နေပြည်တော်၊ နိုဝင်ဘာ ၂၄- ပုဒ်မ- ၄၃ရအရ ဥပဒေအရာမှာအားလုံးသည် တန်းတူညီမျှတဲ့ အခွင့်အရေးနှင့် အကာအကွယ်ရနိုင်သည်ဆိုသည့် ပြဋ္ဌာန်း
ချက်အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမဲစာရင်းတွင် ထောင်ကျ များပါ စာရင်း
ထည့်သွင်းရေးအဆိုပြု ပြင်ဆင်ချက်အား ဒေါ်အောင်ဆန်းစုကြည်မှ မတ်တပ်
ရပ်ထောက်ခံခဲ့သည်။
ယနေ့ပြုလုပ်သောပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး ၃၃ရက်မြောက်တွင် ဥပဒေကြမ်းကော်မတီမှ တင်သွင်းခဲ့သော ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို အတည်ပြုနိုင်
ရေး ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲဥပဒေကြမ်းနှင့်စပ်လျ
ဉ်း၍ တင်သွင်းထား
သော ပြင်ဆင်ချက်အဆိုအား တစ်ပုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုရာတွင် ပုလဲမဲဆန္ဒနယ်ကိုယ်စားလှယ်ဒေ
ါ်ခင်စန်းလှိုင်၏ ပြင်ဆင်ချက်အဆိုအပေါ်
ထောက်ခံခြင်းဖြစ်သည်။
ဒေါ်ခင်စန်းလှိုင် (ပုလဲမဲဆန္ဒနယ်ကိုယ်စားလှယ်)
မှ
ပြင်ဆင်ချက်တင်ပြရာတွင် ''စာမျက်နှာ(၆)အမှတ် စဉ်(၂၂)၊
အပုဒ်(၁၁)ပုဒ်မခွဲ(ခ)၉မှာ နောက်ထပ်ဖြည့် ထားတာက ရဲစခန်းများ၊
အကျဉ်းထောင်များရှိ အချုပ်သားများ၊ ထောင်ကျနေ သူများဆိုပြီး မဲစာရင်းမှာ
ထည့်သွင်းရမယ့် ပုဂ္ဂိုလ်များမှာ ထောင်ကျများကို ထပ်မံထည့်သွင်းထားခြင်းဖြစ်
ပါတယ်။ ၁၉၇၃ခုနှစ်ဖွဲ့စည်းပုံအခြေခ
ံဥပဒေ အတည်ပြုရန် ဆန္ဒခံယူပွဲကျင်းပစဉ်က ဒီဥပဒေရဲ့အခန်း(၅)မဲစာရင်းမ
ျား ပြုစုခြင်း ကဏ္ဍမှာ ထောင်ကျများကိုပါထည့်ပြီး စာရင်းပြုစုထားတာကို တွေ့ရပါတယ်၊ ဒါပေမဲ့ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခ
ံဥပဒေကို အတည်ပြုဖို့ရန်အတွက် ဆန္ဒခံယူပွဲပြုလုပ်တဲ့အခါမှာ
တော့ ဒီလိုမျိုးထောင်ကျတွေကိုမဲစ
ာရင်းမှာ
ထည့်သွင်းတာမတွေ့ရပါဘူး၊ ဒါကြောင့်မို့လို့ ဒီ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြင်ဆင်ဖို့ရန်အတွက် ဆန္ဒခံယူပွဲကျင်းပတဲ့အချိန် မှာတော့
ထောင်ကျများကိုပါထည့်သွင်းဖ
ို့တင်ပြခြင်းဖြစ်ပါတယ်၊
ဘာကြောင့် လည်းဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ-၄၃ရအရ ဥပဒေအရာမှာ
အားလုံးသည် တန်းတူညီမျှတဲ့အခွင့်အ ရေးနဲ့အကာအကွယ်ကိုရနိုင်သည်
ဆို တဲ့ပြဋ္ဌာန်းချက်အရ ထောင်ကျတာနဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုမရှ
ိစေရန်အ တွက် ထောင်ကျများကိုပါ မဲစာရင်းမှာ ထည့်သွင်းဖို့ရာ တင်ပြခြင်းဖြစ်ပါ တယ်''ဟုပြင်ဆင်ချက်အား တင်ပြခဲ့သည်။
ဥပဒေကြမ်းကော်မတီမှဒီပြင်ဆင
်ချက်ဟာ
မူလဥပဒေကြမ်းရဲ့အပုဒ် (၁၁)၊ အပုဒ်ခွဲ(ခ)ဖော်ပြချက်ကို
ပြင်ဆင်ခြင်းဖြစ်ပါတယ်၊ အပုဒ်(၁၁)၊ အပုဒ်ခွဲ(ခ) မှာဆန္ဒမဲစာရင်းမှာ
ထည့်သွင်းရမယ့်သူတွေစာရင်းက
ို
ဖော်ပြထားခြင်းဖြစ်ပါ တယ်၊ ၂၀၀၈ခုနှစ်ဖွဲ့ စည်းပုံ အခြေခံဥပဒေကို
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်း ပတဲ့အခါမှာလည်း ယခု တည်ဆဲ
၂၀၀၈ခုဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ပြု တာ ပြည်သူလူထု ၉၂ ဒသမ
၎ရာခိုင်နှုန်းအတည်ပြုခဲ့တြာ
ဖစ်ပါတယ်၊ အဲ့ဒီလက် ရှိ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခ
ံဥပဒေကို
ပြင်ဆင်ဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပတဲ့အချိန်မှာလည်း
နဂိုမူလအတည်ပြုခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း
ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူ
တွေဟာ အရှေ့အနောက်ညီညွတ်ရမှာ ဖြစ်ပါ တယ်၊ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတွေ တင်ပြထားသလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာရေ
ာ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေအသီး သီးမှာရော ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ဆန္ဒမဲစာရင်းမှာပါတဲ့လူတွေစာ
ရင်းကို
အတိအကျ ဖော်ပြထားပြီးဖြစ် တဲ့အတွက် ဥပဒေကြမ်းကော်မတီက မူလ တင်ပြထားတဲ့
အတည်ပြု ချက်အတိုင်း ရဲစခန်းများနှင့် အကျဉ်ထောင်များရှိ
အချုပ်သားများဆိုတဲ့ ပြဋ္ဌာန်းချက်ကိုပဲ လွှတ်တော်မှအတည်ပြုပေးရန် တင်ပြပါ
သည်။
ဥပဒေကြမ်းကော်မတီနှင့် ဒေါ်ခင်စန်းလှိုင်တို့၏ ပြင်ဆင်အဆိုပြုချက်များရှိ သည့်အတွက် ဒေါ်ခင်စန်းလှိုင်၏ပြင်ဆင်ချ
က်
အဆိုပြုချက်ကို ကန့်ကွက် ရန်ရှိပါသလားဟု ဥက္ကဋ္ဌမှ ထပ်မံ၍ လွှတ်တော်ဆန္ဒခံယူရာ
တပ်မတော်သား ကိုယ်စားလှယ်များအပါအဝင် ပြည်ခိုင်ဖြိုးပါတီ
ကိုယ်စားလှယ်များမှ မတ်တပ်ရပ် ထကန့်ကွက်ခဲ့၍ ဒေါ်ခင်စန်းလှိုင်အဆိုပြုချက
်ရှုံးခဲ့ပြီး ဥပဒေကြမ်းကော်မတီ၏ အဆိုပြုချက်အား အတည်ပြုခဲ့သည်။
ဥပဒေကြမ်းကော်မတီမှတင်သွင်း
ခဲ့သည့် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)ကို အတည်ပြုရေးပြည်လုံးကျွတ်ဆန္ဒ
ခံယူပွဲဥပ
ဒေကြမ်းနှင့် စပ်လျဉ်း၍ တင်သွင်းသောပြင်ဆင်ချက်အဆို
အား တစ်ပုဒ် ချင်းစီအလိုက် ဆွေးနွေးပြီး လွှတ်တော်၏အတည်ပြုချက်ရယူကာ အတည်ပြုခဲ့ သည်။
MP
#Democracytoday
No comments:
Post a Comment