာတဲ့ သံသရာကြီးဖြစ်နေတယ်၊ တခြားနည်း
လမ်း မရှာသင့်ဘူးလား''ဟု ပြောသည်။
ဝန်ထမ်းများလစာတိုးလာပါက
ကုန်ဈေး နှုန်းမတက်ရန် ထိန်းချုပ်၍ မဖြစ်နိုင်သော်လည်း ကုန်ဈေးနှုန်း
အဆမတန် မတက်ရန် လိုအပ် ကြောင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူး
သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏
အကြံပေး ဒေါက်တာမောင်အောင်က ''အစိုးရဝန်ထမ်း တွေ လစာတက်လာရင်
ပုဂ္ဂလိကပိုင်းမှာလဲ လစာတိုးလာနိုင်တယ်။ လက်ရှိတိုးတက်နေတဲ့
ပြည်တွင်းစီးပွားရေးအခြေအနေနဲ့ဆိုရင် လူ နေမှုစရိတ်ကလဲ အနည်းနဲ့အများတော့ မြင့် လာမှာပဲ။ အဆမတန် မတက်ဖို့လိုတယ်''ဟု မှတ်ချက်ပေးသည်။
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၏
အဓိက အ ကြောင်းအရင်းမှာ ဈေးကွက်တွင် ရောင်းလို အား၊
ဝယ်လိုအားအပေါ်အခြေခံပြီး ရောင်း လိုအားများ၍ ဝယ်လိုအားနည်းပါက ဈေးကျ
မည်ဖြစ်ကာ ဝယ်လိုအားများပြီး ရောင်းလို အားနည်းပါက ဈေးတက်မည်ဖြစ်ကြောင်း၊
လစာတိုးခြင်းနှင့် ကုန်ဈေးနှုန်း တိုက်ရိုက်အ ချိုးမကျကြောင်း၊ လူအများမှာ
ငွေကြေးဖောင်း ပွမှုကိုမြင်သည့် အတွက် လစာတိုးပါက ငွေ တန်ဖိုးလျော့ကျမည်၊
ငွေကြေးဖောင်းပွလာ၍ ကုန်ပစ္စည်းဈေးတက်မည်ဆိုသည့်
Mind Set များအား ဖျောက်ပစ်ရမည်ဖြစ်ကြောင်း၊ လစာ တိုးသည်မှာလည်း
နိုင်ငံတော်၏ပေါ်လစီအရ အစိုးရဘတ်ဂျက်မှ ထုတ်နုတ်ပေးခြင်းဖြစ်ပြီး
ငွေကြေးဈေးကွက်နှင့် တိုက်ရိုက်မသက်ဆိုင် ကြောင်း စီးပွားရေးလုပ်ငန်းရှင်
ဦးသိန်းနိုင်က ယင်းအမြင်ကို ပြောသည်။
လက်ရှိတိုင်းပြည်၏စီးပွားရေးအခြေအ နေမှာ ဒေါ်လာဈေးတက်ရိပ်များပြနေပြီး တစ် ဖက်တွင်လည်း ပြည်တွင်း၌ မိုးများသည့်အ တွက် အခြေခံစားသောက်ကုန်ဖြစ်သည့်
စပါး များ ရေမြုပ်ခြင်းကြောင့် ဆန်ဈေးနှုန်းများအ ပြင်
အထွေထွေစားသောက်ကုန်များ ဈေးနှုန်း တက်လျက်ရှိပြီး ယခုကဲ့သို့
လာမည့်ဘတ်ဂျက် နှစ်၌ နိုင်ငံ့ဝန်ထမ်း လစာတိုးမြှင့်ခြင်းကြောင့်
ကုန်စည်ဈေးနှုန်း မြင့်တက်လာမည့်အရေးကို ရင်ဆိုင်နိုင်ရန် လစာ
မည်သည့်ပုံစံဖြင့် တိုး မြှင့်ပေးမည်ဆိုသည်ကို ပြည်သူများအကြား
စိတ်ဝင်စားလျက်ရှိနေသည်။
