ရန်ကုန်၊ နိုဝင်ဘာ၂၈
ဗိုလ်ချုပ် အောင်ဆန်းရာပြည့်ပွဲတော် ကျင်းပ
ချိန်တွင်လုံခြုံရေးအပိုင်းကို တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျ
ဖြင့်တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဗိုလ်ချုပ်ရာပြည့်ပွဲတော်
ကျင်းပရေး ဗဟိုဦးဆောင်ကော်မ တီ မှ သိရသည်။
ရာပြည့်ပွဲတော်တွင်
ဒေါ်အောင် ဆန်းစုကြည်အပါအဝင် နိုင်ငံတော် အကြီးအကဲ များကိုလည်း ဖိတ်ကြား
သွားမည်ဖြစ်ပြီး တက်ရောက်မည့် အပေါ်မူတည်ပြီး လုံခြုံရေးအပိုင်း ကိုလည်း
တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ယူလုပ်ဆောင် မည် ဖြစ်ကြောင်း သိရသည်။
''အကြီးအကဲတွေကိုလဲ ဖိတ်စာ ပို့မယ်။ တက်မတက်ဆိုတာတော့ မသိဘူး။ တက်တဲ့အပေါ်
မူတည်
ပြီးတော့ လုံခြုံရေးပိုင်းကိုလဲ လုပ် လိမ့်မယ်။ တိုင်းဒေသကြီး ကတော့
ကျွန်တော်တို့ လုံခြုံရေးပိုင်းကိုလုပ် စရာမလိုဘူး၊ သူတို့ပဲတာဝန်ယူ
ဆောင်ရွက်မယ်လို့ ပြောတာကြောင့် ပါ။ ဒေါ်စုထံကိုလဲ အစီအစဉ်တွေ၊
ကျောက်စာတိုင်စိုက်ထူမှာတွေ နဲ့ပတ်သက်ပြီး အကုန်လုံးစာ ပို့ထား တယ်။
သူ့ရဲ့သဘောထားလဲ သိချင် လို့ပါ။ ခုချိန်ထိတော့ ဘာမှမပြော သေးဘူး''ဟု
ဗဟိုဦးဆောင်ကော်မတီ မှ ဥက္ကဋ္ဌဦးဟန်ဇော်ကဆိုသည်။
လက်ရှိတွင်ဗိုလ်ချုပ်ရာပြည့် ပွဲအတွက် ရန်ကုန်နှင့် နတ်မောက် မြို့နယ်မှ
အလှူငွေ သိန်း ၄ဝဝ နီး ပါးရရှိထားကြောင်း နှင့် ကျန်သည့်
တိုင်းဒေသကြီးနှင့် မြို့နယ်တို့တွင် လည်း အလှူငွေလှည့်လည်ကောက်
ခံခြင်းများရှိကြောင်း သိရသည်။
''ခုနစ်ရက်ကျင်းပတာဖြစ်လို့
လုံခြုံရေးကလဲ အရေးကြီးတယ်။ပြီးတော့ ပွဲတော် ကျင်းပနိုင်ဖို့အ တွက်
အလှူငွေရရှိဖို့ကလဲလိုတယ်။ ခုဆိုရင်ရန်ကုန်နဲ့ နတ်မောက်တင် ကျပ်သိန်း ၄ဝဝ
လောက်ရပြီ။ မန္တလေး တို့ ကျန်တဲ့နေရာ တွေမှာလဲ အလှူငွေ
ကောက်ခံနေတာတွေရှိတယ်။ ဘယ် လောက်ရလဲဆိုတာ အတိအကျမသိ ရသေးဘူး။
ကျောက်စာတိုင်စိုက်ထူ မှာလဲ ပြည်သူတွေရဲ့ အလှူငွေနဲ့ပါ ပဲ'' ယင်းက
ဆက်လက်ပြောသည်။
ဗိုလ်ချုပ်ရာပြည့်ပွဲတော်ကို ဖေ ဖော်ဝါရီ ၇ ရက်မှ ၁၃
ရက်ထိ ခုနစ် ရက်တိုင် တိုင် စည်ကားသိုက်မြိုက် စွာ
ကျင်းပမည်ဖြစ်ကြောင်းနှင့် ဗိုလ် ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ တွင်
ဗိုလ်ချုပ်အထိမ်းအမှတ်ကျောက် စာတိုင်ကိုလည်း စိုက်ထူသွားမည် ဖြစ်ကြောင်း
သိရသည်။
လက်ရှိတွင် ဗိုလ်ချုပ်အထိမ်း အမှတ်ကျောက်စာတိုင်ကို
ဗိုလ်ချုပ် နေအိမ် ပြတိုက် အရှေ့ဘက် ထောင့်နေရာတွင် စိုက်ထူနိုင်ရန် အတွက်
ယဉ်ကျေးမှုဝန်ကြီးဌာန သို့ တရားဝင်တောင်းဆိုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ွှ
#Democracytoday | (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
==========================================
#YangonMediaGroup | #MZK | www.yangonmedia.com
No comments:
Post a Comment