ရွှေရည်မဉ္ဇူ
တိုင်းရင်းသားပေါင်းစုံပါဝင်သော နိုင်ငံ
ရေးပါတီများမှ ကိုယ်စားလှယ်များ ရိုးရာဝတ်စုံများကိုဝတ်ဆင်လျက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ခန်းမအလယ်တွင် နေရာယူလျက် နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့်တွေ့ဆုံရန် စောင့်ဆိုင်းနေကြသည်။
တချို့က ခန်းမရှိတံခါးပေါက်အနီးသို့
လမ်းမျှော်ကြည့်ကာ သမ္မတရောက်ရှိလာမည့် အချိန်ကို မျှော်မှန်းနေကြချိန်တွင်
မွန်းလွဲ ၃ နာရီခွဲခန့်၌ အစီအစဉ်ကြေညာသူမှ သမ္မတကြီး
ကြွရောက်လာပြီဖြစ်သည့်အတွက်
ဧည့်သည် တော်များအနေဖြင့် နေရာယူပေးကြပါရန် ပန်ကြားလိုက်ပြီးနောက်
သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သည် ခန်းမအ တွင်းသို့
ဝင်ရောက်လာကြသည်။
သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ
ခေါင်းဆောင်များ ယခုတစ်ကြိမ်တွေ့ဆုံမှု သည် ၂ဝ၁၁ ခုနှစ်တွင် စတင်တာဝန်ယူခဲ့
သော ဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း သုံးကြိမ်မြောက်တွေ့ဆုံမှုဖြစ်သည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးခြင်းသည် နှစ်ဦးနှစ်ဖက် တိုင်းရေးပြည်ရာများကို ဆွေးနွေးကြရန်ဖြစ် သည်။
မကြာသေးခင် ရက်ပိုင်းအတွင်းက နေ ပြည်တော်ရှိ သမ္မတအိမ်တော်တွင် မြန်မာ့
နိုင်ငံရေးခေါင်းဆောင် ၁၄ဦးတွေ့ဆုံ ဆွေး နွေးခဲ့ပြီး တစ်လအတွင်း၌ပင်
သမ္မတဦးသိန်း စိန်သည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါ
တီခေါင်းဆောင်များနှင့် နိုဝင်ဘာ ၂၆က အပြန်အလှန် ဆွေးနွေးညှိနှိုင်း
တိုင်ပင်မှုများ လုပ်ဆောင်ခဲ့သည်။
ထို့ပြင်
သမ္မတဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၊
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်း သားများကို ကိုယ်စားပြုသော လွှတ်တော်
ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်မည့် ခြောက် ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ယခုရက်ပိုင်း အတွင်း ပြုလုပ်သွားမည်ဖြစ်ရာ မြန်မာ့နိုင်ငံ ရေးတွင် ဒီမိုကရေစီယဉ်ကျေးမှုဖြစ်သောတွေ့ ဆုံညှိနှိုင်းဆွေးနွေးပွဲများ ယခုကဲ့သို့ မကြာ ခဏပြုလုပ်လာခြင်းကို နိုင်ငံရေးလေ့လာသူ များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ကြိုဆို ထောက်ခံမှုများရှိနေကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ဒီမိုကရေစီ
စနစ်နှင့်ကိုက်ညီမည့် အုပ်ချုပ်မှုစနစ်များကို လည်း ပြုပြင်ပြောင်းလဲမှုများ
လုပ်ခဲ့ရပါ ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များကို ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် ယခုအ ခါ တတိယလှိုင်းကို လက်တွေ့ကျကျအကောင် အထည်ဖော်နေခြင်းဖြစ်ပါကြောင်း၊ ထိုအ ခြေအနေကို ဆက်လက်ဆောင်ကြဉ်းနိုင်ရန် အားလုံးက ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ် ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
****************************************
နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်
ပတ်သက်ပြီးပြောကြား ရာတွင် မိမိတို့နိုင်ငံ၊ မိမိတို့ လူ့အဖွဲ့အစည်း
နှင့်ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေ များက ဖန်တီးလာသည့်အခြေအနေအတိုင်း
အချိန်အခါအလိုက် ပြင်ဆင်ရေးသားသွား ရမည်ဖြစ်သည့် မိမိ၏ရပ်တည်ချက်ကို မိမိ
အစဉ်အမြဲပြောခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးနှင့်စပ်လျဉ်း၍
အားလုံး တွင် တာဝန်ရှိသည်ဆိုသည်မှာ မှန်ကန်ပါ ကြောင်း၊ အထူးသဖြင့်
ဥပဒေပြုရေး၏အဓိက မောင်းနှင်အားဖြစ်သော လွှတ်တော်ကိုယ် စားလှယ်များ၏
အခန်းကဏ္ဍသည် အထူးအ ရေးကြီးပါကြောင်း၊ တိုင်းပြည်နှင့် ပြည်သူ
လူထု၏အနာဂတ်အတွက် အလွန်အရေးကြီး သောကိစ္စဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်
များအနေဖြင့် ထိုကိစ္စတွင် နိုင်ငံရေးစေတနာ အပြည့်နှင့်
အမြော်အမြင်ကြီးကြီးထားပြီး အားသွန်ခွန်စိုက်ဆောင်ရွက်ပေးကြရန်တိုက် တွန်းလိုပါကြောင်းဟု ပြောကြားခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု
******************************************
နိုင်ငံတော်သမ္မတက လက်ရှိဖြစ်ပွား နေသော ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်
သက်ပြီး ပြောကြားရာတွင် မိမိအရင်ကပြော ကြားခဲ့သလို
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကဖြစ်စေ၊ မြန်မာ့တပ်မတော်ကဖြစ်စေ၊ ကျဆုံး၊
ထိခိုက်ဒဏ်ရာရလျှင်၊ လက်နက်ကိုင် ပဋိပက္ခကြောင့် ပြည်သူများ ထိခိုက်သေဆုံး
ဒဏ်ရာရလျှင်ဖြစ်စေ မြန်မာနိုင်ငံသားတစ်ဦး ဆုံးရှုံးရခြင်းဖြစ်သည့်အတွက် မိမိအနေဖြင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊ လက်ရှိငြိမ်းချမ်းရေးတည် ဆောက်မှုဖြစ်စဉ်တွင် အရေးကြီးသောအခြေ ခံများကို ရရှိထားပြီးဖြစ်ပါကြောင်း။
၁။ တစ် နိုင်ငံလုံးအတိုင်းအတာနှင့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေး ထိုးနိုင်ရေး၊
၂။အပစ်အခတ်ရပ်စဲရေးလေ့ လာစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရေး၊
၃။ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေး၊
၎။ ပါဝင်သင့်ပါ ဝင်ထိုက်သူများပါဝင်သည့် နိုင်ငံရေးဆွေး နွေးပွဲများပြုလုပ်ရန်ဆိုသော အပြုသဘော တူညီချက်များရရှိပြီးဖြစ်ပါကြောင်း၊ ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ် လျက်ရှိပါကြောင်း၊ NCA ချုပ်ဆိုပြီးသည့် အခါ လိုအပ်သောတပ်နေရာချထားမှုများ၊
လက်နက်ကိုင် တပ်များလိုက်နာရမည့် စည်းကမ်းများ၊ နှစ်ဖက်ပဋိပက္ခတားဆီးဆောင်
ရွက်မှုများ၊ စောင့်ကြည့်လေ့လာမှုများကို ပိုမို အားကောင်းစွာပြုလုပ်လာနိုင်မည်ဖြစ်ပြီး နှစ်ဖက်အကြား မလိုလားအပ်သော ပစ်ခတ် တိုက်ခိုက်မှုများ၊ ထိတွေ့မှုများကို အပြီးတိုင် ရှောင်ရှားနိုင်မည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။