၂ဝဝ၅ခုနှစ်က ဝန်ထမ်းတစ်ဦး၏လစာ ကို
ငါးသောင်းခန့် တိုးမြှင့်ပေးပြီးနောက် ဓာတ် ဆီတစ်ဂါလန်ကို ကျပ် ၁၈ဝမှ ကျပ်
၁၅ဝဝသို့ တိုးမြှင့်လိုက်ကာ အဆပေါင်း ၈ဒသမ ၃ဆ လောက်
ဈေးမြှင့်လိုက်ကြောင်း၊ ထိုအချိန်က အစိုးရမှ တစ်လလျှင် ဓာတ်ဆီဂါလန် တစ်
သန်းရောင်းရပြီး ကျပ်သန်း ၁၃၂ဝ ပိုရသော် လည်း ဝန်ထမ်းအင်အားနှင့်
လစာပျမ်းမျှတိုး ခြင်းဖြင့် မလောက်ငခဲ့ကြောင်း၊ ဝန်ထမ်းလစာ တိုးရန်အတွက်
ဓာတ်ဆီဈေးနှုန်းအား ၈ဒသမ ၃ဆ၊ လျှပ်စစ်မီတာခ ၁ဝဆမြင့်တက်ခဲ့ကြောင်း၊
ဓာတ်ဆီဆိုသည်မှာ ပြည်တွင်းကုန်စည်သယ် ယူပို့ဆောင်ရေးအတွက်
မရှိမဖြစ်လိုအပ်ချက် ဖြစ်ကာ လျှပ်စစ်စွမ်းအားဆိုသည်မှာလည်း
ကုန်စည်ထုတ်လုပ်ရေးအတွက် မရှိမဖြစ်သုံး ကုန်များဖြစ်၍
ထိုသို့ကုန်ပစ္စည်းများ ဈေးနှုန်း တက်လာကာ ဖြေရှင်းခဲ့သည့် အတွက် ယခု
တစ်ကြိမ်လစာတိုးပေးမည်ဆိုသည်မှာ မည်သည့် ငွေနှင့် တိုးပေးမည်နည်းဟုလည်း ဦးလှမောင် က ထောက်ပြပြောကြားခဲ့သည်။
ယင်းက ''လစာတွေတိုးပေးလိုက်၊ ဒေါ် လာဈေးတွေ ဆွဲတင်လိုက်လုပ်ရင်တော့ ကုန် ဈေးနှုန်းတက်လာမှာပဲ''ဟု မှတ်ချက်ပေးသည်။
ဒေါ်လာဈေးတက်သည့်အတွက် နိုင်ငံ သို့တင်သွင်းလာသည့် ကုန်စည်များ ဈေးနှုန်း
မြင့်တက်ခဲ့ကြောင်း၊ ဆန်ဈေးနှုန်းတက်၍ ထို ကဲ့သို့
နေ့စဉ်မဖြစ်မနေသုံးစွဲရသည့်
ကုန်ပစ္စည်း များ ဈေးမြင့်တက်နေမှုကို မည်သို့ဖြေရှင်းမလဲ ဆိုသည်ကို
အသေးစိတ်ပြင်ဆင်ကာ အကောင် အထည်ဖော်ဆောင်ရွက်ရန် လွှတ်တော်တွင်
ဆောင်ရွက်သင့်ကြောင်း၊ ထို့အပြင် လစဉ်ချီး မြှင့်နေသည့် လစာကိစ္စများကို
မည်သို့ဆောင် ရွက်မည်နည်း ဆိုသည်ကို တာဝန်ယူဆောင် ရွက်နေသည့်ပုဂ္ဂိုလ်များမှ
ယင်းတို့၏ စီမံမှု တွေကို လွှတ်တော်ကို တင်ပြမှရမည်ဖြစ် ကြောင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်က ''ဦးနေဝင်းအစိုးရလက်ထက် ၁၉၅၈ ခုနှစ်၊ ၁၉၅၉ခုနှစ်တွေတုန်းကလဲ လွှတ်တော် အမတ်တွေကို လစာချီးမြှင့်ငွေတိုးပေးတာတွေ
ရှိခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ရွှေတစ်ကျပ် သားကို ငွေကျပ်
၂ဝဝဖြစ်နေတဲ့အချိန် အမတ် တစ်ယောက်ရဲ့လစာက ငွေကျပ် ၂၅ဝရှိတယ်။ ဒါကို
အမတ်တစ်ယောက်ရဲ့လစာကို ငွေကျပ် ၅ဝဝ သတ်မှတ်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်း က
ဘာသတ်မှတ်ချက်တစ်ခု ရှိလဲဆိုတော့ တိုး မြှင့်လိုက်တဲ့လစာကို လက်ရှိအမတ်တွေက
ခံစားခွင့်မရှိဘဲ ၁၉၆ဝမှာဖြစ်လာမယ့် အမတ် တွေကမှ ခံစားခွင့်ရမယ်ဆိုတဲ့
စည်းမျဉ်းစည်း ကမ်းလို့ပြောလို့ရတဲ့ သတ်မှတ်ချက်တစ်ခုရှိ တယ်ပေါ့''ဟု
ဆိုသည်။
လစာတိုးလိုက်ခြင်း၏နောက်ကွယ်မှ
ပါ လာမည့် နောက်ဆက်တွဲဂယက်များကို သေချာ ပြင်ဆင်မှုမရှိပါက
ဝန်ထမ်းများနှင့် ပြည်သူ များပါ ဒုက္ခခံရမည်ဖြစ်ကြောင်း၊ ဒီအပြင် ယခု
တိုးမြှင့်ပေးမည့်လစာငွေမှာ
ပြည်သူ့ဘဏ္ဍာ များမှ ခွဲဝေပေးရမည်ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊
လူမှုကယ်ဆယ်ရေးနှင့် ဝန်ကြီးဌာန အသီးသီး၏ သုံးစွဲနေသည့် ဘတ်ဂျက်များ
လျော့လာမည်ဖြစ်၍ အဆိုပါအချက်များကို ထောက်ရှုခြင်းမရှိပါက ဒုက္ခရောက်မည်ဖြစ်
ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက သုံးသပ်ပြောသည်။
ယခင်အစိုးရအဆက်ဆက်လက်ထက် များကတည်းက လစာတိုးခြင်းများကြောင့် ဖြစ်
ပေါ်လာသည့် ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း ကို ထိန်းချုပ်နိုင်ရန်
နည်းလမ်းကောင်းဟူ၍မှန်ကန်စွာချမှတ်နိုင်ခဲ့ခြင်းမရှိဘဲ ယခုအစိုးရ သစ်လက်ထက်အထိပါ ထိုသို့ဖြေရှင်းရန်နည်း လမ်းမှာ ဝေးကွာနေဆဲပင်ဖြစ်သည်။
ရောင်းလိုအား၊ ဝယ်လိုအားအပေါ် အ ခြေခံနေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို
ထိန်း ချုပ်နိုင်ရန်အတွက် အစိုးရပိုင်းက အခြေခံစား သောက်ကုန်များကို
ပြည်တွင်းလုပ်ငန်းရှင်များ ပိုမိုတင်သွင်းနိုင်ရန်၊ ပြည်တွင်းစိုက်ပျိုး
မွေး မြူထုတ်လုပ်မှုကို ယခုထက်ပိုမိုဆောင်ရွက် ပေးရန်လိုအပ်ကြောင်း
ပြည်တွင်းလုပ်ငန်း ရှင်များက ဆိုသည်။
စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုး ထွန်းက ''ကုန်ဈေးနှုန်းမတက်စေချင်ရင် အစိုး ရပိုင်းက လိုအပ်တဲ့ကုန်စည်တွေကို များများ သွင်းနိုင်အောင် လုပ်ပေးရမယ်''ဟု ဆိုသည်။
