လမ်းခင်းကျောက်တွေ အပြည့် တင်ဆောင်ထားတဲ့ ကားပြာ/၀ါကြီးတွေ
ကျွန်တော်တို့ရှေ့ ကျွန်တော်တို့ မြို့လေးကနေ တစ်စီးပြီးတစ်စီး ဖြတ်သန်း
သွားတိုင်း တို့ဒေသ၊ မြို့နယ်၊ တို့ကျေးလက်လမ်းတွေ အတွက်လား ဆိုတဲ့
အတွေးတွေ၊ အားကျတဲ့ စိတ်တွေနဲ့ ပီတိဖြစ်ပြီး ကျန်ရစ်ခဲ့ကြပါသည်။
လမ်းခင်းကျောက်တွေနဲ့ ကားပြာ/၀ါကြီးေ တွ ငေးကြည့်ရင်းဖြင့် ကျွန်တော်တို့
နိုင်ငံသည် နိုင်ငံတကာ မဟုတ်တောင် အိမ်နီးချင်း နိုင်ငံနဲ့ ယှဉ်လိုက်ရင်
အတော့်ကို တိုးတက်လာပြီ။ ရင်ပေါင်တန်းနိုင်ပြီ ဆိုပြီး ရင်ထဲမှာကျေလည်း
ကျေနပ်တယ်။ ပျော် လည်း ပျော်ခဲ့မိတယ်။ ထင်မထားသော သတိမပြုမိတဲ့ အရာလေးတစ်ခု
ရှိပါသည်။ အဲဒါကတော့ ကားပြာ/၀ါကြီးေ တွ ကျောက်တွေ အပြည့်တင်ပြီး
သွားလိုက်၊ ပြန်လိုက် နေ့စဉ် အသုံးပြုခဲ့သော လမ်းသည် ယခင် တရုတ်ဓာတ်ငွေ့
ပိုက်လိုင်း သွယ်တန်းရန် ၁၂ဘီးကားကြီးတွေနဲ့ ပိုက်လုံးတွေ အပြည့်တင်ပြီး
နေ့စဉ် ဖြတ် သန်း မောင်းနှင် သွားခဲ့သော စကုမန်းကျင်းလမ်းသည် ယခုပဲကတ္တရာ
ခင်းပေးတော့မလိုလို လုပ်ငန်းကြီးသာ ပြီးသွားပြီး မြန် မာပြည်က ဓာတ်ငွေ့တွေ
တရုတ်ပြည်ကိုသာ ရောက်သွားတယ်။ စကု မန်းကျင်း လမ်းလေးကို မြေနီလေးတောင်
ခင်းပေး မသွားရှာတော့ဘဲ ချိုင့်ခွက်တွေနှင့် စုတ်ပြတ်ပြီး ကျန်ရစ်ခဲ့ပါသည်။
မြို့ကြီးပြကြီးတွေမှာ ကားလမ်းတွေ ကောင်းသထက် ကောင်းအောင် လုပ်နေတာတွေ
မြင်ရတွေ့ရ ကျေနပ် အားရ၀မ်းသာမိပါသည်။ ဒါပေမဲ့ လမ်းတွေပြင်ပြီး
တစ်နှစ်လောက်တောင် မခံပါဘူး တွေ့ရ မြင်ရပါများတော့ လမ်းဖောက်၊ လမ်းပြင်ပုံ
နည်းစနစ် မမှန်ကန်မှုတွေ ငွေကြေးသုံးစွဲမှု နည်းနိုင်သမျှ နည်းအောင်
လုပ်ဆောင် မှု တွေသည် မိုးတွင်း မိုးရေနှင့်အတူ မျောပါသွားတော့သည်။
ကျောက်တွေခင်းသော လမ်းတစ်ခုတွင် သတ်မှတ် အရွယ်အစား သတ်မှတ်အတိုင်းအတာ
ထုထည်အဆင့် ရောက်အောင် မခင်းကြတော့ ဘူး။ မြေပြင်အခြေအနေ
လက်ရှိလမ်းရဲ့အနေအထား ကိုကြည့်ပြီး ခင်းရတာလည်း နားလည်ပေးပါ သည်။
ကျောက်ဖိုးငွေ ကုန်ကျမှု နည်းအောင် လုပ်ဆောင်ခြင်းလား၊ လမ်းသားအပေါ် ကတ္တရာ
ဆက်လွှာလောင်းရာ မှာ ကျောက်သားထဲ တစ်လက်မခွဲထုရှိ ကတ္တရာဝင်ရောက်မှုရှိမှသာ
စံချိန်စံညွှန်းမီမယ် ထင်ပါသည်။ အရင်ခေတ် ဘတ်ဂျက်ချ ထားပေးမှုသည် မလောက်မင
