Wednesday, November 26, 2014

မြန်မာနိုင်ငံမှ ဘင်္ဂါလီ အကြမ်းဖက်သင်တန်းပေးသူ အိန္ဒိယရဲ ဖမ်းဆီးရရှိခဲ့ဟု ဆို

အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည် Burdwan ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဟိုင်ဒရာဘတ် ပြည်နယ်တွင် ပြီးခဲ့သည့် အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရသည့် ခါလစ် မိုဟာမက် သည် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိသည် ဟု ဟိန္ဒူ စတန်တိုင်းမ်သတင်းစာ က ဖော်ပြထားသည်။
ခါလစ်သည် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်ဆလင်တစ်ဦးဖြစ်သူ ၂၀၁၃ နိုဝင်ဘာလ က အိန္ဒိယသို့ ပြောင်းရွှေ့လာခြင်း မပြုမီ မြန်မာနိုင်ငံတွင် LeT အကြမ်းဖက်အဖွဲ့ မှ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်သွေးကြွများအား သင်တန်းများပေး ခဲ့သည်ဟု ဆိုသည်။

ခါလစ်အား ကနေဦးမေးမြန်းစစ်ဆေးချက်အရ နိုင်ငံ ၄ နိုင်ငံသို့ ဖြန့်ကျက် ထားသော အကြမ်းဖက်အဖွဲ့အစည်း ကွန်ရက်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ပေါ်ထွက်လာခဲ့သည်ဟု ဟိန္ဒူ စတန်တိုင်းမ်သတင်းစာ က ဖော်ပြထားသည်။
အိန္ဒိယစုံစမ်းစစ်ဆေးရေးအေဂျင်စီနှင့် ထောက်လှမ်းရေးဗျူ ရိုမှ အရာရှိများက ခါလစ်၏ နေအိမ်မှ 16 GB ပမာဏရှိ ဒေတာများအား စစ်ဆေးခဲ့ကြသည်။ ထိုဒေတာများတွင် ဖောက်ခွဲရေးပစ္စည်းများထုတ်လုပ်နည်း၊ လက်နက်များ ပစ်ခတ် နည်းနှင့် ကိုယ်ခံပညာများအကြောင်း အူရဒူ ဘာသာဖြင့် ဖော်ပြ ထား သည့် လမ်းညွှန်ချက်များ ပါဝင်သည်။ ထိုဒေတာများ အား မြန်မာနိုင်ငံ နယ်စပ်ရှိ စခန်းများတွင် ဘင်္ဂါလီစစ်သွေးကြွများအား ၁၅ ရက်ကြာ သင်တန်းပေး ရာတွင် အသုံးပြု ခဲ့သည်ဟု ဆိုသည်။
အိန္ဒိယ အကြီးတန်းထောက်လှမ်းရေးအရာရှိတစ်ဦးက “ခါလစ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကို ပြောင်းရွှေ့မလာခင် မြန်မာနိုင်ငံမှာ ဘင်္ဂါလီ စစ်သွေးကြွ ၄၀ ကို ၈ ကြိမ်ခွဲ၍ သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်” ဟု ပြောကြားခဲ့သည်။
ခါလစ်သည် ပါကစ္စတန်နိုင်ငံ ကရာချီနှင့် ဆော်ဒီအာရေဗီးယားရှိ ဘင်္ဂါလီများ ထံမှ များပြားသည့်ငွေကြေးထောက်ပံ့မှုများ ရရှိခဲ့သည်ဟု ဆိုသည်။ ထောက်ပံ့ငွေ များအား တရားမ၀င်လမ်းကြောင်းမှ ပေးပို့လေ့ရှိသည်။
ခါလစ်အား အကြမ်းဖက်အဖွဲ့အတွင်းပါဝင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အဗဒူရာမန် က စည်းရုံးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ အဗဒူလာက ခါလစ် အား ပါကစ္စတန်မှ ရောက်ရှိလာသည့် LeT အဖွဲ့ ၀င် ၂ ဦးဖြစ်သော အလီ နှင့် ဟိုင်ဒါ တို့နှင့် မိတ်ဆက်ပေးခဲ့သည်။ ခါလစ်သည် ပြီးခဲ့ သည့်နှစ် နိုဝင်ဘာလ က အိန္ဒိယ သို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဟိုင်ဒရာဘတ် တွင် အခြေမချမီ ဒေလီ၊ လက္ကနောင်းနှင့် ဂျာမူရှိ မြန်မာနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည် များနှင့် တွေ့ဆုံခဲ့သည်ဟုဆိုသည်။
ခါလစ်၊ အလီနှင့် ဟိုင်ဒါ တို့ ၃ ဦးက မြန်မာနယ်စပ်တွင် ဘင်္ဂါလီ စစ်သွေးကြွများ အား သင်တန်းပေးခဲ့သည်ဟုဆိုသည်။ ခါလစ်သည် ၄င်း၏ အဆက်အသွယ် များနှင့် ဆက်သွယ်မှုပြုလုပ်ရာတွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ထောက် လှမ်းရေးများအား ရှောင်ရှားရန် Viber , WeChat , Tango နှင့် Skype ကဲ့သို့ အွန်လိုင်း ဆက်သွယ်ရေး ကွန်ယက်များအား အသုံးပြုလေ့ရှိသည်။
ခါလစ်အား ကနဦးစစ်ဆေးချက်အား တရားရုံးတွင် တင်သွင်းခွင့်မရှိဘဲ စုံစမ်း စစ်ဆေးရေးအတွက် အထောက်အကူအဖြစ်သာ အသုံးပြုနိုင်သည်ဟု ဟိုင်ဒရာ ဘတ်ပြည်နယ် ရဲချုပ်က ပြောကြားခဲ့သည်။ အရေးကြီး အချက်အလက်များ ကို မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ဌာနများသို့ တရားဝင် ပေးပို့သွားမည်ဟု ဆိုသည်။

Ref - Hindustan Times
The Ladies News Journal

 

No comments:

Post a Comment