Sunday, October 5, 2014

ဖေ့စ်ဘုတ်သုံးသူတွေ ရင်ကို ရိုက်ခတ်သွားစေတဲ့ ဆရာ လူမှု ထူးချွန်ဆုရ

ဖေ့စ်ဘုတ် လူမှု ကွန်ရက်မှာ လူအများရဲ့ ရင်ကို ကိုင်လှုပ်ခဲ့တဲ့ မျက်ရည်စက်လည်နဲ့ ကျောင်းဆရာတဦး၊ သူနဲ့ သူ့တပည့်တွေ၊ ဒေသခံတွေရဲ့ ဓာတ်ပုံတွေကို ဧရာဝတီပရိသတ်တွေမှတ်မိနေကြပါလိမ့်မယ်။
အဲဒီ ကျောင်းဆရာကို ပညာရေး ဝန်ကြီးဌာနက လူမှု ထူးချွန်ဆရာ ဆုပေးဖို့ ဆုံးဖြတ်လိုက်ပြီး 
အောက်တိုဘာ လ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့မှာ အခမ်းအနားနဲ့ ဂုဏ်ပြုဖို့ ရှိပါတယ်။ 


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ဆူးလေကုန်း ကျေးရွာ မူလတန်းကျောင်းက လက်ထောက်ကျောင်းအုပ် ဦးသန်းလှိုင်ကို ပညာရေးဌာနရဲ့ ကျောင်းပြောင်းမိန့် ရောက်လာလို့ နုတ်ဆက်ပွဲ လုပ်ကြတဲ့အခါ ကျောင်း သူ၊ ကျောင်းသားတွေနဲ့ သူတို့ရဲ့ မိဘတွေက ဝမ်းနည်းပက်လက် မျက်ရည်စိုရွှဲ ဖြစ်ခဲ့ကြပါတယ်။ 

အလားတူ ဆရာ ဦးသန်းလှိုင်ကလည်း မျက်ရည် စက်လက် ဖြစ်ခဲ့ရတာပါ။ 

အဲဒီ မြင်ကွင်းတွေဟာ ဖေ့စ်ဘုတ် လောကမှာ တမုဟုတ်ချင်း ပျံ့နှံ့သွားပြီး လူတိုင်းရဲ့ ရင်ကို ရိုက်ခတ်သွား ပါတယ်။ 

 ကျောင်းဆရာ ဦးသန်းလှိုင်ဟာ ချောင်းဦးမြို့ ဆူးလေကုန်း မူလတန်းကျောင်းမှာ ၈ နှစ်တာ တာဝန် ထမ်းဆောင် ခဲ့ပြီး ပြောင်းရွှေ့မိန့်ကျလာလို့သာ မဖြစ်မနေ ပြောင်းခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဆူးလေကုန်းရွာလေးမှာ တာဝန်ထမ်းဆောင်ခိုက် သူ့အိမ်မှာလည်း ကျောင်းသူ၊ ကျောင်းသားတွေကို စာသင် ပေးပြီး ညဖက်တွေလည်း စာသင်ပေးကာ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကျေးရွာ ပရဟိတအဖွဲ့ အစည်း တွေ မှာ ဒေသခံ ရွာသားတွေနဲ့ လက်တွဲပြီး တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ 

Credit - ဧရာဝတီ ဘလော့ဂ်


 
 ဖေ့စ်ဘုတ်မှာ လူအများရဲ့ ရင်ကို ကိုင်လှုပ်သွားတဲ့ ဓာတ်ပုံ၊ ဓာတ်ပုံ- Aung Zan Myint

No comments:

Post a Comment