လာမည့်ရွေးကောက်ပွဲ တွင် ဒုတိယသမ္မတနေရာ အမည်စာရင်းတင်သွင်းခံရရန် ဒေါ် အောင်ဆန်းစုကြည် အပါအ၀င် မည်သူနှင့်မဆို ပြိုင်ဆိုင်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းကပြောသည်။
နိုဝင်ဘာ ၂၂ရက်တွင် ပြုလုပ်ခဲ့သော ဗီအိုအေသတင်းဌာနနှင့်အင်တာဗျူး၌ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာမည့် ဒုတိယသမ္မတနေရာအတွက် မည်ကဲ့သို့သဘောထား ရှိပါသလဲဆိုသည့် မေးခွန်းကို သူရဦးရွှေမန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘ပြိုင်ဆိုင်ဖို့ အတွက်က တော့ ဒေါ်အောင်ဆန်းစုကြည် လည်း ပြိုင်ဆိုင်မယ်။ ကျန်တဲ့ တ ခြားသူရှိမယ်ဆိုရင်လည်း ပြိုင်ဆိုင်မယ်။ ဒါက အခွင့်အရေးပါ ပဲ။ ပြိုင်ဆိုင်မှုအတွက် မိမိတို့ လို လားတယ်။ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ပြောမယ်ဆိုရင်လည်း အခု ပါတီချင်းပြိုင်ဆိုင်နေတာပဲ။ လူချင်းလည်း ပြိုင်ဆိုင်နေတယ်။ အဲဒီလို ပြိုင်ဆိုင်ဖို့အတွက် ဒီလို ရှိတဲ့နေရာမှာတစ်ယောက်နဲ့တစ် ယောက်ရန်သူလို သဘောထား ဆောင်ရွက်မယ့် အချိန်လည်းမ ဟုတ်ဘူး’’ ဟု ၎င်းက ဖြေဆိုခဲ့သည်။
ယခင် ရွေးကောက်ပွဲ ကာလများကဲ့သို့ ပါတီချင်း အပြုတ်တိုက်၊ အပြတ်ရှင်းရမည့်အချိန်မဟုတ် ဘဲခေတ်စနစ်နှင့်အညီပေါ်ပေါက်လာသော ရွေးကောက်ပွဲဖြစ်သောကြောင့် အားလုံးပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
သို့ရာတွင် ရွေးကောက်ပွဲ၌ အနိုင်ရအောင် တရားသော ယှဉ်ပြိုင်ခြင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းသဘောတူထားကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။
Credit - 7DAY DAILY
No comments:
Post a Comment