၈-၁၁-၂၀၁၄ ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် စာမျက်နှာ ၆ ပါ
ကျောမွဲလူတန်းစား လယ်သမား ပိုင်သည့် မြေ၊ မြေစာရင်းဌာနနှင့် ခရိုနီများ
ပူးပေါင်းသိမ်းဆည်းနေ တိုင်ကြားစာနှင့် ပတ်သက်၍ ဘားအံမြို့၊ ရပ်ကွက်အမှတ်
၈၊ ထောင်ဝိ၊ ကွင်းအမှတ်-၁၁၈၄ (ထောင်ဝိကွင်း)၊ ဦးပိုင်အမှတ်-၁၃၅/၂၊ ဧရိယာ ဝ
ဒသမ ၂၆ ဧကရှိ မြေကွက်အား ၃၀-၆-၂၀၁၁ ရက်စွဲပါ နှစ်ဦးသဘောတူ မြေအရောင်းအ၀ယ်
ကတိစာချုပ်အရ တန်ဖိုး ငွေကျပ် ၁၀၀,၀၀၀ိ/-ဖြင့် ကျွန်ုပ်တို့၏
အမှုသည်တို့အား လူကြီးမင်းနှင့် ခင်ပွန်းဖြစ်သူ ဦးမန်းကံညွန့်တို့က လက်မှတ်
ရေးထိုး ရောင်းချခဲ့ကြောင်း၊ ထိုသို့ ရောင်းချပြီးနောက် လူကြီးမင်း၏
သားသမီးတို့က ကျေနပ်မှု မရှိသဖြင့် နစ်နာကြေးငွေ ၄,၀၀၀,၀၀၀ိ/-
(ကျပ်သိန်းလေးဆယ်)ကို ကျွန်ုပ်တို့၏ အမှုသည်များထံ ထပ်မံတောင်းခံရာ
ကျွန်ုပ်တို့၏ အမှုသည်များကလည်း လိုက်လျောခဲ့ပြီးနောက်
၂၁-၆-၂၀၁၂တွင်
နှစ်ဖက် အကျိုးဆောင်များ ဖြစ်သော ဦးမာလင်မြတ်ကျော်နှင့် ဒေါ်နွယ်နွယ်ဝင်း
တို့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုပြီး ထိုနေ့တွင်
ငွေသိန်း(၂၀) ကို လူကြီးမင်း ကိုယ်တိုင် လက်ခံရယူခဲ့ပါသည်။ ကျန်ငွေသိန်း ၂၀
အား တစ်လလျှင် ၅ သိန်းကျပ်နှင့် ၄ လအတွင်း ၃၀-၁၀-၂၀၁၂ နောက်ဆုံးထားပြီး
အပြေ အကျေ ပေးချေရန် သဘောတူညီချက်အရ ကျွန်ုပ်အမှုသည်က လူကြီးမင်းထံ၂၀-၇-၂၀၁၂
တွင် ငွေကျပ် ၅ သိန်း၊ ၂၁-၈-၂၀၁၂တွင် ငွေကျပ် ၅သိန်း၊ ၂၂-၉-၂၀၁၂ တွင်
ငွေကျပ် ၅သိန်း၊ ၂၇-၁၀-၂၀၁၂ တွင် နောက် ဆုံး ပေးချေငွေ ၅ သိန်းတို့
ပေးချေခဲ့သည်ကို လူကြီးမင်း ကိုယ်တိုင် လက်မှတ်ရေးထိုး
ရယူခဲ့ပြီးဖြစ်ပါလျက် သံတော်ဆင့်ဂျာနယ်တွင် ထည့်သွင်းတိုင်ကြားရာ၌
လူကြီးမင်းကိုယ်တိုင်ပါဝင် လုပ်ဆောင်ခဲ့သော ကိစ္စရပ်များကို မဟုတ်သယောင်
မသိသလိုထည့်သွင်း တိုင်ကြားခဲ့ခြင်းမှာ တမင်ထိခိုက် နစ်နာစေရန် ထည့်သွင်း
တိုင်ကြားခြင်း ဖြစ်ပါသည်။
ဘားအံမြို့နယ်၊ ရပ်ကွက် ၈၊ ထောင်ဝိ၊
ကွင်းအမှတ်-၁၁၈၄(ထောင်ဝိကွင်း)၊ ဦးပိုင်အမှတ် – ၁၃၆/၁၃၇၊ ဧရိယာ ၁ ဒသမ ၇၉
ဧကအားလည်း လူကြီးမင်းခင်ပွန်း ဦးမန်းကံညွန့်၏ အစ်ကိုဖြစ်သူ
ဦးဘောင်လောက်ချိတ်နှင့် ဇနီးဖြစ်သူ ဒေါ်သန်းရီတို့ထံမှ ၃၀-၆-၂၀၁၁ တွင်ပင်
ကျွန်ုပ်တို့၏ အမှုသည်တို့က သက်သေစုံရာ ရှေ့မှောက် တွင် စာချုပ်ချုပ်ဆို
ဝယ်ယူထားသည်ကိုလည်း လူကြီးမင်း အနေဖြင့် သိရှိပြီးဖြစ်ပါလျက် ထိုအကြောင်း
အရာများ ကိုလည်း လူကြီးမင်း မသိသယောင် မမှန်မကန် ထည့်သွင်း
တိုင်ကြားခြင်းသာ ဖြစ်ပါသည်။ ထိုသို့မြေများအား ကာယကံရှင် အသီးသီးက
အောက်ခြေစာချုပ်ဖြင့် ရောင်းချထားပြီး ဖြစ်သည့်အတွက်လည်း လူကြီးမင်း၏
ခင်ပွန်း ဦးမန်းကံညွန့်နှင့် ၎င်း၏အစ်ကို ဦးဘောင်လောက်ချိတ်၏ဇနီး
ဒေါ်သန်းရီတို့က ဘားအံ မြို့နယ်၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ၆-၄-၂၀၁၂
ရက်စွဲပါ မြေအရောင်းအ၀ယ်စာချုပ် မှတ်ပုံတင်အမှတ်-၅/၂၀၁၂ အား
ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်ကိုလည်း လူကြီးမင်း အသိပင်ဖြစ်သော်လည်း မသိသယောင်
မမှန်မကန် ထည့်သွင်း တိုင်ကြားထားပါသည်။
လူကြီးမင်း၏ မမှန်မကန်
တိုင်ကြားမှုသည် စီးပွားရေး လုပ်ကိုင်လျက်ရှိသော ကျွန်ုပ်တို့၏
အဆင့်အတန်းနှင့် ဂုဏ်အသရေကို တိုက်ရိုက် ထိခိုက်နစ်နာစေလျက်
ရှိပါသောကြောင့် မြန်မာသံတော်ဆင့်ဂျာနယ်တွင် ယခုကဲ့သို့ ပြန်
လည်ရှင်းလင်းရခြင်း ဖြစ်ပါသည်။
ဦးကျော်ဝင်းမင်း၊ ဒေါ်မီးမီးဦး
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment