![]() |
သေဆုံးခဲ့သည့် ဗိုလ်လောင်းများ၏ မြေပုံများ (ဓာတ်ပုံ - Jade Land) |
ကေအိုင်အေ ဗိုလ် လောင်းသင်တန်းကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်စေပြီး ပြည်ထောင်စုအစိုး ရနှင့် မြန်မာ့တပ်မတော်မှ တာဝန် ယူမှုရှိစွာ ဖြေရှင်းပေးရန်တိုက် တွန်းကြောင်း ကြေညာချက်များ ကို နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများက သီခြားစီထုတ်ပြန်ကြေညာသည်။
အပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ကြိုးပမ်းနေချိန် တွင် အဆိုပါဖြစ်ရပ်ကြောင့် အ ပြန်အလှန်ယုံကြည်မှု ထိခိုက်စေနိုင်ကြောင်း လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ(ဌာနချုပ်)က သဘောထားထုတ်ပြန်သည်။
ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောင်လို သော ပြည်သူများ၏ ဆန္ဒသဘော ထားကိုလေးစားသောအားဖြင့် ယခုဖြစ်ရပ်ကို အစိုးရအဖွဲ့နှင့် မြန်မာ့တပ်မတော်တို့က ထိရောက် ပြည့်စုံပြီး တာဝန်ယူမှုရှိစွာဖြေရှင်း ပေးရန်လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းထားသည်။
ချင်းအမျိုးသားတပ်ဦး(CNF)မှလည်း ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWT)နှင့် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)ဆွေးနွေး ပွဲများသည် တိုးတက်မှုများရရှိနေ ပြီး နောက်ဆုံးအဆင့်သို့ ရောက် ရှိနေပြီဟု ပြည်သူများ နားလည်ထားချိန်တွင် အစိုးရတပ်၏ ယခု
လုပ်ရပ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်ကြောင်း ပြသလိုက်ခြင်းဖြစ်ကြောင်းသဘော ထားထုတ်ပြန်သည်။
ပြည်တွင်းစစ်ကို နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးအဖြေရှာမှ သာ ထာဝရငြိမ်းချမ်းရေးကိုတည် ဆောက်နိုင်မည်ဟု ယုံကြည် ကြောင်း CNFကဆိုသည်။
ငြိမ်းချမ်းရေးဆွေးနွေးနေ စဉ်ကာလအတွင်း သင်တန်း ကျောင်းကို ရည်ရွယ်ချက်ရှိရှိပစ် ခတ်ခဲ့ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ယခုဖြစ်ရပ်ဖန်တီးသူ များသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှောင့်ယှက်သူများဖြစ်၍ ထိ ရောက်စွာစစ်ဆေးအရေးယူပေး ရန် ကချင်ဓမ္မတက္ကသိုလ်ကျောင်း သား သူများမိတ်သဟာယက လည်း ထုတ်ပြန်ကြေညာခဲ့သည်။
နိုဝင်ဘာ ၁၉ရက်က အစိုးရ တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် လိုင်ဇာမြို့ရှိ ကေအိုင်အေဗိုလ်လောင်းသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့မှ ၂၃ ဦးသေဆုံး၍ နည်းပြများအပါအ၀င် ၂၀ဦးဒဏ်ရာရရှိခဲ့သည်။
ယင်းဖြစ်စဉ်သည် ငြိမ်းချမ်း ရေးကို ထိခိုက်စေ၍ ပြင်းပြင်းထန် ထန်ကန့်ကွက်ပြီး လိုအပ်သောစုံ စမ်းစစ်ဆေးမှုများပြုလုပ်ပေးရန် သဘောထားကြေညာချက်များ ကိုညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဆက်တိုက်ထုတ်ပြန်ထားသည်။

Credit - 7DAY DAILY
No comments:
Post a Comment