Written by: မာန်သူရှိန်
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် ကြော် ငြာလုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီ တစ်ခုသည် နိုင်ငံတော်သို့ ကြော်ငြာခ ကျပ် သိန်းရာနှင့်ချီကာ မပေးသွင်းဘဲဖျောက်ထား ပြီး လုပ်ကိုင်နေမှုကို စစ်ဆေးတွေ့ရှိသော် လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး မဆောင်ရွက် သည့်အပြင် လုပ်ငန်းအချို့ကိုလည်း ဆက် လက်လုပ်ကိုင်ခွင့်ပေးထားကြောင်း သတင်း ရရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့ အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ကြား ညှပ် အချပ်ပိုကြော်ငြာများထည့်သွင်းခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီများထဲမှ Heart Media သည် ကြေးမုံသတင်းစာတိုက် သို့ ကြိုတင်ပေးပို့ ခွင့်ပြုချက်မယူဘဲကြော်ငြာ အချပ်ပိုကြားညပ်ထည့်သွင်းခြင်း၊ ကြော်ငြာခ များကိုလည်း ဖျောက်ထားပြီး လုပ်ကိုင်နေ ခြင်းဖြစ်ကြောင်း တိုင်ကြားတင်ပြစာအရ လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနတာ ဝန်ရှိသူ၏ ပြန်လည်ဖြေကြားချက်အရလည်း ကောင်း သိရသည်။
ဖြစ်စဉ်မှာ Heart Media သည် ကြော် ငြာများကောက်ယူပြီး နိုင်ငံပိုင်သတင်းစာတို့ တွင် ကြားညှပ်အချပ်ပိုကြော်ငြာလုပ်ငန်း လုပ်ကိုင်ကြောင်း၊ ကြားညှပ်ကြော်ငြာသည့် အခါတွင် မိမိတို့ကြော်ငြာသည့် စာမျက်နှာ အလိုက် ကျသင့်ကြော်ငြာခကို နိုင်ငံတော်မှ သတ်မှတ်ထားသည့်အတိုင်း ပေးသွင်းရကြောင်း၊ ထိုသို့လုပ်ကိုင်ရာတွင် မြန်မာ့အလင်း၊ ကြေး မုံအမှတ်တံဆိပ်ကို အသုံးပြု၍ လုပ်ကိုင် ကြောင်း၊ Heart Media သည် ကြေးမုံသတင်း စာ၌ ကြားညှပ်အချပ်ပိုကြော်ငြာ ထည့်သွင်း ရာတွင် ရှစ်မျက်နှာထည့်သွင်းရာ၌ လေးမျက် နှာစာအတွက်သာ ကြေးမုံသတင်းစာတိုက်မှ ကြိုတင်ခွင့်ပြုချက်ယူကာ ထည့်သွင်းပြီး ကျန်လေးမျက်နှာကို ကြိုတင်ပေးပို့ခွင့်ပြုချက် မယူဘဲ ဖြန့်ချိနေခြင်းဖြစ်ကြောင်း၊ ကြိုတင် ပေးပို့သည့် လေးမျက်နှာအတွက်ကိုသာ နိုင်ငံတော်မှ သတ်မှတ်သည့်နှုန်းဖြင့် ကြော်ငြာခ ပေးသွင်းကြောင်း၊ ကျန်လေးမျက်နှာအတွက် ကိုမူ ကြော်ငြာခလည်းမသွင်းဘဲ ဖျောက်ထား ပြီးလုပ်ကိုင်ကြောင်း၊ ထိုသို့ဖျောက်ထားပြီး လုပ်ကိုင်နေမှုအပေါ် ကြော်ငြာကုမ္ပဏီအချို့ မှသိရှိသွားပြီး အထောက်အထားများဖြင့် တိုင်ကြားခဲ့ကြောင်း သိရသည်။
