Friday, November 28, 2014

လွှတ်တော်ဥက္ကဋ္ဌ မရှိချိန် အချိုးကျကိုယ်စားပြု (PR) စနစ်အား အမျိုးသားလွှတ်တော်တွင် ကျင့်သုံးရန် ဆုံးဖြတ်မှုအပေါ် လွှတ်တော်အမတ်များ ဝေဖန်

ရန်ကုန်၊ နိုဝင်ဘာ၂၆

ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟု ဆိုကာ ကျင့်သုံးခြင်းမပြုရန် ဆုံး ဖြတ်ခဲ့သော အချိုး ကျကိုယ်စားပြု PR စနစ်ကို အမျိုးသားလွှတ်တော်၌ တာဝန်အရှိဆုံးဖြစ်သည့် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မရှိသည့် အချိန်တွင်တိုင်းနှင့် ပြည်နယ်တို့တွင် တစ်ပြေးညီ ကျင့်သုံးမည်ဟု နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အတည်ပြုခဲ့ ခြင်း အပေါ် လွှတ်တော်အမတ်များက ဝေဖန်လျက်ရှိသည်။
““ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီဆိုတာ ခုံရုံးကို အဆုံး အဖြတ်ခံဖို့လိုပါလိမ့်မယ်။ အမျိုး သားလွှတ်တော် ကများ ရာစုလွှတ်တော်အမတ်တွေက လက်ခံလို့ အတည်ပြုချက်ရကောင်းရနိုင် တယ်လေ။ ဒါပေမဲ့လို့ ခုနလို အောင်မြင် တဲ့အဆိုဟာ ဖွဲ့စည်းပုံ နဲ့လိုက်လျောညီထွေရှိခြင်း၊ မရှိခြင်းဆိုတာ
အရေးကြီးပါတယ်။ ဒီအဆိုကို တင်ပြီးတော့ ဆုံးဖြတ်ချက်ယူတဲ့အချိန်က အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရှိ၊ မရှိ အရေးကြီးပါတယ်။ ဦးခင်ေ အာင်မြင့်ရှိပြီးမှ အတည်ပြုချက် ယူတယ်ဆိုရင် ဦးခင်အောင်မြင့် အပေါ်မှာ အင်မတန်တာဝန်ကြီး သွားပါလိမ့်မယ်။ အခြေခံဥပဒေ ဆိုင်ရာခုံရုံးက ဖွဲ့စည်းပုံနဲ့ လိုက်လျောညီထွေမရှိဘူးလို့ ဆုံးဖြတ်ခဲ့ရင် အမျိုး သားလွှတ်တော်ရဲ့ တာဝန်အရှိဆုံး ပုဂ်္ဂိုလ်ဦးဆောင်တဲ့ ဆုံးဖြတ်ချက်ဟာ ပြဿနာ တစ်ရပ် ဖြစ်သွားပါလိမ့်မယ်။ ဦးခင်အောင် မြင့်က ဒီပြဿနာမျိုး ကို ရှောင်ရှားပြီးမှ ထိုင်းခရီးစဉ်ကို ဖန်တီးတယ်””ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ဝေဖန်ပြောကြားသည်။…
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှာ ထိုင်းလွှတ်တော်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့ အထိ ထိုင်းနိုင်ငံသို့ သွားရောက် နေစဉ် ယခုကဲ့သို့ လွှတ်တော်အတွင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။
““ဆုံးဖြတ်လိုက်တာက PR ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျင့်သုံးဖို့ရာ သဘောတူ၊ မတူဆိုတာကို အဆုံးအဖြတ်ယူတာ။ အန်ကယ်လ်တို့ကတော့ ကန့်ကွက်တာပေါ့။ လွှတ်တော်ထဲမှာ တရားဝင် ထကန့်ကွက် တာပေါ့။ အန်လ်ကယ်တို့ ကန့်ကွက်တာက PR ကိုတိုင်းဒေသကြီးနဲ့ ပြည်နယ် တစ်ပြေးညီကျင့်သုံးရေး၊ မကျင့် သုံးရေးဆိုလိုတာ မဟုတ်ဘူး။ တစိုက်မတ်မတ် ကန့်ကွက်တာက မြန်မာနိုင်ငံမှာ PR စနစ်ကို ကျင့်သုံးဖို့ မသင့် တော်ဘူးဆိုပြီး ကန့်ကွက်တာ”” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အမျိုးသား လွှတ်တော်ကိုယ်စား လှယ်ဦးအောင် ကြည်ညွန့်က မြန်မာသံတော်ဆင့် သို့ ပြောသည်။
PR နစ်ကို အမျိုးသားလွှတ်တော်တွင် ကျင့်သုံးရန် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NLD) မှ ဒေါ်ခင်ဝိုင်း ကြည်က ဇွန်လ ၉ရက်နေ့တွင် တင်သွင်းခဲ့ပြီး ၃ရက်ကြာ ဆွေးနွေးခဲ့ကာ ထောက်ခံမဲ (၁၁၇)မဲနှင့် ကန့်ကွက်မဲ (၈၅) မဲရရှိကာ ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment