Thursday, November 27, 2014

နိုင်ငံရေးပါတီ ၅၆ပါတီ ကိုယ်စားပြုဖွဲ့စည်းထားသည့် PPIC ကော်မတီမှ ရေးဆွဲထားသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်မူကြမ်းကို အတည်ပြုနိုင်ရေး စုံညီစည်းဝေး

ရန်ကုန်၊ နိုဝင်ဘာ ၂၅- နိုင်ငံရေးပါ တီ ၅၆ပါတီ ကိုယ်စားပြု ဖွဲ့စည်းထားသည့် PPIC ကော်မတီမှ ရေးဆွဲထား သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင်မူကြမ်း ကို ကော်မတီတွင်ပါဝင်သော အဖွဲ့ဝင်ပါတီများ အတည်ပြုနိုင်ရေး နိုဝင်ဘာ ၂၅ရက်က စုံညီအစည်းအ ဝေးကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်ရေးဆွဲရေး နိုင်ငံရေးပါတီများ စုံညီအစည်းအဝေးကို ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်တွင် နိုဝင်ဘာ ၂၅ရက်မှ ၂၆ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် သဘာပတိအ ဖြစ်ဆောင်ရွက်ခဲ့သော ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့၊ ကရင်တိုင်း ရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်း သားရေးရာ ကော်မတီဥက္ကဋ္ဌ ဖဒိုစော ထူးအောင်မြင့်က ''ကျွန်တော်တို့ ဒီ နိုင်ငံရေးမူဘောင်ရေးဆွဲတဲ့အခါ မှာ ပါတီအားလုံးကို ကိုယ်စားပြုတဲ့ မူဘောင်ဖြစ်ဖို့ အင်မတန်မှအရေး
ကြီးပါတယ်။ အားလုံးရဲ့သဘောထားကို ပါဝင်ဖို့လိုပါတယ်။ ကနေ့မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း စဉ်မှာ ပြည်တွင်းစစ်ကို လက်နက်ကိုင်ဖြေရှင်းမယ့် နည်းလမ်းအစား နိုင်ငံရေး
တွေ့ဆုံဆွေးနွေးခြင်း Political Dialouge နည်းလမ်းအားဖြင့် ဖြေရှင်းခြင်း သည်သာလျှင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို အားကန်ပေးနိုင်ပြီး
တော့ ပြည် ထောင်စုမြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကို ပြုလုပ်နိုင်မယ် လို့ ယုံကြည်ပါတယ်'' ဟု မိန့်ခွန်း တွင် ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၅ဦးဖြင့် ဖွဲ့စည်းထားသော PPIC ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို အရှိုချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေး မှူး ဆလိုင်းအောင်မင်းလှိုင်က ဖတ် ကြားခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
Peace and Political Dialo-uge Initiative Committee(PPIC) ကော်မတီကို စက်တင်ဘာ ၁၃နှင့် ၁၄ရက်များတွင် နိုင်ငံရေးပါတီများ တွေ့ဆုံအပြီးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ် ပြီး ကော်မတီအစည်းအဝေး ရှစ်ကြိမ်ပြုလုပ်အပြီးတွင် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် မူကြမ်းကိုအတည်ပြုခဲ့ခြင်းဖြစ်သည်။
''ယနေ့ဆွေးနွေးပွဲမှာ PPIC အဖွဲ့ကရေးဆွဲခဲ့တဲ့ ဆွေးနွေးပွဲ မူဘောင်မူကြမ်းကို နိုင်ငံရေးပါတီ များထံ ပြန်လည်တင်ပြခြင်းဖြစ်ပြီး နိုင်ငံရေးပါတီခေါင်းဆောင် များက ဒီမူဘောင်မူကြမ်းအပေါ် အလေးအနက်ဆွေးနွေးကြပြီး အတည်ပြုပေး ရန်ဖြစ်ပါတယ်''ဟု ဆလိုင်းအောင်မင်းလှိုင်က ပြောကြားခဲ့သည်။
နှစ်ရက်တာ အစည်းအဝေးပွဲ အပြီးတွင် အတည်ပြုပေးလိုက်သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို PPIC အဖွဲ့အနေဖြင့် အခြားနိုင်ငံရေး အဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

SYMZ
‪#‎Democracytoday‬

No comments:

Post a Comment