Friday, November 28, 2014

တပ်မတော်၏ ကလေးစစ်သား ပပျောက်ရေး ဆောင်ရွက်ချက်များ UNICEF ချီးကျူး

တန်းစီထားသည့် ခုံများပေါ်တွင် ထိုင်နေသည့် လူငယ်များက နောက် ထပ်ရောက် လာမည့် ညွှန်ကြားချက် ကို စောင့်မျှော်နေကြသည်။ ၎င်းတို့ အများစု မှာ တိတ်ဆိတ်စွာထိုင်နေ သော်လည်း အချို့မှာ စိတ်လှုပ်ရှား စွာဖြင့် ဂဏာမငြိမ်ဖြစ်နေပြီး မည် သို့ ဆက်လက်ပြုလုပ်မည်ကို ကြည့် ရှုရန် လည် တဆန့်ဆန့်ဖြစ်နေသည်။
ထိုလူငယ်လေး ၈၀ မှ တပ်မတော် အတွင်း သိမ်းသွင်း ခံခဲ့ရသူများဖြစ် ပြီး ယခုအကြိမ်မှာ တပ်မှ တရားဝင် ထွက်ခွာခွင့် ရရန် နောက်ဆုံးအကြိမ် အမှတ်စဉ် ခေါ် တန်းစီခြင်းဖြစ်သည်။ မြန်မာအ စိုးရက တပ်မတော်တွင် ကလေးစစ် သားအသုံးပြုမှုရပ်တန့်ရန် လှုပ်ရှားမှု အစီအစဉ် အား ၂၀၁၂ တွင် ကုလ သမဂ္ဂ နှင့် လက်မှတ်ထိုးပြီးနောက်ပိုင်း ၈ ကြိမ်မြောက် ကလေးစစ်သား များ ထွက်ခွာခွင့်ပြုခြင်းဖြစ်သည်။

တပ်မှထွက်ခွင့်ရသူများတွင် အ သက် ၁၉ နှစ်ရှိ ကျော်သူလည်း ပါ ဝင်သည်။ သူသည် ၂၀၁၃ က အ သက် ၁၇ နှစ်တွင် တပ်သို့စုဆောင်း ခံခဲ့ရခြင်းဖြစ်သည်။ ဥပဒေအရ အ သက် ၁၈ နှစ်ပြည့်ပြီးသူများသာ တပ် သို့ ဝင်ခွင့်ရသော် လည်း ကျော်သူမှာ ၁၇ နှစ်အရွယ်တွင် ဝင်ခဲ့ရခြင်းဖြစ် သည်။ မြစ်ဝ ကျွန်းပေါ်ဒေသမှ ထူးချွန် ကျောင်းသားတစ်ဦးဖြစ်သော မောင်ကျော်သူ သည် ၁၀ တန်းအား အမှတ်ကောင်းကောင်းဖြင့် အောင်ပြီး ကာစဖြစ်သည်။ သူ ဆယ်တန်း စာမေးပွဲဖြေပြီးချိန်တွင် ရွာသို့ စစ်သားစု ဆောင်းသူများရောက် လာခဲ့သည်။ လစာကောင်းကောင်းရပြီး ဆင်းရဲ တွင်းမှ လွတ်မြောက်နိုင်မည် ဆိုသည့် ၎င်းတို့၏ အဓိက မောင်ကျော်သူအား ဆွဲ ဆောင်ခဲ့သည်။
အခြေအနေအား ကိုယ်တိုင်လိုက် ကြည့်ရန် ၎င်းတို့က အကြံပေး သဖြင့် ကျော်သူနှင့် မိခင်တို့သည် ရန်ကုန် သို့ လိုက်ကြည့်ရန် သဘောတူခဲ့ သည်။ “လေ့ကျင့်ကွင်းကို မြင်ရတဲ့အ ချိန်မှာ ကျွန်တော်က ပြန်ချင်နေပါ ပြီ။ ဒါပေမဲ့ အမေနဲ့ ကျွန်တော့်ကို ဒီ ခေါ်လာတဲ့ စရိတ်ပြန်ပေး မှ ပြန်ခွင့် ပြုမယ် လို့ ပြောပါတယ်။ ကျွန်တော် တို့မှာ ပေးစရာ ပိုက်ဆံမရှိတော့ နေ ခဲ့ရပါတယ်” ဟု မောင်ကျော်သူ က ပြော သည်။
ရေတပ်တွင် ၁ နှစ်ကြာနေခဲ့ ရချိန်၌ မောင်ကျော်သူသည် အခက်အခဲ များစွာတွေ့ ခဲ့ရ သည်။ ရေတပ်သင်္ဘော များမှ သံချေးများခွာရပြီး အခြား အ စေခံ အလုပ်များလည်း လုပ်ခဲ့ရသည်။ မိသားစုနှင့် မခွဲဖူးသည့် ကျော်သူမှာ မိဘများအား အလွန်လွမ်းဆွတ်ခဲ့ရ သည်ဟုဆိုသည်။
နောက်ဆုံးတွင် တပ်မှ ခွဲခွာခွင့် ရခဲ့သည့် သူငယ်ချင်းတစ်ဦးထံမှ အ ရေးပေါ် ဖုန်းနံပါတ်တစ်ခု ရခဲ့သည်။ ထိုဖုန်းနံပါတ်မှာ ကုလသမဂ္ဂ၏ က လေး စစ်သား ဆိုင်ရာ စောင့်ကြည့် ရေးနှင့် အစီရင်ခံရေးအဖွဲ့ CTFMR ၏ ဖုန်းနံပါတ်ဖြစ် သည်။ လက်နက် ကိုင်တပ်ဖွဲ့များတွင် ကလေးစစ်သား အသုံးပြုမှု မရှိစေရေး အတွက် အရေး ပေါ်ဖုန်းလိုင်းမှာ ထိရောက်သည့်နည်း လမ်းတစ်ခုဖြစ်ပြီး တပ်မတော်က လည်း ထောက်ခံမှုပေးထားသည်။
အရေးပေါ်ဖုန်းလိုင်းအား ၂၄ နာရီ ဆက်သွယ်နိုင်ပြီး တပ်မတော်နှင့် နယ်ခြားစောင့် တပ်များတွင် ကလေး စစ်သားအသုံးပြုနေမှုကို အစီရင်ခံ နိုင် သည်။ မြန်မာအစိုးရက လှုပ်ရှား မှုအစီအစဉ် အကောင်အထည်ဖော် ရေး အတွက် CTFMR နှင့် ပူးပေါင်း ကာ ပညာရေးအစီအစဉ်တစ်ခုကို နို ဝင်ဘာ ၂၀၁၃ မှ စတင်ပြုလုပ်ခဲ့ သည်။ အစိုးရက လက်မှတ်ထိုးထား သည့် သဘောတူညီချက်အရ တပ် မတော်အတွင်းမှ ကလေးစစ်သား အားလုံး ထွက်ခွာခွင့်ပေးရမည်ဖြစ် သည်။
ကလေးစစ်သားစုဆောင်းသူ များကို အရေးယူခြင်းနှင့် ကလေး များအား ကာကွယ်ပေးခြင်းအစီအ စဉ်များလည်း ထိုသဘောတူညီချက် တွင်ပါဝင်သည်။ လက်မှတ်ရေးထိုး ပြီးနောက်ပိုင်းတွင် တပ်မတော်မှ က လေးစစ်သား ၅၅၃ ဦး ထွက်ခွာခွင့် ရခဲ့ပြီး ၂၀၁၄ တွင် ထွက်ခွာခွင့်ရသူ ၃၇၆ ဦးရှိသည်။
မောင် ကျော်သူက ထိုအရေးပေါ်ဖုန်း သို့ ၂၀၁၄ အောက်တိုဘာလတွင် ဖုန်း ဆက် ခဲ့သည်။ CTFMR က မြန်မာ အစိုးရထံ အကြောင်းကြားကာ စုံစမ်း စစ်ဆေးမှုများပြုလုပ်ပြီးနောက် ၁ လ မပြည့်မီတွင် တပ်မှထွက်ခွာခွင့်ရ ခဲ့ခြင်းဖြစ် သည်။
တပ်မှထွက်ခွာခွင့် ရခဲ့သည့် ကလေးစစ်သားများအား လူမှုရေးအဖွဲ့အစည်း ဝန်ထမ်းများက ပုံမှန်ဆက်သွယ်မေးမြန်းခြင်း၊ မိတ်ဖက် အန်ဂျီအိုများ က ထောက်ပံ့ခြင်း များပြုလုပ်ခဲ့သည်။ CTFMR ၏ ထောက်ပံ့ရေးအစီအစဉ်တွင် ပညာ ရေးအစီအစဉ်များပါဝင်ပြီး အလုပ်အ ကိုင်အတွက် သက်မွေးပညာ သင်တန်း များလည်း ပါဝင်သည်။ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ကလေး စစ်သားများ မိသားစုထံ ပြန်လည်ရောက်ရှိ ချိန်တွင် ကျန်းမာရေးစောင့်ရှောက် မှု များရရှိရန် စီစဉ်ပေးသည်။
တပ်မတော်တွင် ကလေးစစ်သား အသုံးပြုမှု ရပ်ဆိုင်းရေးလုပ်ငန်းစဉ် တွင် ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် မြန်မာအစိုးရနှင့် တပ်မတော်အား UNICEF မြန်မာ ကိုယ်စားလှယ်နှင့် CTFMR ပူးတွဲဥက္ကဋ္ဌ ဘာထရန် ဘိန်းဗယ် က ချီးကျူးခဲ့သည်။
၎င်းက “စစ်ပွဲနဲ့ စစ်တပ်ဆိုတာ ကလေးတွေ အတွက် နေရာမဟုတ်ပါဘူး” ဟု ပြော ကြားခဲ့သည်။

KHTun
Ref - blogs.unicef.org
The Ladies News Journal

  

 

 

No comments:

Post a Comment