ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များကို လစာငွေများ တိုးမြှင့်ပေး မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ခြင်း ဖြစ်သည်။
“အခုတိုးမြှင့်ရမှာက နေ့တွက် စရိတ်က ၂ သောင်းဖြစ်သွားမယ်။ ချီးမြှင့်ငွေ က ၁၀ သိန်း ကနေ ၁၆ သိန်း ကြား ဖြစ်သွားမယ်။ ချီးမြှင့်ငွေ တိုးမြှင့်တာနဲ့ အတူ ကျွန်တော်တို့ပါ အခွန်ဆောင်ရတော့မယ်။ လစာငွေလည်း မဟုတ်ဘဲနဲ့ အခွန်ဆောင် ခိုင်းတာကတော့ သဘာဝမကျဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်း က သုံးသပ် ပြောဆိုသည်။
အမျိုးသားလွှတ်တော်က ပေးပို့ချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြု လိုက် သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် တိုင်းများမှ ဦးစီးအရာရှိများ၏ တိုးမြှင့်ရရှိမည့် ချီးမြှင့်ငွေ သည် ပြည်ထောင်စု အဆင့် လွှတ်တော် ကိုယ်စားလှယ်များအတွက် လက်ရှိရရှိနေသည့် ကျပ် ၃ သိန်း မှ အနည်းဆုံး ကျပ် ၁၀ သိန်းမှ ၁၆ သိန်းအထိ ရရှိမည်ဖြစ်သည်။ လွှတ်တော် တက်စဉ် နေ့တွက်ခ အနေဖြင့် တစ်ရက်လျှင် နှစ်သောင်းကျပ် ရရှိဦးမည်ဖြစ်သည်။
ယင်းကဲ့သို့ ချီးမြှင့်ငွေ တိုးမြင့်ရခြင်းသည် နောက်ပေါ်ပေါက်လာမည့် လွှတ်တော် ကိုယ်စားလှယ်များ အတွက်လည်းကောင်း၊ နိုင်ငံရေး သက်ဝင်လှုပ်ရှားမှုများ ပိုမိုအားကောင်း လာစေရေး အတွက်လည်းကောင်း၊ နိုင်ငံဝန်ထမ်းများ နည်းတူ တိုးမြှင့်ခံစားသင့်ကြောင်း
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ နည်းတူ တိုင်းဒေသ ကြီး နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအတွက် တိုးမြှင့်ရရှိသည့် ချီး မြှင့်ငွေသည် လက်ရှိရ ရှိနေသည့် ကျပ် ၂ သိန်းမှ အနည်းဆုံး ၅ သိန်းကျပ် မှ ၁၀ အထိ ရရှိမည်ဖြစ်သည်။ ယင်းအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတ
ယခု တိုးမြှင့်ချီးမြှင့်ငွေကို
လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၂၁ ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၁၆ ဦး ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၁ ခုရှိကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုလုံးတွင် လည်း တိုင်းဒေသကြီး နှင့် ပြည်နယ်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်များ ရှိနေသည်။
လက်ရှိ အခွန်ကောက်ခံအမှုအနေ ဖြင့် လစာငွေ ၁ သိန်းနှစ်သောင်း ရရှိ သူများ အနေဖြင့် အခွန်ဆောင်ရန် သတ်မှတ်ထားသည်။
သတင်း - ကျော်ဇေယျ
The Ladies News Journal

No comments:
Post a Comment