Tuesday, November 25, 2014

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို တစ်ပြေးညီကျင့်သုံးရန် အမျိုးသားလွှတ်တော် ဆုံးဖြတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များကန့်ကွက်ခဲ့သော် လည်း အမျိုးသားလွှတ်တော်အတွက် အချိုးကျကိုယ်စားပြုစနစ် (PR)ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး တွင် တစ်ပြေးညီကျင့်သုံးရန် ယနေ့ ကျင်းပသောအမျိုးသားလွှတ်တော် တွင်အတည်ပြုဆုံးဖြတ်လိုက်သည်။

နိုဝင်ဘာ ၂၄ရက်က ကျင်းပ သော အမျိုးသားလွှတ်တော်အစည်း အဝေး ၃၃ရက်မြောက်နေ့တွင် အမျိုး သားလွှတ်တော်ရွေးကောက်ပွဲများ တွင် PR စနစ်ကျင့်သုံးရေးဆိုင်ရာ အဆိုအကောင်အထည်ဖော်ရေးကော်

မရှင်က အစီရင်ခံစာတင်သွင်းအပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ ၁၃၈ဦး၊ ကန့်ကွက်သူ ၂၄ဦးနှင့် ကြားနေငါးဦးရှိသောကြောင့် လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် ယနေ့အတည်ပြုခဲ့ သော PR စနစ်ကျင့်သုံးရေးဆိုင်ရာ အဆို အကောင်အထည်ဖော်ရေးကော် မရှင်က အစီရင်ခံစာကိုပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်သို့ လွှဲအပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌဦးမြငြိမ်း က အသိပေးပြောကြားခဲ့သည်။

''PR ကိုလုပ်မယ်လို့ အမျိုးသား လွှတ်တော်ကဆုံးဖြတ်ပြီးပြီ။ ဆုံးဖြတ် ပြီးတဲ့အပေါ်မှာမူတည်ပြီး ဒါကိုပြန် အစီရင်ခံစာတင်ပြီး မှတ်တမ်းတင်တာ ပါ။ ဒါကိုဆက်လက်ပြီးတော့ဆောင် ရွက်စရာတွေရှိပါတယ်။ ကော်မရှင် ထံရောက်သွားတော့ ကော်မရှင်ကပဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်း ပုံဆိုင်ရာ ခုံရုံးကိုပို့ဖို့အခွင့်အရေးတွေ ရှိပါတယ်။ ဒါကတော့ သူ့သဘောပါ'' ဟု ဒုဥက္ကဋ္ဌက ဆုံးဖြတ်ချက်နှင့်ပတ် သက်၍ လွှတ်တော်တွင်ပြောကြားခဲ့ သည်။

အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲများတွင် ဏျွ စနစ်ကျင့် သုံးရေးဆိုင်ရာ အဆိုအကောင်အထည် ဖော်ရေးကော်မရှင်အစီရင်ခံစာဖတ် ကြားသူ ကရင်ပြည်နယ် မဲဆန္ဒနယ် မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က''FPTP စနစ် မှာ ရော၊ PR စနစ်မှာရော အားနည်းချက် အားသာချက်တွေရှိကြပါတယ်။ ဒါ ပေမဲ့ PR မှာရှိတဲ့ အားနည်းချက်က FPTP စနစ်မှာရှိတဲ့ အားနည်းချက် လောက် မများပါဘူး။ PR က အများ ကို ကိုယ်စားပြုနိုင်ပြီး ဒီမိုကရေစီ စနစ်ကို ပိုပြီးအကောင်အထည်ဖော် ရာရောက်ပါတယ်'' ဟုလွှတ်တော်တွင် တင်ပြခဲ့သည်။

အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲများတွင် PR စနစ်ကျင့်သုံး ရေးဆိုင်ရာအဆို အကောင်အထည် ဖော်ရေးကော်မရှင်အနေဖြင့် PR ဒီဇိုင်းခြောက်မျိုးကို လေ့လာတွေ့ရှိ ထားပြီး ယင်းဒီဇိုင်းများထဲမှ ခေတ် စနစ်နှင့် သင့်လျော်မှုရှိပြီး မဲဆန္ဒရှင် များ အခက်အခဲမဖြစ်စေနိုင်သည့် ဒီဇိုင်းပုံစံနှစ်မျိုးကို ရွေးချယ်ဆုံးဖြတ် ခဲ့ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးခင်မောင်ရီက လွှတ်တော်တွင်ထည့် သွင်းတင်ပြခဲ့သည်။

ဦးခင်မောင်ရီက''နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ၏ ကန့်သတ် ချက်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင် စုများအတွက်မူလ FPTP စနစ်ကို သာဆက်လက်ကျင့်သုံးရမည်ဖြစ်ပြီး ကျန်ဒေသများအတွက် PR စနစ်ကို ကျင့်သုံးသွားနိုင်ပါသည်''ဟု အစီရင် ခံစာတွင်တင်ပြခဲ့သည်။

အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် မတ်တပ်ရပ်ကန့်ကွက်သူမကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်မှ ဦးအောင် ကြည်ညွန့်က''PR စနစ်ကို တိုင်းနဲ့ပြည် နယ်မှာကျင့်သုံးဖို့ သဘောမတူတာ မဟုတ်ပါဘူး။ PR ကျင့်သုံးတာကို ကန့်ကွက်ရတာ ဖြစ်ပါတယ်''ဟုလွှတ် တော်တွင်ပြောကြားခဲ့သည်။

ချင်းပြည်နယ်မဲဆန္ဒနယ်မှဦးပေါ် လျှံလွင်က''စနစ်နဲ့ပတ်သက်ပြီးလွှတ် တော်မှာ အဆိုတင်သွင်းတုန်းကပြည် နယ်တွေမှာသုံးဖို့မဟုတ်ဘူးဆိုပြီး ပြောခဲ့တယ်။ အခုကျတော့တိုင်းနဲ့ ပြည်နယ်တွေ အားလုံးပါနေပါတယ်။ ဒါကိုကန့်ကွက်ပါတယ်'' ဟုလွှတ်တော် တွင်ပြောကြားသည်။

အစီရင်ခံစာနှင့်ပတ်သက်၍ ချင်းပြည်နယ်မဲဆန္ဒနယ်မှ ဦးဇုန်လှယ် ထန်းက ''ဒါကသဘာဝမကျဘူး။ ဘယ် လွှတ်တော်မဆို PR ဒီစနစ်ကအခြေခံ ဥပဒေနဲ့ လုံးဝဆန့်ကျင်နေတဲ့ဟာ ဖြစ်တယ်။ ဒီစနစ်ဟာ အခြေခံဥပဒေ နဲ့ ကိုက်ညီမှုမရှိတဲ့ အတွက် အခြေခံ ဥပဒေကို ဆန့်ကျင်နေတာလို့ ပြောချင် တယ်'' ဟုပြောသည်။

SYMZ,MO

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

 Credit - Yangon Media Group




 

No comments:

Post a Comment