အဖြတ်အတောက်ကများ ကျန်တဲ့ ငွေလေးဖြင့် အဆင်ပြေအောင် လုပ်ကြရသည်။ လမ်း၊
တံတား ဆောက်ဆဲ ကာလတွင် စံချိန်စံညွှန်းမီ၊ မမီလာရောက် စစ်ဆေးတဲ့
အဖွဲ့တွေလည်း မရှိ မိမိ တာဝန်ယူအပ်သော လမ်း၊ တံတားခင်းပြီး ဘယ်ကာလ
ဘယ်အတိုင်းအတာထိ အာမခံပေးနိုင်၏ဆိုတဲ့ လုပ်ငန်း အရည်အသွေး ထိန်းကျောင်းမှု
နည်းစနစ်တွေ မရှိခြင်းသည် ပြီးရင်ပြီးရောဆိုပြီး လုပ်သွားသလား ထင်ရသည်။
လမ်းကောင်းတစ်ခု၊ တံတားကောင်း တစ်ခု ဖြစ်သွားစေချင်တဲ့ ဆန္ဒတွေနှင့်
အရင်တုန်းက အတိုင်း ပြန်မဖြစ်ဖို့ ဆုတောင်းမိပါသည်။
မင်းဘူး၊
ငဖဲသွား ကားလမ်းတစ်ခုက ဇီးအိုင်ကျေးရွာအနီး ချောင်းရိုးလေး တစ်ခု ရှိလေသည်။
ရွှေစက်တော် ဘုရားပွဲ နီးပြီဆိုရင် တံတားတွေ ပြင်တော့သည်။ တံတားက
သစ်သားတံတား။ တံတားပြင်တာ သိတာဆို ၄ ကြိမ်ရှိပြီ။ အဲဒီလို မပြင်ရအောင်
ကွန်ကရစ် တံတားကြီး လုပ်ကြည့်ပါလားလို့ အကြံပေးမိ၍ တံတား တာဝန်ခံက ဟာ ..
ကိုယ့်လူကလည်း ကွန်ကရစ်တံတား ဆောက်လုပ်လိုက်ရင် ဒီလိုခဏခဏ
တံတားပြင်ဆင်စရိတ် တင်တောင်း၍ မရဘူးလေ။ အဲဒါက ၁၉၉၆ ခုနှစ်ကပါ။ ယခုတော့
၎င်းတံတားကြီး ကွန်ကရစ်တံတား ဖြစ်သွား ခဲ့ပါသည်။
၂၀၁၄ နှစ်ကုန်ခါနီးက
အထက်တန်းကျောင်းအနီး ခုနှစ်ဆူဘုရား အရှေ့ဘက်တွင် မြောင်းတစ်ခုရှိသည်။
၎င်းမြောင်းထဲက ရေကို မန်းချောင်းထဲကိုပို့ လွှဲပေးရသည်။ စေတီပုထိုး အခြေက
မြောင်းရှိနေတော့ ရေများရင် ကမ်းပါးပြို ရေတိုက်စားပြီး စေတီပုထိုးတွေ
ပြိုကျမှာစိုး၍ ထိန်းသိမ်းတဲ့ အနေဖြင့် မန်းချောင်းအစပ်တွင်မြေထိန်း နံရံ
အသေးစားတစ်ခု စည်ပင်မှ တာဝန်ယူ ဆောက်လုပ်ခဲ့သည်။ အသားတိုင်များ ရိုက်၍
အကွက် ချပြီး ကျောက်ကြီးေ တွ ချသွားသည်။ စည်ပင်ကြီးကြပ်နှင့်
မြို့အထောက်အကူပြု အဖွဲ့တွေ လုံးဝမသိလိုက်ရ လွှတ်တော် ကိုယ်စားလှယ်လည်း
မသိလိုက် မသိအောင် လုပ်သွားသလား ထင်ရသည်။
နည်းစနစ်မကျေ တာ့
ပြည်သူတွေ က ပြောကြသည်။ ၀န်ထမ်းဘ၀ဆိုတာ မိမိမိသားစု စားဝတ်နေရေးအတွက် ရုန်း
ကန်နေရတာ ထက် ပိုပြီး အလေး ထား ဆောင်ရွက်ရမည့် ကိစ္စရှိကြလေသည်။ မိမိနေရာ
တည်မြဲရေး (ဌာနကောင်း)အတွက် မိမိအထက်လူကြီး မှန်သမျှကို မငြိုငြင်အောင်၊
ကျေနပ်အောင် လုပ်ပေးရတာတွေ ရှိပါသည်။ အထက် လူကြီး ကျေနပ်အောင် လုပ်ပေး
ရသော၊ ခေါင်းစဉ်ဖော်ပြလို့ မဖြစ်သော ကိစ္စမျိုးတွေ ရှိနေဦး မည်။ ဖြစ်သင့်
ဖြစ်ထိုက်သော နားလည် ခွင့်လွှတ်လို့ရ သည့် ကိစ္စလုပ်ရပ် မှန်သမျှလေးတွေ
ရှိနေကြတယ် ဆိုတာကို ယနေ့ပြည်သူတွေက နားလည်ပေးထားကြပါသည်။
အရုပ်မဆိုးလွန်းရင် ပြည်သူတွေက ကျေနပ်ပြီးသား ခွင့်လွှတ်ပြီးသားပါ။
လူကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ဘယ်နှစ်မှာ ဘာလုပ်ပေးမှာ၊ ဘယ်လမ်းမှာ
ဘာလုပ်ပေးမယ်ဆို၍ တစ်မျိုး၊ လွှတ်တော်ကိုယ်စားလှယ်တွေ လာတော့လည်း
တင်ပြတောင်းဆိုရတာ အမောပါ။ လွှတ်တော် ကိုယ်စားလှယ် တွေလည်း
လွှတ်တော်ခေတ္တရပ်နားလည်း မြို့တွေ၊ ရွာတွေ၊ ရပ်ကွက်တွေဆင်း၍ ပြည်သူ့အသံ တွေ
နားထောင်ပြည်သူတွေရဲ့ အခက်အခဲတွေ ရှင်းနိုင်သမျှရှင်း၊ လုပ်ပေးနိုင်သမျှ
လုပ်ပေး၍ လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်မပေးနိုင်ရင်လည်း
ပြည်သူ့လွှတ်တော်သို့ တင်ပြ၊ အမျိုးသားလွှတ်တော်သို့ တင်ပြ လွှတ်တော်က
ခွင့်ပြုမိန့်ရ ကုမ္ပဏီကနောက်က လိုက်လာ တချို့ကုမ္ပဏီကဆို လွှတ်တော်
ကိုယ်စားလှယ် တွေ ကို ကျေးဇူးတင်နေကြသည်။ လွှတ်တော် ကိုယ်စားလှယ်တွေက
မေးခွန်းမေးတင်ပြ၊ တောင်းခံ နောက်က ကုမ္ပဏီတွေကရ သူများအတွက်၊ သူ့အတွက်ချန်
လွှတ်တော်ဥက္ကဋ္ဌကြီး ပြောသလို ပွဲခင်းထဲ ဆီးသီးဗန်းမှောက် မကျပါစေနဲ့၊
အကုန်လုံး မှောက်မကျဘဲ တစ်လုံးစ နှစ်လုံးစလေး ဗန်းပေါ်က လိမ့်ကျပါစေလို့
ပြည်သူတွေက အကြိမ်ကြိမ် ဆုတောင်း နေရတော့မည်။
ဒေသဆိုင်ရာ အာဏာပိုင်
အစိုးရ စည်ပင်သာယာအဖွဲ့များနှင့် စည်ပင်ကြီးကြပ်ရေး ကော်မတီ ရပ်/ကျေး
အထောက် အကူပြု ကော်မတီ ၎င်းကော်မတီများသည်လည်း (အသက်)၀င်စေ၍ ပေါင်းစုကြိုး
ပမ်း ဆောင်ရွက် နိုင် လျှင် မြို့၊ ရပ်၊ ကျေး ဘက်စုံဖွံ့ဖြိုးမှုအတွက်
စည်ပင်မှ လုပ်ဆောင်ပေးသောလမ်း၊ တံတားများ အသွယ်သွယ် ပေါ် တွင်
ရေရှည်အပြုံးတွေ ကိုယ်စီဖြင့် ပြည်သူတွေ သွားလာ လှုပ်ရှားနေကြရတဲ့ နေ့တွေ
ထာဝရ အပြုံးတွေနဲ့ တည်တံ့ခိုင်မြဲပါစေလို့ စေတနာကောင်းဖြင့်
ရေးသားလိုက်ရပေသည်။
ငြိမ်းသူအောင်(ရွှေစာရံ)၊
ဦးမြင့်ဌေး၊ စကုမြို့။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment