၆ ပွင့်ဆိုင်တွေ့ဆုံဖို့ ၈၈မျိုးဆက် ကိုမင်းကိုနိုင် ထောက်ခံ
ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာဖို့
ဒီကနေ့ ဆုံးဖြတ်လိုက်တာကို ၈၈မျိုးဆက်ငြိမ်းချမ်းရေး နဲ့
ပွင့်လင်းလူ့အဖွဲ့အစည်းက ထောက်ခံကြောင်း ဒီကနေ့ ကြေညာချက်
ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကနေ တိုင်းပြည်ရဲ့ လက်ငင်းပြဿနာတွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အဖြေရှာနိုင်ဖို့ ဦးတည် သွား သင့်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
Credit - RFA Burmese
No comments:
Post a Comment