“အင်္ဂလိပ်တွေထွက်သွားပြီးကတည
ကိုဘသစ်က စိတ်ပျက်ဟန်နှင့် ကျွန်တော့်ကို ပြောပါသည်။
“ဗြိတိသျှအစိုးရက ဖန်တီးခဲ့တယ်လို့လည်း ပြောလို့ရတယ်။ သူတို့က ပြည်သူတွေ ကို စိတ်မဝင်စားဘူး။ သူတို့အကျိုးအမြတ်ကိုပဲ စိတ်ဝင်စား ခဲ့တယ်”
“ဒါဆိုရင် ခုခေတ်မှာလည်း သိပ်မထူးဘူးလို့ထင်တယ် ကိုဘသစ်”
“ဒီမိုကရေစီအစိုးရဖြစ်ဖို့ ဦးတည်နေတယ်လေ။ လင်ကွန်းပြောသလို from the people, to the people, by the people ပါပဲ။ ပြည်သူမှ၊ ပြည်သူသို့ ပြည်သူ့အတွက်ပေါ့ဗျာ။ ဒီတော့ ပြည်သူတွေက အတော်လေးကို အဓိကကျတာပေါ့”
“အင်း၊ ဒါဆိုရင် ဒီမိုကရေစီမှာ အတော်လေး အခက်အခဲရှိမှာပဲကိုဘသစ်”
“ရှိတာပေါ့ဆရာညိုရာ၊ လူအားလုံးရဲ့ဆန္ဒဆိုတော့ ခက်တာပါပဲ။ လူ့အလို နတ်မလိုက်နိုင်ဘူး”
“ဒီလိုဆို ဒီမိုကရေစီခရီးကို ဘယ်လိုသွားကြမလဲ”
“မတူတာတွေဖယ်ပြီး တူတာတွေနဲ့ ခရီးသွားပေါ့။ ဒီလိုနဲ့ ပန်းတိုင်ရောက်မှာပါ”
“ပန်းတိုင်ရောက်ရင် ကောင်းတာပေါ့ဗျာ။ ကျွန်တော်မြင်သလောက် ဆန့်ကျင်သူတွေအ ရမ်းများတယ်တဲ့။ ဒီမိုကရေစီကိုသွားတဲ့ နိုင်ငံ ၁၀၀ မှာ ၈၇ နိုင်ငံက နောက်ပြန်လှည့်တယ်လို့ ပြောသံကြားဖူးတယ်”
“၁၃ နိုင်ငံပဲ ဒီမိုကရေစီပန်းတိုင်ကို ရောက်တာပေါ့ဟုတ်လား”
“ဟုတ်ပါတယ်။ ဒါကို ကြောက်ရွံ့ပြီးဆန့် ကျင်သူတွေ အများကြီးရှိတာကိုး။ ပါတီအချင်းချင်း ဆန့်ကျင်တယ်။ ပါတီတွင်းလည်း ဆန့်ကျင်တယ်။ အဖွဲ့အစည်းတွေလည်း ဆန့်ကျင် ကြတာပါပဲ။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေလုပ်တယ်၊ အဖြေမရဘူး”
“ဆန့်ကျင်သူတွေများတာ ထုံးစံပဲလေ။ ပြင်သစ်သမ္မတဟောင်း ချားလ်ဒီဂေါလ်ပြော သွားတဲ့ စကားရှိတယ်၊ “ကျွန်တော်ဟာ ကျွန်တော့်ကို ဆန့်ကျင်သူများကိုသာ လေးစားတယ်။ သို့သော် သည်းညည်းတော့မခံနိုင်ပါ ဘူး” တဲ့”
“ကျွန်တော် သဘောကျတယ် ကိုဘသစ်။ ဒီဂေါလ်ရဲ့စကားထဲမှာ တစ်ယောက်ကိုတစ်ယောက် လေးစားတာတွေဟာ အရေးကြီးဆုံးပဲ”
“ဒါပေမဲ့ ဒီလိုသည်းခံတဲ့အခါ ဒဏ်ရာအတော်များမှာပါပဲ။ ဒီအတွက် အတော်လေးကို သည်းခံမှဖြစ်တာကိုး”
“ဒါကတော့ လူ့သဘာဝအရ ပြောထားတာပါ။ သူ့အနေနဲ့ ဆန့်ကျင်တာကိုတော့ ကြိုက်တယ်၊ သည်းမခံနိုင်ဘူးလို့ တည့်တည့်ပဲ ပြောသွားတာပဲ မဟုတ်လား။ ဒါပေမဲ့ ဆန့်ကျင်ဘက်ကို ရင်ဆိုင်တာကိုက တိုးတက်စေတာပါပဲ”
“ဟုတ်ပါတယ်။ တော်လှန်ရေးကောင်စီ တက်တဲ့ ၁၉၆၂ မတ်လကနေ နောက် ၅ လအတွင်း အရေးအခင်းပေါ်ပေါက်လာတယ်။ ဒါဟာ စစ်တပ်က ကျောင်းသားတွေကို သည်းမခံနိုင်တာတွေ အများကြီးဖြစ်လာပါတယ်”
“စစ်တပ်လို့ သိမ်းကြုံးပြောတာထက် ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်စိန်လွင်၊ ဗိုလ်ကျော်စိုး စတဲ့ စစ်ဗိုလ်တွေက ဆောင် ရွက်တဲ့ကိစ္စပါလို့ ပြောရင် ပိုကောင်းပါတယ်”
“မှန်ပါတယ်။ သမိုင်းဖြစ်စဉ်ကို ပြန်ကြည့်ကြမယ်။ သာမန်အားဖြင့် လူတွေရဲ့တိုးတက်မှုတွေ အောင်မြင်မှုတွေကို ဘယ်လိုရလဲ၊ ရုန်းကန်ရတာပဲမဟုတ်လား၊ ဆန့်ကျင်တာတွေကို ဖြိုဖျက်ကြတာပဲမဟုတ်လား”
ကိုဘသစ်ပြောတာကို စဉ်းစားမိပါသည်။
လူ့သမိုင်းတစ်လျှောက် လူတို့သည် အစဉ်တစိုက် ရုန်းကန်လှုပ်ရှားခဲ့ကြသည်။ လူတို့ သည် ဆန့်ကျင်တာမှန်သမျှ ရင်ဆိုင်ဖြိုဖျက် ကြသည်။
ထိုအတွက် တိုးတက်မှုဆိုသည်မှာ ရင်ဆိုင်တွန်းထိုး တိုက်ခိုက်ရာမှရသော အောင်မြင်မှုရလဒ်များဖြစ်သည်
တိုးတက်မှုသည် ဆန့်ကျင်မှုနဲ့ တိုက်ရိုက် ပတ်သက်နေသည်ကို တွေ့ရပေမည်။
သို့သော် သူတို့သည် သဘာဝတရားကို တွေ့လာသည်။
၎င်းသည်ကား ဆန့်ကျင်သူများနှင့်အတူ ပူးတွဲနေထိုင်ခြင်းပင်ဖြစ်သ
“လူဟာ ဆန့်ကျင်မှုတွေကိုကြောက်ကြ တယ်။ ဆန့်ကျင်တာတွေကို ရင်ဆိုင်ဖို့ရာ ဝန်လေးတယ်။ ရင်ဆိုင်စမ်းပါ။ မကြောက်ပါနဲ့လို့ ပြောရင် လက်မခံကြဘူး” ဟု ကိုဘသစ်က ရှင်းပြသည်။
“ဒါပေမဲ့ အခက်အခဲ နည်းနည်းလောက်ပဲရှိရင် နည်းနည်းပဲအောင်မြင်တယ်၊ ခက်ခဲမှုများရင် ပိုအောင်မြင်တယ်။ စိန်ခေါ်မှုတွေဟာ လူတွေရဲ့ ခွန်းအားကိုဖြစ်စေတယ်”
ဆန့်ကျင်တာတွေများပါမှ အောင်မြင်မှုလည်းများသတဲ့။
“စင်ကာပူကိုကြည့်ပါလား။ ဘာသယံဇာတကိုမှ အားမကိုးနိုင်ဘူး။ ရေတောင် မလေးရှားကနေဝယ်ပြီးသုံစွဲနေ
“လေတံခွန် (စွန်)လွှတ်ကြတာကိုကြည့်ပါ”
“ကွင်းပြင်တွေထဲမှာ နွေဦးမှာ ကလေးတွေ ရောင်စုံစွန်တွေလွှတ်တာ အရမ်းလှတာပဲ။ လေထဲမှာ စက္ကူတွေတိုးသွားသံက တဖြတ်ဖြတ်နဲ့”
“ဟုတ်ပါတယ်။ အဲဒီ လေတံခွန်ဟာ လေကိုဖီဆန်ကန့်လန့်ခံမှ အမြင့်ကိုပျံတက်နိုင်တယ်”
“တကယ်ပဲလား”
“ခင်ဗျားစဉ်းစားကြည့်၊ စွန်လွှတ်တယ်ဆိုတာ လေနဲ့ဆန့်ကျင်ဘက်ကနေ ဆွဲရတယ်။ စွန်ဟာ လေနောက်ကိုအတူမလိုက်ဘူး။ ဒါကြောင့် အပေါ်ကိုရောက်တာ”
**********
ဆန့်ကျင်တိုက်သည့်လေ အားကောင်းသည် နှင့်အမျှ လေတံခွန် (စွန်) သည်လည်း အထက်ကို ပိုရောက်ပါသည်။
ကမ္ဘာဆိုတာလည်း နေ၏ဆွဲအားကို ဆန့်ကျင်လည်ပတ်နေသည်။ နေက ကမ္ဘာကို သူ့ဘက်ကိုသူဆွဲသည်။ ကမ္ဘာက မိမိဘက်ကို ဆွဲယူလည်ပတ်သည်။ ဗဟိုခွာအားဖြစ်လာသည်။ နေ၏ဆွဲငင်အား ဘယ်လိုအားကောင်းကောင်း ကမ္ဘာကို သူ့ဘက်ကိုပါလာအောင် မဆွဲနိုင်ဘူး။ မျှခြေမှာတည်နေသည်။
]ဒါပေမဲ့ မဆွဲဘဲရပ်နေလို့တော့မရဘူး”
“ဘာဖြစ်လို့လဲ ကိုဘသစ်”
“ရပ်လိုက်ရင် ကမ္ဘာကြီးဟာ နေပေါ်ကျ ချင်ကျသွားမယ်”
“ဒါဆိုရင် မီးလောင်ပျက်စီးမှာပေါ့”
“ဟုတ်တယ်လေ။ ကမ္ဘာရဲ့ဗဟိုခွာအား ဟာ များသွားရင်လည်း ကမ္ဘာကြီးဟာ လွင့် စင်သွားမှာပါပဲ”
“ဒါဆိုရင် ခင်ဗျားပြောတာကို သဘော ပေါက်လာပြီ။ ကျွန်တော်တို့ဟာ ဆန့်ကျင် ဘက်တွေနဲ့တော့ ပူးတွဲနေဖို့လိုတယ်။ ဒီလို နေပြီး တစ်ယောက်ကိုတစ်ယောက် မဖျက် ဆီးရဘူးပေါ့ဟုတ်လား”
“မှန်ပါတယ်။ တို့တစ်တွေ ပါတီတွေအများ ကြီးရှိလာမယ်။ ဒီတစ်ခါ တစ်ယောက်နဲ့တစ် ယောက် ဆန့်ကျင်တာတွေရှိမယ်။ တူညီတာ တွေလည်းရှိမှာပါပဲ။ ဒီအခါ အကောင်းဆုံး အဖြေကိုရှာဖို့လိုတယ်။ တစ်ခါတစ်ခါ စိတ် ပျက်သွားတာတွေမျိုးရှိတယ်။ ဗိုလ်ချုပ်အောင် ဆန်းဆို ဒီလိုပုံစံတွေ အများကြီးကြုံခဲ့တယ်။ ပင်လုံညီလာခံဆိုတာ နယ်ချဲ့က သွေးခွဲလို့၊ ရှမ်းစော်ဘွားအချို့ ဆန့်ကျင်လို့ ပေါ်ပေါက် ခဲ့တာပဲ”
“ဟုတ်ပါတယ်။ ရှမ်းလူမျိုးတွေ အပါအ ဝင် တိုင်းရင်းသားတွေအားလုံး စည်းလုံးကြ ဖို့ ဒီလိုဆန့်ကျင်တာတွေ ဖြစ်လာတာပဲ”
“ယနေ့စည်းလုံးဖို့ အရေးကြီးတယ်”
*******
နိဂုံးချုပ်ပါတော့မည်။
“စကားတစ်ခုရှိတယ်။ သက်တံကို လိုချင်ရင်တော့ နေရောင်ရော မိုးစက်တွေရော လိုတယ်တဲ့။ ( You need both the sun and the rain to make a rainbow. )
အနောက်တိုင်းက ဘ၀မှာ အဆိုးဝါးဆုံး ကာလတွေကို Rainy days လို့ဆိုတယ်။ အကောင်းဆုံး ကာလတွေကိုတော့ Sunny days လို့ဆိုတယ်။ မိုးဟာ အဆိုး၊ နေဟာအကောင်းပေါ့။ ဒါပေမဲ့ အဆိုးရော အကောင်းရော နှစ်ခုစလုံးရောစပ်မှ လှပတဲ့ ရောင်စုံသက်တံကို ရတယ်။ မိုးစက်နဲ့နေရောင် မျှတအောင်လုပ်ထားတာကို သက်တံလို့ ဥပမာပြတယ်”
“ဘ၀မှာ တောက်လျှောက်သာယာနေတဲ့ လူဆိုတာ မရှိဘူးလား”
ကိုဘသစ်ဆက်ပြောသည်။
“လောကမှာ တောက်လျှောက် ဆိုးဝါးနေ သူတွေမရှိပါဘူး။ အဆိုးနဲ့အကောင်း ပေါင်း ဖက်ကြတယ်။ သည်လို အဆိုးနဲ့အကောင်း ပေါင်းစပ်တိုင်းလှပလာနိုင်တ
ကျွန်တော်တို့ စကားဝိုင်းအဆုံးသတ်တွင် ကိုဘသစ်က “ခင်ဗျားတို့အနေနဲ့ ဒါကတော့ ငါ့ကို ဆန့်ကျင်တာပဲ။ ဒါတွေကို ဖြိုဖျက်ရ မယ်ဆိုတဲ့ စိတ်ထားမထားမိဖို့ အင်မတန် အရေးကြီးတယ်” ဟူ၍။
မတူတာတွေကို ချေမှုန်းမှာလား။
မီဒီယာတွေကို ဖြိုဖျက်မှာလား။
အရေးယူမှာလား။
ဒါမှမဟုတ်
လက်တွဲခေါ်ကြမှာလား။
မတူတာတွေကို နှိပ်ကွပ်နေသရွေ့ ဒီမိုကရေစီ ခရီးတွင်မှာမဟုတ်ပါဘူး။
Credit - The Ladies News Journal

No comments:
Post a Comment