ယင်းအပြင် သတင်းစာအစောင်တိုင်း တွင် ကြားညှပ်ကြော်ငြာထည့်သွင်းရမည့် အစား အစောင်တိုင်းတွင်ထည့်မပေးဘဲ ကြော် ငြာရှင်ရှိသည့် လမ်းနှင့်ရပ်ကွက်ထဲသို့သာ ကြားညှပ်ကြော်ငြာကို ထည့်သွင်းပေးမှုကို ပြုလုပ်ကြောင်း၊ ဥပမာ-အစောင်ရေ ၁၂ဝဝဝဝ ရှိလျှင် ၁၂ဝဝဝဝ အပြည့် ကြော်ငြာအချပ် ပိုထည့်ပေးခြင်း မပြုကြောင်း တိုင်ကြားခဲ့ သည်။သတင်းစာတိုက်၏ ငွေစာရင်းတွင်အချပ် ပိုမညှပ်ဟု ဖော်ပြထားသောနေ့တွင် လက် တွေ့၌မူ ထိုနေ့ကအချပ်ပိုညှပ်၍ဖြန့်ဝေထား ကြောင်း အထောက်အထားများဖြင့် တင်ပြ တိုင်ကြားခဲ့ကြကြောင်းလည်း သိရသည်။
အစိုးရသတင်းစာများတွင် ကြားညှပ် ကြော်ငြာထည့်သွင်းမည်ဆိုပါက တစ်ရက် အချပ်ပိုလေးမျက်နှာ ကြားညှပ်မည်ဆိုလျှင် သတင်းစာတိုက်သို့ ကြော်ငြာခ ကျပ် ၇၂ဝဝဝဝ နှင့် သတင်းစာတိုက်သို့ အလှူငွေ ကျပ် ၁၂ဝဝဝဝ၊ စုစုပေါင်း ကျပ် ၈၄ဝဝဝဝ ပေးသွင်းရကြောင်း သိရသည်။ (၂ဝ၁၄ ခုနှစ် ဩဂုတ် တိုင်ကြားသည့်ကာလအထိ ပေး သွင်းရန် သတ်မှတ်နှုန်းဖြစ်ပြီး ယခုနောက်ပိုင်း တွင် ထပ်မံပြင်ဆင်ထားသည်။)
ကျပ် ၈၄ဝဝဝဝ ဆိုသည်မှာ ပြည်တွင်း ကြော်ငြာများအတွက်သာဖြစ်ပြီး နိုင်ငံခြား ငွေဖြင့်ကြော်ငြာရသည့် ကြော်ငြာအချပ်ပိုလေး မျက်နှာအပြည့်ဆိုပါက တစ်ရက်လျှင် ကျပ် ၁၇၉၂ဝဝဝ အထိ အစိုးရသတင်းစာတိုက်သို့ ကြော်ငြာကြေးပေးသွင်းရကြောင်း သိရသည်။
အစိုးရသတင်းစာတိုက်သို့ ကြော်ငြာခ မသွင်းဘဲ ဖျောက်ထားတိုင်း အချပ်ပိုလေးမျက် နှာစာ အချပ်ပိုကြားညှပ်ကြော်ငြာအတွက် တစ်ရက်လျှင် အနည်းဆုံး ကျပ် ၈၄ဝဝဝ မှ အများဆုံးကျပ် ၁၇၉၂ဝဝဝ ကြား နိုင်ငံတော်မှ နစ်နာခဲ့ခြင်းဖြစ်ကြောင်း ကြော်ငြာကုမ္ပဏီများ တွက်ချက်ထားမှုအရ သိရသည်။
တင်ပြတိုင်ကြားစာ၌ ယင်းဖြစ်စဉ်တွင် မသာမူများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ ခြ စားမှုများသည် သတင်းစာတိုက်နှင့် Heart Media တို့ကြား ဆက်တိုက်ဆိုသလိုရှိနေနိုင် သည်ဟုယူဆပြီး အချိန်အားဖြင့် တစ်နှစ်ခန့် ရှိနေပြီဖြစ်သည်ဟုလည်း ထည့်သွင်းတင်ပြ ထားသည်ကို တွေ့ရသည်။
Heart Media သည် သတင်းစာဖြန့်ချိ ခွင့်ကိုလည်းရရှိထားပြီး ကြေးမုံသတင်းစာ တွင် သတင်းစာထွက်ရက်၏ တနင်္လာ၊ အင်္ဂါ နှင့် သောကြာနေ့များ၌ (တိုင်ကြားသည့် ၂ဝ၁၄ ဩဂုတ်လပိုင်းကဖြစ်သည်။) အချပ်ပို ကြားညှပ် ကြော်ငြာလုပ်ငန်းလုပ်ခွင့်ရထား ကြောင်းတိုင်ကြားစာတွင် ဖော်ပြထားသည်။
