နေပြည်တော် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်း လူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအား အချုပ်လွှတ်ပေးပြီး မြန်မာသံရုံး၏ ကွပ်ကဲမှုဖြင့် ထားရှိဆောင်ရွက်ပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ပြီး သူတို့နှစ်ဦးက ထိုင်းသံရုံးရောက်မှ ထွက်ပြေးလွတ်မြောက်သွားမည် ဆိုပါက မိမိကိုယ်တိုင် လာရောက်အဖမ်းခံမည်ဟု အာမခံခဲ့ကြောင်း ဦးခင်အောင်မြင့်က နိုဝင်ဘာ ၂၆ရက်က မီဒီယာ အချို့ကို ပြောသည်။
“ဒီကိစ္စအရေးကြီးဆုံးလားလို့
အမျိုးသားလွှတ်တော်အနေဖြင့် ထိုင်းနိုင်ငံရှိ ဖမ်းဆီးခြင်းခံရသော မြန်မာကလေးနှစ်ဦး၏ ကိစ္စများ ထပ်မံဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ နိုဝင်ဘာ ၂၃ရက်က ရောက်ရှိခဲ့ပြီး ၂၄ရက်က သံရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ၂၅ရက်တွင် ထိုင်းဝန်ကြီးချုပ် နှင့် တွေ့ဆုံခဲ့သည်။
ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကို နိုဝင်ဘာ ၂၆ရက်တွင် အာမခံ လျှောက်ထားမည်ဖြစ်ပြီး အာမခံအတွက် ကုန်ကျစရိတ်ကို ထိုင်းနိုင်ငံ မြန်မာသံရုံးက တာဝန်ယူမည်ဟု ယင်းအမှု၏ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မ
#Mizzimadaily
Credit - Mizzima - News in Burmese

No comments:
Post a Comment