စစ်ကိုင်း၊ နိုဝင်ဘာ ၂၆
အနာဂတ်လူငယ်၊ လူရွယ်များနှင့်
ပတ်သက်သည့် လူငယ်ရေးရာ ကိစ္စရပ်များ (Youth Forum) ဆွေးနွေး ပွဲကို
နိုဝင်ဘာ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊
စစ်ကိုင်းတောင် ရိုးရှိ IBEC ဗုဒ္ဓဘာသာ ပညာရေး စင်တာ၌
ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ လူငယ်ရေးရာကိစ္စရပ်များ (Youth Forum)
ဆွေးနွေးပွဲကို စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ IBFC ဗုဒ္ဓ ဘာသာ
ပညာရေးစင်တာမှ ကြီးမှူးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အနာဂတ်
လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ ဘ၀အခွင့်အလမ်းဆိုင်ရာ ဘာသာရပ်များကို
ရွေးချယ် တတ်မြောက်စေပြီး ထူးချွန်ထက်မြက်သည့် လူတော်လူ ကောင်းများဖြစ်
လာစေရေးအတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။…
ယင်းလူငယ်ရေးရာ
ကိစ္စရပ်များ (Youth Forum)ဆွေးနွေးပွဲကို နိုဝင် ဘာ ၂၉ ရက်နေ့၊ နံနက် ၈နာရီ
အချိန်မှ စတင်၍ ပြုလုပ်ကျင်းပ မည်ဖြစ်ကာ အဆိုပါ ဆွေးနွေးပွဲတွင်
နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာဇော်ဦးက လူငယ်နှင့် ပတ်သက်သည့် အကြောင်းအရာ
များကိုဆွေးနွေးမည်ဖြစ်သည်။ ထို့ ပြင်အခြားကဏ္ဍ အသီးသီးမှ အတတ် ပညာရှင်များ၊
အသိပညာရှင်များကလည်း လူငယ်နှင့် အနာဂတ် (Youth & Future Progress)၊
လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း (Youth & Job Opportunities)၊
လူငယ်နှင့် အဆိပ်သင့် အစားအစာ (Youth & Poisonous Food)၊ လူငယ်နှင့်
လူကြီးအမြင်ကွာဟမှု (Youth & Generation)၊ လူငယ်နှင့် ကမ္ဘာ့
ငြိမ်းချမ်းရေး (Youth &World Peace)၊ လူငယ်နှင့် မူးယစ်ဆေး (Youth
& Drugs)၊ လူငယ်နှင့် မျက်မှောက် ခေတ်ပညာရေး (Youth & Current
Education)၊ လူငယ်နှင့် ဒီမိုကရေစီ (Youth & Democracy) စသော
ခေါင်းစဉ်များဖြင့် ဟော ပြောဆွေးနွေးကြမည်ဖြစ်ရာ
စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက်လေ့ လာနိုင် မည် ဖြစ်သည်။
အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment