မုံရွာ (မဇ္ဈိမ) ။ ။ ပါဂျဲရိုးကားတစ်စီးက ဆိုင်ကယ် ၁၂စီးကို တိုက်ကာ
လူ ၉ဦး ဒဏ်ရာရသည့် ဖြစ်ရပ်တစ်ခု စစ်ကိုင်းတိုင်း မုံရွာမြို့
ရုံးကြီးရပ်ကွက်တွင် နိုဝင်ဘာ ၂၂ရက် ည ၇နာရီက ဖြစ်ပွားခဲ့သည်ဟု အမှတ် ၁၄
ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒု-တပ်ဖွဲ့ခွဲရုံးမှ သိရသည်။

မုံရွာမြို့
ရုံးကြီးရပ်ကွက်၊ ရုံးကြီးလမ်းပေါ်တွင် နိုဝင်ဘာ ၂၂ရက် ညက ယာဉ်တိုက်မှု
စတင်ဖြစ်ပွားခဲ့သည့် ပါဂျဲရိုးကားကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကိုတိုးကြီး)
ယင်းပါဂျဲရိုးကားက ဈေးဝယ်ရန် လမ်းဘေး၌ ရပ်ထားသည့် ဆိုင်ကယ်များကို ဝင်တိုက်ခဲ့ပြီး ဆိုင်ကယ်များ ပျက်ဆီးကာ လမ်းဘေးတွင် သွားလာနေသူ အမျိုး သား ၇ဦး၊ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိခဲ့ပြီး မုံရွာပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာကုသရေးဌာနတွင် ဆေးကုသခဲ့ရသည်။ ထို့ကြောင့် အဆိုပါ ယာဉ်တိုက်မှု အား အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုတပ်ဖွဲ့ရုံးမှ အမှုဖွင့်အရေးယူထားသည်။
Credit - Mizzima News
No comments:
Post a Comment