အခြေခံစားသောက်ကုန်များအနေဖြင့် ကုန်စည်ထွက်ရှိသည့်အချိန်ကာလနှင့် ထုတ် လုပ်နိုင်သည့်ပမာဏပေါ်မူတည်ကာ ဈေး ကွက်အတွင်း ပြောင်းလဲနေပြီး ရာသီဥတု အခြေအနေကြောင့်လည်း ဈေးနှုန်းအတက် အကျ၊ အပြောင်းအလဲများဖြစ်ပေါ်နိုင်သည် ဟု ပြည်တွင်းလုပ်ငန်းရှင်များထံမှ သိရသည်။
ဘုရင့်နောင်ပွဲရုံကုန်သည်တစ်ဦးက
''ဆန်ဈေးဆိုရင် စပါးပေါ်ချိန်မှာ ဈေးကျ မယ်။ တဖြည်းဖြည်းနဲ့
ဈေးကွက်လိုအပ်ချက် ပေါ် မူတည်ပြီး ဈေးက ပြန်မြင့်လာတယ်။ မိုးကြီးလို့
စပါးရေမြုပ်တာတွေ အရမ်းများတဲ့ နှစ်ဆိုရင် ပြည်တွင်းမှာ ဆန်ဈေးက ပိုမြင့်
တာပဲ''ဟု ဆိုသည်။
ယင်းအပြင် ပြည်ပမှအဓိကတင်သွင်း နေရသည့်
စားသုံးဆီကဲ့သို့သော ကုန်စည် များ၏ ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်
တွင်းစားသုံးဆီသိုလှောင်မှုများကို ဆောင် ရွက်ထားခြင်းဖြင့် စားသုံးဆီဈေးနှုန်းကိုတည်ငြိမ် စေနိုင်ကြောင်း ယင်းလုပ်ငန်းရှင်များက ဆိုသည်။
ဧရာဝတီမြေပဲဆီလုပ်ငန်းမှ ဦးခင်စိုးက ''ပြည်တွင်းစားသုံးဆီဈေးကွက်ကို
တည်ငြိမ်စေ ချင်တယ်ဆိုရင်တော့ စားသုံးဆီကို သိုလှောင် ထားနိုင်ဖို့
လိုတယ်။ တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့ ပြည်ပက တစ်လကို တန်ချိန်သုံးသောင်း
ခွဲ၊ လေးသောင်းလောက် တင်သွင်းနေရတယ်၊ တစ်လသွင်းလိုက် စားလိုက်ဖြစ်နေရင်တော့
ဈေးနှုန်းလဲ တည်ငြိမ်နေတယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူး။ အခုလို
ဈေးနှုန်းရုတ် တရက် အပြောင်းအလဲမှာဆိုရင်တော့ ဈေး ကွက်ကို ထိခိုက်မှာပဲ။
အဲဒီအတွက် စားသုံး ဆီကို အနည်းဆုံး သုံးလကနေ တစ်နှစ်စာအ တွက်
သိုလှောင်ထားနိုင်ဖို့ လိုတယ်။ အဲဒီလို ဆိုရင် ရင်းနှီးမြှုပ်နှံဖို့
ငွေကြေးအရင်းအနှီးနဲ့ သိုလှောင်ကန်တွေလိုတယ်''ဟု ဆိုသည်။
ငွေကြေးအရင်းအနှီးအတွက် ချေးငွေဖြင့် ဆောင်ရွက်နိုင်သော်လည်း
သိုလှောင်နိုင်သည့် သိုလှောင်ကန်အတွက် မြေနေရာလိုအပ်ချက်
များရရှိနိုင်ရန်အတွက် အစိုးရပိုင်းမှဦးစီးကာ အကောင်အထည်ဖော်ပေးရမည်ဖြစ်သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်
ရေးအဖွဲ့လက်ထက်၌ ကုန်စည်စီးဆင်းမှုမှန် ကန်မြန်ဆန်ရေးနှင့်
ကုန်ဈေးနှုန်းတည်ငြိမ်ကျ ဆင်းရေးအဖွဲ့များ ဖွဲ့စည်းခဲ့သည်ဟု ကြားသိခဲ့
ရပြီး ဝန်ထမ်းများ လစာတိုးမြှင့်လိုက်တိုင်း အ ဆိုပါအဖွဲ့မှ
ကုန်ဈေးနှုန်းတည်ငြိမ်ရန်၊ ထိန်းချုပ် ရန်ကြိုးစားခဲ့ကြကာ
ပီပြင်အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်ကို မတွေ့ခဲ့ရကြောင်း
စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ ဆိုသည်။
လစာတိုးခြင်းကြောင့် ကုန်ဈေးနှုန်း ကြီး မြင့်လာခြင်းအပေါ်
လုပ်ငန်းရှင်များမှ ဈေးဆွဲ တင်ခြင်းများကို ထိန်းညှိပေးရန်လိုပြီး ဒေါ်လာ
ဈေးတက်၍ သွင်းကုန်ပစ္စည်းများ ဈေးတက် လာသော်လည်း ဒေါ်လာဈေးတက်ခြင်းကို
ဗဟိုဘဏ်မှ ထိန်းညှိပေးခဲ့ကြောင်း၊ ၄င်းကဲ့သို့ ပင် လစာတိုးမြင့်လာ၍
ကုန်စည်ဈေးတက်ခြင်း မျိုးမဖြစ်စေရန် မည်သို့ထိန်းညှိမည်ကို ယခု ကတည်းက
ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ ထိုသို့ထိန်းချုပ်ရန် သက်ဆိုင်သည့် ကော်မတီ များဖွဲ့ပြီး ထိန်းချုပ်မှရမည်ဖြစ်ကြောင်း စီး ပွားရေးကျွမ်းကျင်ပညာရှင်တချို့နှင့် စီးပွား ရေးလုပ်ငန်းရှင်တချို့မှ တူညီစွာပြောသည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက
''အဲဒီ အဖွဲ့မှာ ပညာရှင်တွေလဲပါရမယ်။ အဖွဲ့ရဲ့ ဦးဆောင်သူဟာ
စီးပွားရေးဈေးကွက်ကျွမ်း ကျင်သူဖြစ်ရမယ်။ ဖြစ်နိုင်ရင် အဖွဲ့ဝင်အားလုံး
ဒါမှမဟုတ် အများစုဟာ ဈေးကွက်ကျွမ်းကျင် သူတွေ ဖြစ်ရမယ်။ ပြောချင်တာကတော့ အ
စိုးရတစ်ခုတည်းကမဟုတ်ဘဲ စီးပွားရေးပညာ ရှင်တွေ၊ လုပ်ငန်းရှင်နဲ့
အစိုးရအဖွဲ့တွေပူးပေါင်း ပြီး ဖွဲ့စည်းမှ သဘာဝကျမယ်လို့ထင်တယ်။
အစိုးရပိုင်းက တာဝန်ရှိသူတွေကလဲ ထိန်းညှိ နိုင်မယ်။ အဲဒါမှ
အဆင်ပြေမယ်လို့ထင်တယ်။ တစ်ဖက်တည်းက အမြင်နဲ့ဆိုရင်တော့ လိုအပ်
ချက်တွေရှိနိုင်တယ်။ ဘက်စုံရဲ့အမြင်နဲ့မှ အ ဆင်ပြေနိုင်မယ်လို့ ထင်တယ်''ဟု
သုံးသပ် ပြောဆိုသည်။
ဆိုရှယ်လစ်ခေတ်တွင် ရုံးအကူတစ်ဦး၏
လစာမှာ ၈၂ကျပ်၊ အောက်တန်းစာရေးတစ်ဦး လစာမှာ ၁၂၆ကျပ်၊ အထက်တန်းစာရေးတစ်ဦး
လစာမှာ ကျပ် ၁၈ဝ၊ ဘီစီအဆင့်က ကျပ် ၂ဝဝ ရသော်လည်း တော်လှန်ရေးကောင်စီ
လက်ထက်၌ လူတစ်ဦး၏ အခြေခံလစာမှာ ၃ ကျပ် ၁၅ ပြား၊ ၁၉၈၁ ခုနှစ်တွင် လစာမှာ
၆ကျပ်နှင့် ပြား ၅ဝအဖြစ် နှစ်ဆမြှင့်လိုက်ပြီး မဆလခေတ်တွင် ဆန်တစ်ပြည်မှာ
ပြင်ပ၌ နှစ်ကျပ်နှင့် အစိုးရဈေး ၇၅ပြားနှင့် ၉၅ပြား ကြားတွင်ရှိကြောင်း၊
ယခုအချိန်တွင် ဆန်တစ် ပြည်ဈေးနှုန်းမှာ အနိမ့်ဆုံးကျပ် ၁ဝဝဝမှ ၁၆ဝဝ
ကြားအတွင်းရှိလာ၍ ကုန်ဈေးနှုန်းကျ ဆင်းရေးအဖွဲ့များဖွဲ့ရာတွင် မည်သည့်ပညာ ရှင်များ ပါဝင်ဖွဲ့စည်းသည်ဖြစ်စေ မည်သို့မျှ ထူးလာဦးမည်မဟုတ်ကြောင်းလည်း စီးပွား ရေးပညာရှင်တချို့မှ သုံးသပ်ကြသည်။
ဒေါက်တာမောင်အောင်က ''လေ့လာ တွက်ချက်မှုတွေ အများကြီးလုပ်ဖို့တော့ လို
အပ်တာပေါ့။ တိုးပေးတဲ့လစာအနေအထား ကလဲ အစိုးရကပေးတဲ့အခြေအနေ ဖြစ်ဖို့လို
တယ်။ အစိုးရရဲ့ဘတ်ဂျက်အနေအထားနဲ့ထိန်းညှိဖို့လိုတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ဂျီဒီပီ နဲ့ အခွန်ကို အချိုးချရင်
ခြောက်ရာခိုင်နှုန်းပဲ ရှိသေးတယ်။ ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင်
အရမ်းနည်းနေတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေ အခွန်ထမ်းပိုင်းမှာ အဆင်ပြေလာအောင် အ
ခွန်ကောက်ခံတဲ့စနစ်ကို ပိုကောင်းအောင် လုပ်ဖို့လိုတယ်။ အခုဖြစ်နေတဲ့
စီးပွားရေးတိုး တက်မှုနဲ့ အခွန်ကရတဲ့ တိုင်းပြည်ဝင်ငွေများ လာမယ်ဆိုရင်၊
ဈေးနှုန်းမကြီးမြင့်ဘူးဆိုရင် ဘာမှပြဿနာမရှိဘူး။ ဈေးနှုန်း အရမ်းကြီး မတက်ဖို့တော့ လိုတာပေါ့''ဟု သုံးသပ်သည်။
၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ ဝန်ထမ်းများ လစာတိုးမြှင့်ခံစားခွင့်
ရလာမည် ဟူသော သတင်းအချက်အလက်နှင့်အတူ ထိုကာလမှာ ၂ဝ၁၅ခုနှစ် အထွေထွေရွေး
ကောက်ပွဲကာလနှင့် တိုက်ဆိုင်နေ၍ နိုင်ငံရေး အသုံးချလိုသူများ၊
လက်ရှိသွားနေသည့် ဒီမို ကရေစီဖြစ်စဉ်အပေါ် ထိခိုက်စေရန် သွေး
ထိုးလှုံ့ဆော်လိုသူများ၏ စိတ်ကြိုက်အနေအ ထားတစ်ရပ်ဖြစ်လာမည် ကိုလည်း
တာဝန်ရှိ သူများမှ သတိပြုရန်လိုအပ်ပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက်
များစွာအရေးကြီး သည့်အဆိုပါကာလတွင် နိုင်ငံရေးရှုပ်ထွေးမှု များမဖြစ်လာစေရန်
နိုင်ငံရေးအသိုင်းအဝိုင်းမှ သတိပေးပြောကြားလျက်ရှိသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်က ''၂ဝ၁၅ရွေးကောက်ပွဲမှာ ဘယ်လိုအ ပြောင်းအလဲဖြစ်မလဲဆိုတာတော့
