Wednesday, November 19, 2014

အခြေခံဥပဒေ မပြင်သေးတာ မှန်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဆို

နောက်အစိုးရလက်ထက် ရောက်မှ အခြေခံဥပဒေ ပြင်ဆင်အတည်ပြုမယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောတာဟာ အချိန်အခါအရ မှန်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မီဒီယာတွေကို ပြောလိုက်ပါတယ်။


လက်ရှိပြည်ထောင်စု လွှတ်တော်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေအရ ပြင်ဆင်ပြီး အခြေခံဥပဒေ ပုဒ်မတွေကို နောက်အစိုးရသစ် လက်ထက်ရောက်မှ အတည်ပြုတာဟာ သဘာဝကျတယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒါတွေက အချိန်အရရော၊ လက်ရှိသွားနေတဲ့ လုပ်ငန်းတွေအရရော Process အရ ဒီလိုပဲ သွားရမှာပေါ့လေ။ ဥပဒေပညာရှင်တွေကို မေးကြည့်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဘာကြောင့် ဒီလို ခြေလှမ်းတွေနဲ့ သွားနေရတယ်ဆိုတာ ဥပဒေသမားတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပါ လိမ့်မယ်” လို့ သူကဆိုပါတယ်။

--------------------------
ဆက်စပ်သတင်း - အခြေခံဥပဒေ ပြင်ဆင်ရေး နောင်လာမည့် အစိုးရ လက်ထက်၌သာ အတည်ပြုမည် ►http://goo.gl/yAg1mm


Credit - The Voice Weekly

 

No comments:

Post a Comment