Tuesday, November 25, 2014

ပြည်သူများသတင်းအချက်အလက်များကို အမြန်ဆုံး သိရှိနိုင်ရေး မီဒီယာများမှတစ်ဆင့် ချပြဖော်ဆောင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ
နိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့သည် နိုဝင်ဘာ ၂၃ရက်က နေပြည်တော် တွင် တွေ့ဆုံခဲ့သည်။ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက် တွေ့ ဆုံမှုဖြစ်သည်။ ထိုတွေ့ဆုံမှုတွင် စာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများက တပ်မတော်ဆိုင်ရာသတင်းများကို ပွင့်ပွင့်လင်းလင်းသိရှိရယူနိုင်ရေးအချက်များ၊ တပ်မတော်နှင့် မီဒီယာတို့၏ ကောင်းမွန်သော ဆက်ဆံရေးလမ်းကြောင်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လိုသည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။ တပ်မတော်ဘက်ကလည်း ထုတ်ပြန်ပေးနိုင်သည့်
သတင်းအချက်အလက်များကို မြဝတီ Web Portel တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြသွားမည့်အကြောင်း၊ တပ်မတော် နှင့်မီဒီယာ များအကြား ချောမွေ့ကောင်းမွန်သည့် ဆက်ဆံရေးယန္တရားတစ်ရပ် ထူထောင် ရန် နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဆော လျင်စွာ ပြုလုပ်သွားမည့်အကြောင်းကို ပြောကြားသွားသည်ကို တွေ့ရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တို့သည် ပထမအကြိမ် တွေ့ဆုံစဉ်ကလည်း တပ် မတော်နှင့် မီဒီယာများအကြား သတင်းရယူထုတ်ပြန်ရေး၊ နားလည်မှုလွဲနေ သည့်ကိစ္စရပ်များ၊ တာဝန်ဝတ္တရားကိစ္စရပ်များအား အဓိကဆွေးနွေးခဲ့ကြပြီး ထိုစဉ်ကလည်း တပ်မတော်အနေဖြင့် တပ်မတော်၏ အရေးအရာကိစ္စရပ် များအနက် ပြည်သူများ သိသင့်သည့်အချက်များကို စာနယ်ဇင်းကောင်စီနှင့် ပူးပေါင်းထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်ကို တွေ့ရသည်။
စာနယ်ဇင်းကောင်စီသည် ယခုမတိုင်မီကာလကလည်း နိုင်ငံတော်သမ္မတနှင့်
နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံခွင့်ရခဲ့ပြီး မီဒီယာလောကတွင်ဖြစ်ပေါ်နေသည့် အခြေအနေများကို တင်ပြခဲ့ကြသည်။ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် စတုတ္ထမဏ္ဍိုင်၏ အရေးပါသောအခန်းကဏ္ဍကို အသိအမှတ်ပြုပါကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် သတင်းလွတ်လပ်ခွင့်ရရှိရန် အရေးကြီးသည်ကို လက်ခံ ပါကြောင်း၊ အစိုးရဝန်ကြီးဌာနများ၏ သတင်းထုတ်ပြန်မှုလုပ်ငန်းများတွင် အားနည်းချက် များရှိနေသည်ကို သိရှိပါကြောင်း၊ ထိုအချက်ကို ဖြေရှင်းနိုင်ရန် အတွက် စာနယ်ဇင်းကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။
ထိုနောက်ပိုင်းတွင် အစိုးရနှင့်မီဒီယာကြားတွင်ဖြစ်ပေါ်နေသည့် အခက်အခဲကို ပူးပေါင်းဖြေရှင်းရန် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာ များ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို နေပြည်တော်တွင် နှစ်ရက်တိုင်တိုင်ပြုလုပ်ခဲ့ပြီး မီဒီယာ၏တောင်းဆိုမှုကို မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများက အမြန်ဆုံး အကောင်အထည်ဖော်ပေးမည်ဟု ပြောကြားခဲ့သည်ကို တွေ့ရသည်။
ယခင်အစိုးရ၏ဖိနှိပ်မှုအောက်တွင် ကာလရှည်စွာရပ်တည်လာခဲ့ရသော စတုတ္ထ မဏ္ဍိုင်မှ တာဝန်ရှိသူများကို ယခုအစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မ တအပါအဝင် တပ်မတော်ဆိုင်ရာမှ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က အသိအမှတ်ပြု လက်ခံတွေ့ဆုံလာသည်ကို တွေ့လာရသည်။
ထိုအချက်သည်ပင်လျှင် အစိုးရနှင့် ပြည်သူကို ပေါင်းကူးပေးနေသည့် စတုတ္ထ မဏ္ဍိုင်အတွက် ကောင်းမွန်သောလက္ခဏာတစ်ရပ်ဖြစ်သည်။ သို့သော် ထိုထက်ကောင်းမွန်သောရလဒ်တစ်ခုကို ရရှိရန်အတွက် နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ပြောကြားခဲ့သည့် အချက်များကို အစိုးရ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အကောင်အထည်ဖော်ဆောင်ရွက်ပေးရ မည်ဖြစ်သည်။
ပွင့်လင်းမြန်ဆန်လာသော သတင်းခေတ်တွင် အချိန်နှင့်တစ်ပြေးညီဖြစ်ပေါ်နေ သည့် အကြောင်းအရာများကို ပြည်သူများသိရှိရန်အတွက် ရေးသားဖော်ပြ နိုင်ရေးနှင့် နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ပြောကြား သည့်အချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် ဌာနဆိုင် ရာများအားလုံးက မီဒီယာများနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်သည်။
ထိုသို့ပူးပေါင်းလုပ်ဆောင်လာနိုင်ပြီဆိုလျှင် ယနေ့ပြည်သူနှင့် အစိုးရကြားတွင် နားလည်မှုလွဲမှားနေသည့် အကြောင်းအရာများ၊ အထူးသဖြင့် ပြည်သူများကြား တွင် ထွက်ပေါ်နေသည့် တပ်မတော်နှင့်ပတ်သက်သည့် သတင်းများအပေါ်တွင် မှန်ကန်မှုရှိမရှိကို ပြည်သူများအနေဖြင့် ရှင်းလင်းစွာသိရှိလာမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများက အစိုးရအပေါ်နားလည်မှုမလွဲစေရေး၊ အစိုးရဌာနများ ကလည်း ပြည်သူများသိသင့်သိထိုက်သည့် သတင်းအမှန်များကို ဆောလျင်စွာ သိရှိနိုင်ရေးအတွက် ပြည်သူများထံ စတုတ္ထမဏ္ဍိုင်မီဒီယာများမှတစ်ဆင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီချပြသင့်ပါကြောင်း ဒီမို ကရေစီတူဒေးသတင်းစာက အကြံပြုရေးသားလိုက်ရပါသည်။
အယ်ဒီတာ (နိုဝင်ဘာ ၂၄၊ ၂၀၁၄)
‪#‎Democracytoday‬

No comments:

Post a Comment