အမျိုးသားပညာရေးဥပဒေ
*****************************
နိုင်ငံတော်သမ္မတက အမျိုးသားပညာ ရေးဥပဒေနှင့်ပတ်သက်ပြီး ပြောကြားရာတွင်
ပေါ်ပေါက်နေသော အငြင်းပွားမှုများ၊ သ ဘောမတူညီမှုများ ရှိနေသည်ကို တွေ့ရပါ
ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်း
လိုက်သည့် အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်ပြီး ပြုပြင်လိုသည်များ၊
ဖြည့်စွက် လိုသည်များရှိကြလျှင် ဥပဒေနည်းလမ်းများ အတိုင်း
ပြင်ဆင်ဖြည့်စွက်ရန် အတွက်လိုအပ် သည့် ဆွေးနွေးမှုများ ပြုလုပ်ကြရမည်ဖြစ်ပါ
ကြောင်း၊ ကျောင်းသားယူနီယံပေါ်ပေါက်ရေး
နှင့် ပညာရေးလွတ်လပ်ခွင့်သည် မရှိမဖြစ်လို အပ်သည်ဆိုသောအချက်ကို
အသိအမှတ်ပြု လက်ခံပါကြောင်း၊ ကျောင်းသားယူနီယံဖွဲ့ စည်းရေးကို
ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေးဥပဒေ သည် လွှတ်တော်တွင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေ တစ်ရပ်ဖြစ်သည့်အတွက် ဥပဒေပြုရေးလုပ် ငန်းစဉ်များနှင့်အညီပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်းများကို လုပ်ဆောင်ကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံရေးပါတီများဆွေးနွေးမှု
*******************************
တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာ သော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ
များအနေဖြင့် တစ်ဦးလျှင် ငါးမိနစ်စီဆွေးနွေး တင်ပြခွင့်ရရှိခဲ့ပြီး
ပါတီများကလည်း မိမိတို့နှင့် သက်ဆိုင်သော ကဏ္ဍအလိုက်ဆွေးနွေးတင် ပြမှုများ
ပြုလုပ်ကြသလို အချို့ပါတီများက လည်း ကြုံတွေ့နေရသော အခက်အခဲများကို
သမ္မတအနေဖြင့် ကူညီဖြေရှင်းပေးရန် တောင်း ဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ကမန်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက် ရေးပါတီ အတွင်းရေးမှူး
ဦးတင်လှိုင်ဝင်းက ''ဒီနေ့နိုင်ငံတော်က ဖော်ဆောင်နေတဲ့ပြည်
တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တိုင်း ရင်းသားစည်းလုံးညီညွတ်မှုတွေကို
ဖော် ဆောင်နေသလိုပဲ ကျွန်တော်တို့ ကမန်တိုင်းရင်း သားလူနည်းစုကိုလည်း
ဥပဒေပါအတိုင်းပဲ အမြန်ဆုံး အိုးအိမ်တိုက်တာတွေ ပြန်လည် လုပ်ဆောင်ပေးဖို့
ကျွန်တော်မျှော်လင့်တောင်း ဆိုပါတယ်။ သမ္မတကြီးအနေနဲ့ ကျွန်တော်တို့
မျိုးနွယ်စု ၁၃၅စမျိုးလုံးကို ခြုံငုံသုံးသပ်ပြီးမှ ၁၃၅မျိုးထဲမှာပါတဲ့
ကျွန်တော်တို့တစ်စုလေး ကိုလဲ ချန်မထားခဲ့ပါနဲ့လို့ တင်ပြချင်ပါတယ်''ဟု
သမ္မတကို တင်ပြတောင်းဆိုခဲ့သည်။
ယင်းသို့ အပြန်အလှန်ဆွေးနွေးတင်ပြ
ခြင်းအားဖြင့် ပြည်သူများ၏လိုအပ်ချက်၊ လူထု၏အသံများကို
တိုက်ရိုက်သိရှိနိုင်ပြီး နိုင် ငံအတွက် အကျိုးရှိစေမည့် တွေ့ဆုံဆွေးနွေး
မှုမျိုးဖြစ်နိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်း က သုံးသပ်ကြသည်။
''နိုင်ငံရေးပါတီများကလဲ ယခုလိုအပြု သဘောဆောင်ပြီး ဆွေးနွေးတဲ့အကြံပြု ချက်များကို ပွင့်ပွင့်လင်းလင်းထောက်ပြဆွေး
နွေးကြတာ ကျေးဇူးတင်ပါတယ်။ အခုလို ဆွေးနွေးကြတဲ့အထဲမှာ ကျွန်တော်မသိသေး
တဲ့ကိစ္စတွေပါတယ်။ ဥပမာအားဖြင့် လယ်ယာ မြေလိုဟာမျိုးပေါ့
ပြန်ပေးခိုင်းထားပေမယ့် အခုထက်ထိ ပြည်သူလက်ထဲမရောက်သေး ဘူးဆိုတာမျိုးတွေပါ
သိရတယ်'' ဟု သမ္မတက ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်
**************************************
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက် မှုတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်လက် မှတ်ရေးထိုးနိုင်ရေး၊ အပစ်အခတ်ရပ်စဲရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရေး၊ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင် စုတည်ဆောက်ရေး၊ ပါဝင်ထိုက်သူများပါဝင် သည့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန် စသော အရေးကြီးသည့်အခြေခံအချက်များကို သဘော တူညီမှု ရရှိထားပြီးဖြစ်သည့်အတွက် အပစ် အခတ်ရပ်စဲရေးအတွက် လုပ်ဆောင်သင့် သည်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ရခိုင်အမျိုးသားပါတီမှ ဦးဇော်အေး မောင်က ''နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့
အတွက် အစိုးရရယ်၊ ပြည်သူရယ်၊ ပြည်သူ ထဲမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍက
လည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံဟာ ပြည်ထောင်စု
မြန်မာနိုင်ငံလို့မဖြစ်ခင် လွန်ခဲ့ တဲ့နှစ်ပေါင်းထောင်ချီကတည်းကနေလာတဲ့ တိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့
ပြည်ထောင် စုဖြစ်ပါတယ်။ ဒီတော့အုပ်ချုပ်တဲ့အစိုးရက
တိုင်းရင်းသားတွေရဲ့အသံကို စဉ်ဆက်မပြတ် ထိတွေ့နားထောင်နေရပါမယ်။
ဒါမှလဲငြိမ်း ချမ်းရေးက အောင်မြင်လာမယ်၊ ယုံကြည် လာမယ်၊ ခဏခဏတွေ့မှ
ယုံကြည်မှုရမယ်။ ယုံကြည်မှ အလုပ်တွဲလုပ်လို့ရမယ်''ဟု ပြော သည်။
ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မနမ်တူးဂျာက
''ကျွန်တော်တို့တိုင်းရင်း သားတွေဆိုတာ ငြိမ်းချမ်းရေးကိုမလိုချင်
သူမရှိပါဘူး။ ဒါကြောင့် ဒီနေ့အခွင့်အခါကြုံ တုန်း ငြိမ်းချမ်းရေးကိစ္စကို
တင်ပြချင်ပါတယ်။ NCCT နဲ့ UPWC တို့ရဲ့ငြိမ်းချမ်းရေးဆွေး နွေးပွဲကို
အမြန်ဆုံးပြန်စစေချင်ပါတယ်။ ဘာ ကြောင့်ဆို ရပ်ထားရင်တိုက်ပွဲတွေ ပြန်ဖြစ်နေ တဲ့အတွက် အမြန်ဆုံးပြန်စပေးဖို့ တောင်း ဆိုချင်ပါတယ်''ဟု သမ္မတကို တောင်းဆိုခဲ့ သည်။
''ငြိမ်းချမ်းရေးလက်မှတ်အမြန်ဆုံးထိုး နိုင်ဖို့အတွက် UPWC ပဲဖြစ်ဖြစ်၊ UPWC ပဲဖြစ်ဖြစ် နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့
တွေ့စေချင်ပါတယ်။ ပါတီစုံဒီမိုကရေစီခေတ်မှာ ပါတီတွေရဲ့အားကို
အသုံးချနိုင်ရင် ကောင်း မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် လိုအပ် ရင်
ပါတီတွေကိုတွေ့ဆုံဆွေးနွေး စေချင်ပါတယ်'' ဟု ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ
ဦးစောထွန်း အောင်မြင့်က ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန် ကျော်ကမူ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုရရှိရန်အတွက်လည်း ငြိမ်း ချမ်းရေးရရှိရန် အဓိကလိုအပ်ချက်ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး
***********************************
ထို့ပြင် သမ္မတဦးသိန်းစိန်က ယခုလက် ရှိတွင် ကျောင်းသားများကန့်ကွက်ဆန္ဒပြမှု
များ ပြုလုပ်နေကြသည့် အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်၍ ယင်း၏အမြင်ကို
ပြောကြားခဲ့ပြီး အဆိုပါဥပဒေအတွက် ပြုပြင် လိုသည်များ၊
ဖြည့်စွက်လိုသည်များရှိလျှင် ဥပ ဒေနည်းလမ်းများအတိုင်း ပြင်ဆင်ဖြည့်စွက်ရန် အတွက် ဆွေးနွေးပွဲများပြုလုပ်ပေးရန် လို အပ်ကြောင်း ပြောကြားသည်။
''တက္ကသိုလ်များမှာ ကျောင်းသားယူနီ ယံဖွဲ့စည်းရေးနဲ့ ပညာရေးလွတ်လပ်ခွင့်ဟာ
မရှိမဖြစ်လိုအပ်တာကို ကျွန်တော့်အနေ နဲ့လက်ခံပါတယ်။
တက္ကသိုလ်အုပ်ချုပ်ရေးမှာ ကျောင်းသားများနဲ့ဆရာ၊ ဆရာမများအကြား
အပြန်အလှန်ဆက်သွယ်ညှိနှိုင်းနိုင်သည့် နည်း လမ်းများ၊ လုပ်ငန်းစဉ်များကို အကောင်အ ထည်ဖော်သွားကြမှာဖြစ်ပါတယ်''ဟု သမ္မတ က ဆိုသည်။
သုံးနာရီနီးပါးခန့် တွေ့ဆုံဆွေးနွေးမှုတွင် သမ္မတက ၄င်း၏အစိုးရသက်တမ်း
အတွင်း ဆောင်ရွက်ခဲ့သည့် အတိုင်းအတာများ၊ ကျန် ရှိသည့်သက်တမ်းအတွင်း
ဆက်လက်လုပ် ဆောင်မည့်အရာများကို ပြောကြားခဲ့ပြီး နိုင်ငံ
ရေးပါတီတာဝန်ရှိသူများကလည်း လယ်ယာ မြေအရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ခြောက် ပွင့်ဆိုင် စသည့်အရေးများကို ပွင့်လင်းစွာတင် ပြခဲ့ကြသည်။
ခြောက်ပွင့်ဆိုင်တောင်းဆိုမှု
*******************************
တိုင်းရင်းသားပါတီခေါင်းဆောင်အများ စုကမူ မကြာခင်တွေ့ဆုံဆွေးနွေးမည့်ခြောက် ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည့်ကိုယ်စားလှယ်တစ် ဦးတည်းသာထည့်သွင်းထားသည်မှာ
မျှတမှု မရှိကြောင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း
အစရှိသည့် တိုင်းရင်းသားအားလုံး အတွက် ကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးစီ ဆွေးနွေးပွဲတွင် ထည့်သွင်းပေးသင့်ကြောင်းတိုက်တွန်းတင်ပြမှုများရှိခဲ့သည်။
ချင်းတိုးတက်ရေးပါတီဥက္ကဋ္ဌဦးနိုထန်ကပ် က ''တိုင်းရင်းသားတစ်ဦးသာပါရမယ်ဆိုတာ
အရမ်းနည်းပါတယ်။ ပါဝင်တဲ့သူကလဲပြောရဲဆို ရဲရှိရမှာဖြစ်တယ်။
ခုနစ်ယောက်လုံးပါရင်တိုင်း ရင်းသားအားလုံး ကိုယ်စားပြုဖြစ်ပါတယ်''ဟု
ပြောသည်။
တိုင်းရင်းသားပါတီ၂ဝဖြင့် ဖွဲ့စည်းထား သော NBF ကိုယ်စားပြုဆွေးနွေးခဲ့သည့် ဦး ဇိုဇမ်ကတော့ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေး
ရေးအတွက် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦး ကို ရွေးချယ်မည်ဆိုပါက အထက်က
ရွေးချယ် သောအဖွဲ့အစည်းမှ ကိုယ်စားလှယ်ဖြစ် မည်စိုးသောကြောင့်
တိုင်းရင်းသားများအား လုံးက ညှိနှိုင်းတိုင်ပင်ကာ ရွေးချယ်သည့်ကိုယ်
စားလှယ်ကိုသာ တိုင်းရင်းသားများ၏ကိုယ် စားပြုစေလွှတ်ချင်ကြောင်း
တင်ပြခဲ့သည်။
အစိုးရက ပြည်သူ့ဆန္ဒနှစ်ရပ်ဖြစ်သည့်
တည်ငြိမ်အေးချမ်းမှုနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုကို
အကောင်အထည်ဖော်နေသ ကဲ့သို့ နိုင်ငံရေးပါတီများကလည်း ပြည်သူ့ ဆန္ဒများကို
ဆက်စပ်အကောင်အထည်ဖော် ပေးနေသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ထို့ ကြောင့် အစိုးရနှင့်နိုင်ငံရေးပါတီများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ယန္တရားတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ၏အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သည်။
မည်သို့ပင်ဆိုစေကာမူ သမ္မတဦးသိန်း စိန် အစိုးရသက်တမ်းတွင်
မြန်မာ့နိုင်ငံရေး လောက၌ မှတ်တမ်းတင်နိုင်သော ငြိမ်း
ချမ်းရေးဆွေးနွေးပွဲများ၊ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့်အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်း မှုများပြုလုပ်ခဲ့သလို မကြာခင်ရက်ပိုင်းတွင်လည်း ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ခြောက် ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်သွား မည်ဖြစ်သည်။
ထို့ကြောင့် ယခုတစ်ကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွင်
ထိရောက်မှုရှိသော တွေ့ဆုံဆွေးနွေးပွဲမျိုး ဖြစ်ပေါ်လာရန်အတွက်
မတွေ့ဆုံမီအချိန်တွင် ကြိုတင်ပြင်ဆင်မှုများ၊ အလွတ်သဘောတွေ့ဆုံမှုများ
ပြုလုပ်သင့် ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ် ကြသည်။
မကြာမီပြုလုပ်မည့် ပထမဦးဆုံး ဆွေး နွေးပွဲဖြစ်သော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေး နွေးပွဲတွင် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍအ တွက် မည်သို့သောရလဒ်ကောင်းများ ရရှိ မည်ကို ပြည်သူများကလည်း စောင့်မျှော် လျှက်ရှိကြသည်။
မည်သို့ပင်ဖြစ်စေ ယခုလက်ရှိရင်ဆိုင်နေရသောပြည်တွင်းငြိမ်းချမ်းရေး၊
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ အမျိုးသားပညာ ရေးဥပဒေပြင်ဆင်ရေး
စသည့်ကိစ္စရပ်များ အပေါ် အဖြေရှာရန်မှာတွေ့ဆုံဆွေးနွေးရေး နည်းလမ်းသည်သာ အကောင်းဆုံးဖြစ်သည်။
တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်သာ တစ် ဦး၊ တစ်ယောက်၊ တစ်စုတစ်ဖွဲ့အချင်း ချင်း ယုံကြည်မှုကို တည်ဆောက်ကာ အဆိုပါယုံ ကြည်မှုဖြင့်သာ ခရီးပန်းတိုင်ဆီသို့လျှောက်လှမ်းပါက အောင်မြင်မှုကို အလွဲမသွေရရှိမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
#Democracytoday (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment