Saturday, November 29, 2014

အစိုးရစက်မှုလက်မှုသိပ္ပံများမှ ထူးချွန်စွာ အောင်မြင်သူများ နည်းပညာတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၈-အစိုးရစက် မှုလက်မှုသိပ္ပံများမှ ထူးချွန်စွာအောင် မြင်သူများကို နည်းပညာတက္ကသိုလ် များသို့ ပေါင်းကူး ဝင်ခွင့်စာမေးပွဲများ ပြုလုပ်ပြီး ဝင်ခွင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သည် အစိုးရနည်းပညာအထက်တန်း ကျောင်းများမှ ထူးချွန်စွာအောင်မြင် သူများကို နည်းပညာ တက္ကသိုလ်များ သို့ တိုက်ရိုက်ဝင်ခွင့်ပေးထားပြီးဖြစ် ကြောင်း၊ အစိုးရနည်းပညာသင်တန်း ကျောင်းများမှ အောင်မြင်သူများကို လည်း အစိုးရစက်မှုသိပ္ပံများသို့ ဝင် ခွင့်ပေးထားကြောင်း၊ ယခင်နှစ်ကစတင် ဖွင့်လှစ်ခဲ့သော ဂျီတီအိုင်သင်တန်းများ မှ ထူးချွန်စွာအောင်မြင် ခဲ့သော သူများ ကို နည်းပညာတက္ကသိုလ်များသို့ တက်ရောက်နိုင်ခွင့်ကို ပေါင်းကူး
ဝင်ခွင့်စာမေးပွဲများပြုလုပ်ပြီး ဝင် ခွင့်ပေးသွား မည်ဖြစ်ကြောင်း သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက် တာအောင်ကျော်မြတ် က ပြောကြားသည်။
''အင်ဂျင်နီယာ ပညာရေးနဲ့ကျွမ်း ကျင်သူပညာရေးကိုခွဲခြားပြီး ဆောင် ရွက်နေပြီဖြစ် တဲ့ အတွက် နည်းပညာ တက္ကသိုလ်မှာ ၂၀၁၄- ၂၀၁၅ ပညာ နှစ်က စတင်ပြီးတော့ အင်ဂျင်နီယာ ဘွဲ့ ခြောက်နှစ်သင်တန်းများ စတင် ဖွင့်လှစ် သင်ကြား မှာ ဖြစ်ပါတယ်။ နည်းပညာ တက္ကသိုလ်တွေက အင် ဂျင်နီယာဘွဲ့ရများ အရည်အသွေး မြင့်မားလာစေရေးအတွက် အစွမ်း ကုန်ဆောင်ရွက်လျက် ရှိပါတယ်'' ဟု ဒေါက်တာအောင်ကျော်မြတ်က ပြောသည်။
နည်းပညာတက္ကသိုလ်များတွင် ဆရာ၊ ဆရာမများအရည်အသွေးမြင့် မားလာစေရေး ၊ စာသင်ခန်းလက် တွေ့ခန်းပြည့်စုံ မှုရှိစေရေးနှင့် လက် တွေ့ခန်းသုံးပစ္စည်းများပြည့်စုံစေ ရေး၊ သင်ကြားသင်ယူမှုများ ပိုမို ကောင်းမွန်စေရေးတို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဒုတိယဝန်ကြီးပြောကြား ခဲ့ ခြင်းများသည် နိုဝင်ဘာ ၂၆ရက်နေ့ ကျင်းပသော ပြည်သူ့လွှတ်တော်ပုံ မှန်အစည်းအဝေးတွင် ကမာရွတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါက်တာစိုးရင်၏ အေဂျီ တီအိုင်သင်တန်းများ မှကျောင်းပြီးသူ များသည် နည်းပညာ တက္ကသိုလ်များ သို့ ဝင်ရောက်နိုင်ခွင့် အတွက် ပေါင်း ကူးအစီအစဉ်များရှိ၊ မရှိ ထပ်ဆင့် မေးခွန်းအပေါ် ပြန် လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာ နလက်အောက်တွင် နည်းပညာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှု အထက် တန်း ကျောင်းပေါင်း ၆ဝကျော် ရှိပြီး လာ မည့်နှစ်တွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ၁၁ကျောင်းကို တိုးမြှင့် ဖွင့်လှစ်ရန် လျာထားကြောင်း သိရ သည်။

ATK
‪#‎Democracytoday‬

No comments:

Post a Comment