Tuesday, November 25, 2014

ဖွဲ့စည်းပုံပြင်ရေး အခြေခံမူ ဆွေးနွေးချက်များ ပြီးဆုံး၊ ဥပဒေကြမ်းအား လာမည့်လွှတ်တော်တွင် အတည်ပြုမည်

နေပြည်တော် (မဇ္ဈိမ)။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို ကိုယ်စားလှယ် ၁၀ ဦးက ထပ်မံဆွေးနွေးခဲ့ပြီး စုစုပေါင်း ကိုယ်စားလှယ် ၁၄၀ ဦးဆွေးနွေးကာ အပြီးသတ်သွားပြီ ဖြစ်သည်။

Parliament-Naypyitaw
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)


အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာက ၃၁ ဦးပါကော်မတီသည် ဥပဒေကြမ်းအား လွှတ်တော် နားချိန်များတွင် ရေးဆွဲသွားမည်ဖြစ်ပြီး လာမည့် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပမည့် ၁၂ ကြိမ်မြောက်လွှတ်တော် အစည်းအဝေးတွင် တင်ပြမည် ဖြစ်သည်။
တင်ပြချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးကာ ၂၀၁၅ ခုနှစ်၊ မေလတွင် ပြင်ဆင်မည့် ပုဒ်မများအား ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုမည် ဖြစ်သည်။
ယင်းနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပါတီများ၊ ကိုယ်စားလှယ်များ ပြင်ဆင်ကြမည် ဖြစ်သည်။
ထိုရွေးကောက်ပွဲမှ အရွေးချယ်ခံရသည့် ကိုယ်စားလှယ်များဖြင့် ၂၀၁၆ ခုနှစ်ဆန်းတွင် လွှတ်တော်များခေါ်ယူကာ ပြင်ဆင်မည့် အပိုဒ်များ အတည်ပြုခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းများ ပြုလုပ်မည်ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment