ပြည်ပအကြမ်းဖက်အဖွဲ့အစည်း နှင့်ဆက်သွယ်မှုဖြင့် တောင်ကြီးမြို့တွင်
ဖမ်းဆီးခံထားရသူများက မြန်မာနိုင်ငံ အတွင်းလက်နက်ကိုင်အဖွဲ့အစည်း ဖွဲ့
စည်းပြီး စစ်ပညာသင်ကြားလေ့ကျင့်ရန် နှင့် အကြမ်းဖက်ဖောက်ခွဲရန် အကြံ
အစည်များရှိခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ
သတင်း ရရှိသည်။
၎င်းတို့ကို အရေးပေါ်အက်ဥပဒေ ပုဒ်မ ၅ (ည)ဖြင့် တရားစွဲဆိုခဲ့ပြီး အောက် တိုဘာ ၃ ရက်တွင် တောင်ကြီးခရိုင် တရားရုံး၌ ပထမဆုံးရုံးထုတ်စစ်ဆေး ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှ ရဲမှူးချုပ်တစ်ဦးက ပြောသည်။
အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့က မြန်မာနိုင်ငံကိုအကြမ်းဖက်စစ် ပွဲဆင်နွှဲမည်ဟုကြေညာပြီး သီတင်းနှစ် ပတ်အကြာတွင်
တောင်ကြီးမြို့၌ အကြမ်းဖက်အ ဖွဲ့အစည်းနှင့်ဆက်သွယ်သောအ ဆိုပါလူနှစ်ဆယ်ဦးကို ဖမ်းဆီးမိခဲ့ ခြင်းဖြစ်သည်။
‘‘သူတို့က ပြည်ပအကြမ်း ဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး လက်နက်ခဲယမ်းဝယ်ဖို့လုပ်ခဲ့တာ တွေ၊ စစ်ပညာသင်ကြားဖို့လုပ်ခဲ့ တာတွေ ဆောင်ရွက်ခဲ့တယ်လို့ သူတို့ထွက်ဆိုချက်တွေအရ သိ ထားပါတယ်။ ၀န်ခံတာလည်းရှိပါ တယ်။ ဘယ်အဖွဲ့အစည်းနဲ့ဆက် သွယ်တယ်ဆိုတာကတော့ တရား ရုံးမှာ စစ်ဆေးနေဆဲမို့ စစ်ဆေး ချက်အဖြေကို စောင့်ကြည့်ရပါ မယ်’’ ဟု အဆိုပါ ရဲမှူးချုပ်ကပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ကုန်က မောင်တော မြို့နယ် တွင် ROS အဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးရမိထားပြီး ယင်းအဖွဲ့နှစ်ဖွဲ့မှာ ဆက်စပ်မှုရှိ၊ မရှိ စုံစမ်းဖော်ထုတ်နေဆဲဖြစ်သည်ဟု ဆိုသည်။
အီရတ်နှင့် ဆီးရီးယားတွင် အကြမ်းဖက်မှုများ ပြုလုပ်နေ သော အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့တွင်းသို့ ပူး ပေါင်းပါဝင်အားဖြည့်ထားသော နိုင်ငံခြားသား အကြမ်းဖက်တိုက် ခိုက်ရေးသမား(Foreign Terrosist Fighter) ၁၃၀၀၀ကျော်အနက် ၇၈၁ဦး၏ အမည်စာရင်းများကို မြန်မာနိုင်ငံက ရရှိထားပြီးဖြစ် သည်။
ပြည်တွင်းအကြမ်းဖက်လှုပ် ရှားမှုတွင် သံသယရှိသူများကိုနိုင်ငံတကာနှင့် ပူးပေါင်းနှိမ်နင်းသွားမည်ဟု နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
‘‘ဒီစာရင်းက ကုလသမဂ္ဂက ရော အင်တာပိုလ်(နိုင်ငံတကာရဲ တပ်ဖွဲ့)ဆီကပါ ရထားတာ။ပြည် တွင်းမှာ အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေလည်း ပြဋ္ဌာန်းထားပြီး ပြီ။ အခုဖမ်းမိထားတဲ့ လူနှစ်ဆယ် က မွတ်စလင်တွေဖြစ်ပါတယ်။ အမှုနဲ့ ပတ်သက်လို့တော့ တရားရုံး ရောက်သွားပြီဖြစ်တဲ့အတွက် စောင့်ထိန်းရမယ့်ဝတ္တရားအရအ သေးစိတ်တော့ပြောလို့မရတော့ ဘူး။ ဒါပေမဲ့ ပြည်တွင်းမှာအခြေ ပြုပြီး အကြမ်းဖက်ဖို့ လူသစ်စု ဆောင်း၊ ခရီးသွားတာ၊ စည်းရုံး တာကို ကျွန်တော်တို့က ဆန့်ကျင် သွားမှာဖြစ်တယ်’’ဟု ၎င်းကပြော ကြားသည်။
အယ်လ်ကိုင်ဒါ ကြေညာ ချက်ထွက်ပေါ်ပြီးနောက် မောင် တောမြို့နယ်အတွင်း အစိုးရဌာနဆိုင်ရာများကို အကြမ်းဖက် ဖောက်ခွဲမှုများ ပြုလုပ်နိုင်သဖြင့် လုံခြုံရေး သတိရှိရန် ရခိုင်ပြည် နယ်အစိုးရက ကြေညာချက်များ ထုတ်ပြန်ခဲ့ရသည်။
Credit - 7DAY DAILY

No comments:
Post a Comment