Wednesday, November 19, 2014

Eleven Media Group ကို တရားစွဲဆိုထားတဲ့အမှု တရားလိုတွေ စတင်စစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာနက Eleven Media Group ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတဲ့အမှုကို ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ ၄ ကြိမ်မြောက်စစ်ဆေးရာ တရားလိုဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးကို စတင်စစ်ဆေးခဲ့ပါတယ်။

သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုလုပ်ပြီး ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ Eleven Media Group က အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်၊ မန်နေးဂျင်း

အယ်ဒီတာ ဒေါက်တာသိန်းမြင့်၊ အယ်ဒီတာချုပ် ကိုဝေဖြိုး၊ ဒုတိယအယ်ဒီတာချုပ် ဦးမြတ်သစ်နဲ့ အမှုဆောင် အယ်ဒီတာ ကိုနေထွန်းနိုင်တို့ကို တရားစွဲထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂ရက်နေ့ထုတ် Weekly Eleven သတင်းဂျာနယ်မှာ "အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာတွေကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုပြုလုပ်ရန် ခွင့်ပြုနေသလား"ဆိုတဲ့ သတင်းဆောင်းပါးမှာ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်စက်တင်ဒါအောင်ထားတာတွေဟာ သတ်မှတ်ဈေးနှုန်းတွေထက် ပိုနေတယ်ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Credit - RFA Burmese

 
 

No comments:

Post a Comment