ကြေးမုံသတင်းစာတိုက်သို့ ကြိုတင်ပေး ပို့ခွင့်ပြုချက်မယူဘဲ အချပ်ပိုကြော်ငြာများ ထည့်သွင်းရာတွင်လည်း ကြေးမုံအမှတ် တံဆိပ်ကိုအသုံးပြု၍ လုပ်ကိုင်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာန၏ ပြောကြားချက်၊ကြော် ငြာကုမ္ပဏီများနှင့်တွေ့ဆုံသည့်အစည်းအဝေး မှတ်တမ်းများအရ သိရသည်။
Heart Media ၏ ထိုသို့လုပ်ဆောင်နေ မှု များကို အထောက်အထားဖြင့် ပြန်ကြား ရေးဝန်ကြီးဌာနသို့ အခြားကြော်ငြာကုမ္ပဏီ များမှစုပေါင်း၍ လက်မှတ်ရေးထိုးတင်ပြခဲ့ရာ ဝန်ကြီးဌာနမှ အဖွဲ့ဖွဲ့၍စစ်ဆေးခဲ့သည်ဟု သိရသည်။ စစ်ဆေးရာတွင် ကြေးမုံသတင်းစာ တိုက်သို့ ကြိုတင်ပေးပို့ခွင့်ပြုချက်မယူ၊ ငွေ လည်းမသွင်းဘဲ ကြော်ငြာနေခြင်း၊ နိုင်ငံပိုင် လုပ်ငန်းအမှတ်တံဆိပ်ဖြစ်သော ကြေးမုံအမှတ် တံဆိပ်ကို အသုံးပြုလုပ်ကိုင်ခြင်းများ စစ် ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ခဲ့မှုအပေါ် အရေးယူ မှုနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံသို့ မေး ခွန်းပေးပို့မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး အစား သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက ‘၂ဝ၁၄ ခုနှစ် ဩဂုတ်လအတွင်း ကြေးမုံသတင်းစာ တွင် ဖော်ပြနေသော ပုဂ္ဂလိကကြော်ငြာ ကုမ္ပဏီများအနက် Heart Media ကြော်ငြာ ကုမ္ပဏီအား ၎င်းတို့နှင့်ယှဉ်ပြိုင်ဘက် ကြော် ငြာကုမ္ပဏီများမှ တိုင်ကြားစာပေးပို့ခဲ့သဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေး အပ်ပြီး စိစစ်ခဲ့ရာ ၂ဝ၁၄ ခုနှစ် ဩဂုတ်လ အတွင်းထုတ်ဝေသော ကြေးမုံသတင်းစာများ အနက် ၁ဝ ရက်တွင် Heart Media ကုမ္ပဏီ သည် ၎င်း၏ကြော်ငြာစာမူ လေးမျက်နှာစီကို ကြေးမုံ သတင်းစာတိုက်သို့ ကြိုတင်ပေးပို့ ခွင့်ပြုချက်မယူဘဲ ရန်ကုန်မြို့တွင်းမှ မြို့နယ် အချို့ရှိ သတင်းစာဖြန့်ချိရေးကိုယ်စားလှယ် အချို့နှင့်ပူးပေါင်းပြီး ထိုမြို့နယ်များတွင်ဖြန့် ချိခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။’
‘အဆိုပါကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ် ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးချက်အရ Heart Media ကြော်ငြာကုမ္ပဏီအနေဖြင့် ပြည်တွင်း၊ ပြည်ပကုန်ပစ္စည်းကြော်ငြာများ ပါဝင်မှုအရေ တွက်နှင့် နှုန်းထားသတ်မှတ်ချက်များအတိုင်း ကြေးမုံသတင်းစာတိုက်သို့ ကြော်ငြာခငွေကျပ် ၁၄ဝ၄၄ဝ၁ဝ ကို ပြန်လည်ပေးသွင်းစေသည့် အပြင် ကြော်ငြာစည်းကမ်းသတ်မှတ်ချက် ဖောက်ဖျက်မှုအတွက် အမှုစတင်စစ်ဆေးသည့် နေ့မှ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ သုံးလ ကြော်ငြာဖော်ပြမှုရပ်ဆိုင်းစေသည့် ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။’
‘ထို့အပြင် ၎င်းကုမ္ပဏီမှ ဖော်ပြခဲ့သော ကြော်ငြာစာမျက်နှာတွင်ပါရှိသည့် ကြော်ငြာ များနှင့်ပတ်သက်၍လည်း ကုမ္ပဏီအနေဖြင့် ကြော်ငြာရှင်များကျေနပ်သည်အထိ ဖြေရှင်း ပေးရန် ၎င်းကုမ္ပဏီတာဝန်ခံကိုလည်း တရား ဝင် အသိပေးအကြောင်းကြားထားရှိပြီး ဖြစ် သည့်အတွက် Heart Media ကုမ္ပဏီမှလည်း ဖြေရှင်းပြီးဖြစ်ကြောင်း သိရပါသည်’ဟူ၍ ပြန်လည်ဖြေကြားသည်။
ထို့အတွက် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် ဖြန့်ချိရေးနှင့် ကြော်ငြာလုပ်ငန်း လုပ်ကိုင်နေသည့် Heart Media သည် နိုင်ငံ့ဘဏ္ဍာကျပ်သိန်းရာချီ ဖျောက်ထားပြီး လုပ်ကိုင်ခြင်း၊ ကြေးမုံတံဆိပ် ကိုအသုံးပြုခဲ့ခြင်း၊ သတင်းစာတိုက်သို့ ကြို တင်ပေးပို့ခွင့်ပြုချက်မယူဘဲ ထည့်သွင်းလုပ် ကိုင်ခြင်း၊ ကြော်ငြာစည်းကမ်းသတ်မှတ်ချက် များ ဖောက်ဖျက်လုပ်ကိုင်ခြင်းများ အမှန် တကယ်လုပ်ခဲ့သည်မှာမှန်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန၏ဖြေကြားချက်နှင့် ကြော်ငြာ ကုမ္ပဏီများနှင့် တွေ့ဆုံမှုအစည်းအဝေးဆုံး ဖြတ်ချက်များအရ သိရသည်။
ယင်းသို့ နိုင်ငံ့ဘဏ္ဍာကျပ်သိန်းရာချီ ဖျောက်ထားမှုများထင်ထင်ရှားရှားပေါ်ပေါက် ခဲ့သည်ကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး မဆောင်ရွက်ဘဲ ငွေပြန်သွင်းစေခြင်း၊ ကြေးမုံ သတင်းစာတွင်သာ ကြော်ငြာခွင့် သုံးလပိတ် ခြင်းဖြင့်သာ အရေးယူခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကြေးမုံ သတင်းစာ၌သာ ကြော်ငြာခွင့်သုံးလပိတ် ခြင်းဖြစ်ပြီး မြန်မာ့အလင်းသတင်းစာတွင် အချပ်ပိုကြားညှပ်ကြော်ငြာခြင်းလုပ်ငန်း၊ သတင်းစာဖြန့်ချိခြင်းလုပ်ငန်းများကိုမူ ပြန် ကြားရေးဝန်ကြီးဌာနက Heart Media သို့ ဆက်လက်ခွင့်ပြုပေးထားကြောင်းလည်း ကြော်ငြာကုမ္ပဏီများနှင့် မြန်မာ့အလင်း သတင်းစာတွင် ပါဝင်နေသည့် အချပ်ပိုကြော် ငြာများအရ သိရသည်။
အစိုးရပိုင် ငွေကြေးနှင့်ပစ္စည်းများအား အလွဲသုံးစားပြုလုပ်ပါက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်လည်း ကောင်း၊ အများနှင့်သက်ဆိုင်သောပစ္စည်းကာ ကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် လည်း ကောင်း အရေးယူနိုင်ကြောင်း ထောင်ဒဏ် အထိ ချမှတ်နိုင်သည့်ဥပဒေများဖြစ်ကြောင်း သိရသည်။
Credit - Eleven Media Group
No comments:
Post a Comment