တပ်မတော်ရဲ့သတင်းအချက်အလက်တွေ ထုတ်ပြန်နိုင်ဖို့အတွက် သတင်းသမားတွေနဲ့ မကြာခင် တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ပြောလိုက်ပါတယ်။
နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် စာရေးဆရာ ဦးဖေမြင့်က ပြောပါတယ်။
"အဲ့ဒီလို ပုံမှန်သတင်းရယူနိုင်အောင် ဆက်သွယ်ပြီးယူလို့ရအောင် လုပ်မယ်ဆိုတဲ့အကြောင်းပြောတ
ယ်၊ သတင်းသမားတွေနဲ့ တပ်မတော်က သတင်းထုတ်ပြန်ရေးနဲ့ပတ်သက်လ
ို့ ထာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမယ် အလုပ်ရုံဆွေးနွေးပွဲတစ်ခုမယ
်လို့ပြောတယ်၊ မကြာခင်ပေါ့နော် တက်နိုင်သလောက်မြန်မြန်ဆန်ဆ
န် ရန်ကုန်မှာ သတင်းသမားတွေနဲ့ တပ်မတော်ဘက်က ပုဂ္ဂိုလ်တွေနဲ့ လုပ်ကြမယ်ဆိုပြီးတော့ အဲ့ဒါကိုတော့ပြောတယ်"
သတင်းသမားတွေအနေနဲ့ တိုက်ပွဲသတင်းတွေ ဖော်ပြတဲ့အခါ တပ်မတော်ဘက်က
သတင်းအချက်အလက် ရရှိဖို့ခက်ခဲနေတာတွေကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ
(ယာယီ)အဖွဲ့ဝင်တွေက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
အပါအဝင် တပ်မတော်က ကိုယ်စားလှယ် ၁ဝ ဦးနဲ့ မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ
့ဝင် ၉ ဦးဟာ လေးနာရီကြာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင
်စီ
(ယာယီ) အဖွဲ့ဝင်တွေ ပထမဦးဆုံးအကြိမ် တွေ့ဆုံစဉ်မှာ တပ်မတော်က သတင်းတွေကို
ထုတ်ပြန်ပေးဖို့အတွက် တပ်မတော်အရာရှိ ၃ ဦးကို တာဝန်ပေးထားပေမယ့်
လက်ရှိမှာ သတင်းမီဒီယာတွေအနေနဲ့ သတင်းအချက်အလက်ရယူဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
Credit - RFA Burmese
No comments:
Post a Comment