Written by: စိုးမင်းထိုက်
ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအ တွက် ပြည်ထောင်စုလွှတ်တော် တိုင်းရင်း သားပါတီများ ကိုယ်စားလှယ်အဖြစ် ဒေါက် တာအေးမောင်အား လွှတ်တော်ကိုယ်စား လှယ်များက နိုဝင်ဘာ ၂၇ ရက်က လျှို့ဝှက်မဲ စနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သတင်းရရှိ သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး နှင့် မြန်မာနိုင်ငံအနာဂတ်အတွက် ခြောက် ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာ ပြုလုပ်ရန် အရေးကြီးအဆိုကို ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ထွန်းက နို ဝင်ဘာ ၂၅
ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ရာ ကန့်ကွက် သူမရှိ၍လွှတ်တော်က အတည်ပြုခဲ့သည်။
ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေ နှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာ နိုင်ငံတည်ဆောက်ရေးအတွက် အခြေအနေ ကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံ တော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္က|၊ အမျိုး သားလွှတ်တော်ဥက္က|၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္က|၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင် စွာတွေ့ဆုံညိ§နှိုင်းရေး ပြည်ထောင်စုလွှတ် တော်က တိုက်တွန်းကြောင်းဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ထွန်းက အ ရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဒေါက်တာအေးမောင်က “၂၆ ရက် ည ပိုင်းက အစည်းအဝေးလုပ်ပါတယ်။ လုပ်ပြီး တော့ ၂၇ ရက် နံနက်မှာ ရွေးတာပေါ့။ တိုင်း ရင်းသား ပါတီ ၁၄ ခုက မဲပေးကြပါတယ်။ကျွန်တော်က မဲအများဆုံးရခဲ့တာပေါ့။ ပြီး တော့ ကျွန်တော်တို့ည§ိနှိုင်းမှုတွေ အကြမ်း ဖျင်းလုပ်ခဲ့ပါတယ်။ မနက်ပိုင်းမှာတော့ ပြည် ထောင်စုလွှတ်တော်နာယကထံ တင်ပြခဲ့ပါ တယ်။ ခြောက်ပွင့်ဆိုင်နဲ့ပတ်သက်လို့ အရေး ကြီးအဆိုတင်တုန်းက ကျွန်တော် မရှိခဲ့ပါ ဘူး။ ဒါပေမဲ့ ထောက်ခံပါတယ်။ အရင်က လည်း ငါးပွင့်ဆိုင်တွေ့ဆုံဖို့ ကျွန်တော်တင်ပြ ခဲ့ဖူးပါတယ်။ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုသွားတဲ့အခါမှာ ပိုကောင်းတာ ပေါ့”ဟု ပြောကြားသည်။
“ပြည်ထောင်စု လွှတ်တော်နာယကကြီး နဲ့တွေ့တဲ့အခါကျတော့လည်း တိုင်းရင်းသား ထဲက တစ်ဦးရွေးပေးပါ။ ပြည်ထောင်စုလွှတ် တော်နာယကကြီးက လက်ရှိပြည်ထောင်စု လွှတ်တော်ထဲက ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေကို ရွေးပေးပါ။ ကိုယ်စားပြုမယ့်ပုဂ္ဂိုလ်တစ်ဦး ရွေးဖို့ ကျွန်တော်တို့ အစည်းအဝေးနှစ်ကြိမ် လုပ်ခဲ့တာတွေကို ဘယ်လိုရွေးခဲ့တယ်ဆို တာနဲ့ ဘယ်သူကိုရွေးခဲ့တယ်ဆိုတာကို ပြည် ထောင်စုလွှတ်တော်နာယကကြီးထံ တင်ပြဖို့ ဆောင်ရွက်သွားမှာပါ။ ၂၈ ရက် လောက်မှာ တော့ ပြည်ထောင်စုလွှတ်တော်နာယကကြီး က ရွေးထားတဲ့သူတွေကို ကြေညာနိုင်မယ်လို့ ထင်ပါတယ်။ လောလောဆယ်မှာတော့ ဆွေး နွေးဖို့အတွက် ပြင်ဆင်ထားတာ မရှိသေးပါ ဘူး။ အကြမ်းဖျင်းတော့ ကျွန်တော်တို့ပါတီ အားလုံး၏သဘောတူညီချက်လေးတွေ ဆန္ဒ ပြုချက်တွေအားလုံးကိုကိုယ်စားပြုပြီးမှ ကျွန် တော်ခြောက်ဦးပါတွေ့ဆုံဆွေးနွေးပွဲမှာ တင် ပြပါပေါ့။ တိုင်းရင်းသားပါတီများအားလုံး၏ ကိုယ်စားတိုင်းရင်းသားပါတီတွေက တင်ပြ လိုတဲ့အချက်များကိုဆွေးနွေးပါမယ်။ နောက် ပြီးတော့ အားလုံးသဘောတူညီထားတဲ့ ဖွဲ့ စည်းပုံကြီးကို ဘယ်လိုပြုပြင်သွားမလဲဆိုတဲ့ ခြောက်ဦးပါ ဆွေးနွေးချက်ကို မူတည်ပြီး တော့မှ တိုင်းရင်းသားပါတီများရဲ့ သဘော ထားကို တင်ပြပါမယ်။ အထွေထွေသဟဇာတ ဖြစ်ရေးကို ရှေ့ဆက်ပြီးတော့ ဘယ်လိုသွားမ လဲ။ ဒါတွေကို ပူးပေါင်းပါဝင်ပြီးမှ တွေ့ဆုံ ဆွေးနွေးသွားမှာပါ။ ဆွေးနွေးချက်တွေကို လျှို့ဝှက်ထားပေးပါဆိုတဲ့ကိစ္စကလွဲပြီး ကျန် တဲ့ဆွေးနွေးချက်တွေကို တိုင်းရင်းသားပါတီ တွေကို ပြန်လည်ပြောကြားသွားမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ၌ ဆွေးနွေးရာတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက မူလအတိုင်းသာထားရှိ သင့်ကြောင်း ဆွေးနွေးခဲ့သည်။
အင်န်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ် စားလှယ်များနှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များကလည်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန်ဆွေးနွေးခဲ့ကြပြီး ပုဒ်မ ၄၃၆ ပြင် ဆင်နိုင်မှသာ အခြားပုဒ်မများကို ပြင်ဆင် နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဦး စံပြည့်က တပ်မတော်ကသဘောမတူပါက မည်သည့်ပုဒ်မမျှ ပြင်ဆင်မရနိုင်သည့်အတွက် ပြည်သူများမှ ယုံကြည်အားကိုးလာစေရန် တပ်မတော်က ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင် ရန်အတွက် ဖြေလျှော့ပေးသင့်ကြောင်း ဆွေး နွေးခဲ့သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် နိုင်ရန် ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြပြီး နောက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်အစည်းအဝေးတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး မူကြမ်းတင် သွင်း ဆုံးဖြတ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးကော်မတီဥက္က|ဦးနန္ဒကျော်စွာက နိုဝင်ဘာ ၂၅ ရက်ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် အဆိုတင် သွင်းခဲ့သည်။
ရှမ်းတိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းသီဟကျော်က “ပြီးခဲ့တဲ့ ၁၄ ပွင့်ဆိုင်တုန်းက ကျွန်တော်တို့ ရှမ်းတိုင်း ရင်းသားတွေထဲက တစ်ယောက်ပါတယ်။ ဒီတစ်ခေါက်မှာ ရခိုင်တိုင်းရင်းသားတွေထဲ က ဒေါက်တာအေးမောင်ကို အများဆန္ဒအရ ရွေးချယ်လိုက်တာကို သဘောတူပါတယ်။ အခုတစ်ခေါက်တွေ့ဖို့ကိစ္စက ဖွဲ့စည်းပုံပြင် ဖို့ကိစ္စဖြစ်တဲ့အတွက် သူ့အနေနဲ့ တိုင်းရင်း သားတွေအားလုံးပြင်ဆင်လိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဘုံအချက်တွေကို သူကတင် ပြပေးရမှာဖြစ်တယ်”ဟု ပြောကြားသည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ “ဒီတွေ့ဆုံမှုကို အများကြီး မျှော်လင့်ထားပါတယ်။ တစ်ဆို့နေ တဲ့ကိစ္စတွေကို တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် တောင်းဆိုနေကတည်းက ထောက် ခံပြီးသားပါ။ အပွင့်များလေ အချိန်နည်းပြီး တော့ ထိရောက်မှုနည်းမှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်အောင် ဘယ် လိုပြုပြင်မလဲဆိုတာကို အဓိက ထားရမှာ ပေါ့”ဟု ဒေါက်တာအေးမောင်က ပြောကြား သည်။
Credit - Eleven Media Group
No comments:
Post a Comment