ပြည်သူ လူထုကပဲ ဆုံးဖြတ်မှာပေါ့။ လစာတိုးမြှင့်ဖို့
အဆိုတင်သွင်းတဲ့ပါတီကိုပဲ မဲပေးမလား၊ တိုင်း ပြည်အတွက် အပြောင်းအလဲကို
တကယ်လုပ် ဆောင်မယ့်သူကိုပဲ မဲပေးမလားဆိုတာကိုပေါ့။ လစာတွေ
တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း မတက်
အောင် ဘယ်လိုလုပ်မလဲဆိုတာကို လစာတိုး ပေးဖို့ အဆိုတင်သွင်းတဲ့သူတွေက
သူတို့မှာ ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ
ဆိုတဲ့ နည်းလမ်းတွေရှိပါတယ်။ လွှတ်တော်ထဲ မှာဆွေးနွေးပြီး
နည်းဥပဒေပြဋ္ဌာန်းတာတို့၊ အဖွဲ့အစည်းတွေဖွဲ့ပြီး ထိန်းချုပ်တာတို့ လုပ်
ရမှာပေါ့''ဟု ဆိုသည်။
ဦးခင်မောင်ဆွေကလည်း ''ဒီကိစ္စတွေကို ဖြေရှင်းဖို့ အစိုးရပိုင်းကလုပ်နိုင်အောင် ဝန် ကြီးဌာနအသီးသီးက ကိုယ့်ဌာနအနေနဲ့ ဘတ် ဂျက်ဘယ်လိုရအောင်ရှာဖို့ရှိသလဲ
ဆိုတာကို လွှတ်တော်ကိုတင်ပြပြီး ဥပဒေပြဋ္ဌာန်းဖို့လို တယ်။
နည်းဥပဒေတွေကိုတော့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ရေးဆွဲသင့်တယ်။ နောက်
အခွန်ကောက်ဖို့အတွက်က ဝန်ထမ်းတွေပဲ လုပ်ရမှာလေ။ ဒါတွေနဲ့ပတ်သက်ပြီး လူထု
တွေကို ဘယ်လိုအခွန်နှုန်းထားတွေနဲ့ကောက် မလဲဆိုတာကို နယ်တွေအထိ ကွင်းဆင်းပြီး လူထုပညာပေးသဘောမျိုးလေးလဲ လုပ်ပေး ရင်တော့ ပိုကောင်းတာပေါ့''ဟုသုံးသပ်သည်။
ယခုလာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန် ထမ်းများ လစာတိုးမြင့်
ရရှိတော့မည်ဖြစ်ရာ လစာတိုးခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ အလေ့
အထတစ်ခုကဲ့သို့ဖြစ်နေသည့် ကုန်ဈေးနှုန်းကြီး မြင့်ရေးမဖြစ်ပေါ်ရေးကို
ချိန်ညှိနိုင်ရန်လိုအပ်မည် ဖြစ်သည်။ ဝန်ထမ်းများအား လစာတိုးရာတွင် လည်း
အဆိုပါလစာနှင့် ပြင်ပတွင် ဖြစ်ပေါ် နေသည့် နေထိုင်မှုစရိတ်၊ စားသောက်မှုစရိတ်
အပါအဝင် အထွေထွေကုန်ကျစရိတ်များကို ထိန်းညှိနိုင်ရန်လည်း လိုအပ်သည်။
ထိုသို့ ချိန်ညှိနိုင်ခြင်းမရှိပါက ယခုအစိုးရသစ်လက် ထက်ဖော်ဆောင်နေသည့်
ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းစဉ်အပေါ် များစွာထိ ခိုက်စေသလို စားဝတ်နေရေးကျပ်တည်းမှုကို အကြောင်းပြုကာ နိုင်ငံရေးအမြတ်ထုတ်လိုသူ များ၏ စိတ်ကြိုက်ပုံဖော်နိုင်မည့်အနေအထား သို့ ရောက်သွားစေမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးခြင်းမှာ မင်္ဂလာရှိသော အပြောင်းအလဲ ဖြစ်သော်လည်း ဝန်ထမ်းများလစာတိုးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို
ဟန့်တားနိုင်မှသာ နိုင်ငံတော်မှ ဖော်ဆောင်နေ သည့် သန့်ရှင်းသောအစိုးရ၊
ကောင်းမွန်သော အုပ်ချုပ်ရေးအဖြစ် အကောင်အထည်ဖော်ရာ တွင် ဝန်ထမ်းများ၏
အကျင့်ပျက်ခြစားမှုများကို ထိထိရောက်ရောက်ဟန့်တားနိုင်မည်ဖြစ်သည်။
ဤနေ့တွင် အဓိကစဉ်းစားရမည့်အချက် မှာ ယနေ့ကာလကုန်ဈေးနှုန်း
ကြီးမြင့်လာခြင်း နှင့်ပတ်သက်သည့် အရေးကိစ္စဖြစ်သည်။ ကုန်ဈေးနှုန်း
တရိပ်ရိပ်ကြီးမြင့်နေခြင်းသည်
လစာတိုးကာလတွင်မှမဟုတ်။ မြန်မာငွေကြေး တန်ဖိုး လျော့နည်းကျဆင်းလာသောကာလ
(အမေရိကန်ဒေါ်လာဈေး မြင့်တက်လာသော ကာလ)၊ ပြည်တွင်းပဋိပက္ခရှိသောကာလ၊
သဘာဝဘေးဒဏ်ကြောင့် စားနပ်ရိက္ခာနည်း ပါးလာသောကာလ စသည်ဖြင့် အခြေအနေ
အချိန်အခါပေါ်လိုက်၍ ကုန်ဈေးနှုန်းများက လည်း လိုက်ပါကြီးမြင့်လာလေ့ရှိသည်။ ထို့ ပြင် ထိုအခြေအနေများကို စောင့်မျှော်နေ သော ဝိသမစီးပွားရေးသမားများ၏ ကိုယ်ကျိုး ကြည့်မှုကြောင့်လည်း ပါဝင်သည်။
အချုပ်ဆိုရသော် ကုန်ဈေးနှုန်းကြီးမြင့်မှု သည် လစာတိုးမြင့်ခြင်းကြောင့်
တစ်ခုတည်း မဟုတ်ဘဲ တခြားသောအချက်များပေါ်တွင် လည်း တည်မှီနေလျက်ရှိသည်။
သို့သော် မည်သည့်အခြေအနေ၊ မည်သည့်ကာလတွင် ဖြစ်စေ ဝယ်လိုအားနှင့်
ရောင်းလိုအားပေါ် တွင်လည်း အခြေခံလျက်ရှိရာ ကုန်ပစ္စည်းများ
ရောင်းလိုအားများနေလျှင် (ကုန်ပစ္စည်းများ လိုသည်ထက်ပိုနေလျှင်)
ကုန်ဈေးနှုန်းကြီးမြင့် မှုမရှိနိုင်သည်မှာ အသေအချာဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေအချိန် အခါ၌ ဝန်ထမ်းများ လစာနှုန်း
တိုးမြင့်လာပါ က ကုန်ဈေးနှုန်းများ မကြီးမြင့်ရန် ထိန်းချုပ် နိုင်ရေး
ပြင်ဆင်ထားရမည်ကား ယနေ့ကာလ တွင် မလွဲမုချ လုပ်ဆောင်ထားရမည့် အရေး
ကြီးလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။
#Democracytoday
No comments:
Post a Comment