မောင်သင်တုန်း
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် သဘောတူသည်ဟု ပြောလိုက်ပြီး
ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန်မူ လွှတ်တော်၏ သဘောဆန္ဒဖြစ်သည်ဟု ၎င်း၏အမြင်ကို
နိုဝင်ဘာ ၂၆ရက်က မီဒီယာအချို့ကို ပြောကြားလိုက်သည်။
"ပုဒ်မ ၄၃၆ကတော့ ပြင်သင့်ပါတယ်။ ပုဒ်မ ၅၉(စ)လုံးကတော့ လွှတ်တော်ရဲ့ သဘောပေါ့"ဟု ဦးခင်အောင်မြင့်က ပြောသည်။
အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည့် အချိုးကျ ကိုယ်စားပြုစနစ် (PR)
ဒီဇိုင်းနှစ်မျိုးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်သည်ဟု
ထပ်မံပြောဆိုလိုက်သည်။
#Mizzimadaily
Credit - Mizzima - News in Burmese
No comments:
Post a Comment