Thursday, November 20, 2014

NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာထင်လင်းဦးအား ဝံသာနုရက္ခိတ အသင်းမှ တရားစွဲမည်ဟုဆို

- စည်သူကျော်၊ ရန်ကုန်တိုင်းမ်ဂျာနယ်၊ အတွဲ (၁၀) အမှတ် (၄၅)။

ရန်ကုန်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အဖွဲ့ဝင် စာရေးဆရာထင်လင်းဦး၏ ပြောကြားချက်များ နှင့်ပတ်သက်၍ ဝံသာနုရက္ခိတ အသင်း (လူ့အဖွဲ့အစည်း) မှတရားစွဲဆိုမည်ဟု ၄င်းအသင်း ဥက္ကဋ္ဌ ဓမ္မစက္က ဦးမောင်မောင်ကပြောသည်။

''တရားစွဲဖို့တော့ အဆင်သင့်ပြင်ထားပါတယ်။ သူ့ ကိုမုန်းလို့တော့မဟုတ်ပါဘူး။ ဒါက အမျိုးဘာသာ သာ သနာကို စော်ကားလို့ပါ''ဟု ၄င်းကပြောသည်။


ဓမ္မစက္ကဦးမောင်မောင်က ဆက်လက်ပြီး ¤င်းအ သင်းအနေဖြင့် ဦးထင်လင်းဦးအား တရားစွဲဆိုမည့်အ ပြင် သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း တရားစွဲဆို နိုင်ရေးအတွက် တွန်းအားပေး၍ မေတ္တာရပ်ခံစာများ ပေးပို့သွားမည်ဟု ပြောသည်။

''တစ်ပတ်လောက် စောင့်ကြည့်လိုက်ရင် အစိုးရက ဘာလုပ်မယ်ဆိုတာ သိပါတယ်။ အခုက သံဃာတော် တွေ၊ လူထုအနေနဲ့ NLD ရုံးအရှေ့မှာ ဆန္ဒပြမယ်ဆို တာတွေနဲ့ မကျေနပ်ချက်တွေ ရှိနေပြီလေ။ ဒါတွေကို ဦး တို့က ကြားဝင်ပြီးလုပ်ပေးတာပါ''ဟု ၄င်းကပြောသည်။

ဦးထင်လင်းဦးအား တရားစွဲဆိုနိုင်ရေးအတွက် သက်သေများ၊ အချက်အလက်များအား စုဆောင်းလျက် ရှိပြီး တရားစွဲဆိုမည်ဆိုပါက အခက်အခဲများစွာ ရှိနိုင် သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ဦးမောင်မောင်က ထပ်မံပြောကြားသည်။

အထက်ပါပြောကြားချက်များနှင့်ပတ်သက်ပြီး ဦးထင် လင်းဦးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ၄င်း၏လက်ကိုင်ဖုန်းများ စက်ပိတ်ထားသည်။

စာရေးဆရာထင်လင်းဦးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင်တစ် ဦးဖြစ်သော်လည်း ၄င်း၏ ဟောပြောချက်များသည် အဖွဲ့ ချုပ်နှင့်သက်ဆိုင်ခြင်းမရှိကြောင်း အဖွဲ့ချုပ် ဗဟိုကော်မတီ ဝင် ဦးထွန်းထွန်းဟိန်က ရန်ကုန်တိုင်းမ်သို့ပြောသည်

#TheYangonTimes

Credit - Yangon Media Group

No comments:

Post a Comment