နေပြည်တော်၊ နိုဝင်ဘာ ၂၅
ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို
အချိန်မီလုပ်ဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့
အရေးကြီးအဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊
အမျိုးသားနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊
တိုင်းရင်းသား
ခေါင်းဆောင်တစ်ဦး အချိန်မီတွေ့ဆုံဖို့ အခုလို အတည်ပြု လိုက်တာပါ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ခြောက်ပွင့်ဆိုင်
အချိန်မီတွေ့ဆုံဖို့ ပဲခူးတိုင်းဒေသကြီး အမှတ် ၁၀ မဲဆန္ဒနယ်က
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ပြည်ထောင်စုလွှတ်တော်မှာ
အရေးကြီး အဆိုတင်ခဲ့တာပါ။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment