Tuesday, November 25, 2014

ကချင်ပြည်နယ်၊ ဟူးကောင်းတောင်ကြားဒေသ မှ ဒေသခံများ ဖောက်လုပ် ထားသည့်လမ်း အဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ ဟူးကောင်းတောင်ကြားဒေသ ဝိရာဇွမ်ဂျာ မှ ဒေသခံ များ ဖောက်လုပ်ထားသည့်လမ်းအား မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေး လုပ်ငန်းစုဝင် ယုဇနကုမ္ပဏီမှ ဝန်ထမ်းများက သောကြာနေ့တွင် ဖျက်ဆီးခဲ့ သည်ဟု သိရသည်။ တောင်ကုန်းများပေါ်ရှိ လယ်ယာမြေ များသို့ သွားရာလမ်း အဖြစ် ဖောက်လုပ်ထားသည့် ထိုလမ်းများအား နိုဝင် ဘာ ၁၄ က ဒေါသ ထွက်နေ သည့် လယ်သမားများ၏ မျက်စိရှေ့တွင်ပင် ယုဇန ကုမ္ပဏီ ဝန်ထမ်း များက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းဖြစ်သည် ဟု မျက်မြင်သက်သေများ က KNG သတင်းဌာနသို့ ပြောကြားသည်။
ထိုလမ်းများမှာ ယုဇနကုမ္ပဏီက ဖောက်လုပ်ထားသည့် လမ်းနှင့် လမ်း ကြေးကောက်ခံသည့်
ဂိတ်များကို ရှောင်လွှဲသွားနိုင်သဖြင့် ကုမ္ပဏီက ဖျက်ဆီး ခြင်းဖြစ်သည်ဟု ဒေသခံများက ယုံကြည်ကြသည်။ ယုဇနက ဖောက် လုပ်ထားသည့် လမ်းအားအသုံးပြုကာ ဖြတ်သန်းခ သုံးထောင်ကျပ်ပေးဆောင်ရ သည်ဟု ဆိုသည်။ ရွာသားများဖောက် လုပ်ထားသည့်လမ်းမှာ ရွာမှ ၃ မိုင် အကွာတွင် တည်ရှိပြီး ယုဇနကုမ္ပဏီ၏ လမ်းထက် ပိုမို အသုံးပြုရ အဆင်ပြေ ကာ မြန်မြန်ဆန်ဆန် ရောက်နိုင်သည်ဟုဆိုသည်။
ရွာ၏အခြားတစ်ဖက်ရှိ ယုဇနကုမ္ပဏီ၏ လမ်းမှာ စတီးဝဲလ် လမ်းမဟောင်း အတိုင်း ဖောက်လုပ်ထားခြင်းဖြစ်ပြီး အကွေ့အကောက်ပေါများသည်။ ဟူးကောင်းဒေသမှ လယ်သမားတစ်ဦးဖြစ်သူ လဂူးဂွမ်က “ကျွန်တော် တို့ ဖောက်ထားတဲ့လမ်းကို သူတို့က ပိတ်ပစ်ခဲ့ပါတယ်။ အခု ကျွန်တော်တို့ ဆီက လမ်းဖြတ်သန်းခ မရ မှာ စိုးတဲ့အတွက် လမ်းကိုဖျက်ပစ်ပါတယ်” ဟု KNG သတင်း ဌာနအား ပြောကြားခဲ့သည်။
လမ်းအား ဖျက်ဆီးသူ ယုဇနဝန်ထမ်းများက ဒေသတွင်းရှိ ယုဇနဂိတ်များ၏ ဦးစီးမှူးဦးမြကျော် ၏ ဆောင်ရွက်ခြင်း ဖြစ် သည်ဟု ရွာသားများအားပြောကြား ခဲ့သည်။ ယုဇနကုမ္ပဏီ၏ လုပ်ရပ်အား ဆန္ဒပြရန်စီစဉ်နေသည်ဟု ရွာသားများ က ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီအမတ် ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီ မှာ တောင်ကြားဒေသ တွင် အငြင်းပွားများ ယခင်ကတည်းက ပေါ်ပေါက်ခဲ့ဖူးသည်။ ယုဇနကုမ္ပဏီသည် ၂၀၀၆ မှ စ၍ ထိုစဉ်က မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၏ ထောက်ခံ မှုဖြင့် ဒေသခံလယ်သမားများထံမှ မြေဧက ထောင်နှင့်ချီ သိမ်းယူကာ ကြံနှင့် ပီလောပီနံများ စိုက်ပျိုးရန် လုပ်ဆောင်ခဲ့ဖူးသည်။ ဦးဌေးမြင့်နှင့် ဦးအုန်းမြင့် တို့ နှစ်ဦးလုံးမှာ ၂၀၁၀ တွင် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ကချင်ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ (KDNG) ၏အစီရင်ခံမှု အရ ပြီးခဲ့သည့် ခုနစ်နှစ် အတွင်း ဟူးကောင်းတောင်ကြားဒေသတွင် ယုဇနကုမ္ပဏီက သိမ်းယူ ခဲ့သည့်မြေ မှာ ဧကနှစ်သိန်းကျော်ရှိသည်ဟုဆိုသည်။

Ref - KNG
The Ladies News Journal

 

 
 

No comments:

Post a Comment