အင်တာနက်ကနေ ဖုန်းခေါ်၊ စာပို့ စတာတွေကို အခမဲ့ဝန်ဆောင်မှုပေးနေတဲ့Viber ဟာ သူ့ရဲ့ ဝန်ဆောင်မှုအသစ်ဖြစ်တဲ့ Public Chat ကို နိုဝင်ဘာ ၁၉ရက်နေ့ကစပြီး တစ်ကမ္ဘာလုံးက သုံးစွဲသူတွေဆီ စတင်မိတ်ဆက်လိုက်ပါတယ်။ မြန်မာပြည်က Viber သုံးစွဲသူ ၅သန်းကျော်အတွက်ရော ပါရဲ့လား။
Viber မှာ အရင်ကတည်းကရှိတဲ့ Group Chat ဟာ ပါဝင်သူ အချင်းချင်းသာ ပြောဆိုဆက်သွယ်နိုင်ပေမယ့် အသစ်မိတ်ဆက်လိုက်တဲ့ Public Chatမှာတော့ Follow လုပ်ထားရုံနဲ့ ပါဝင်သူတွေရဲ့ ပြောဆိုတာတွေကို မြင်တွေ့နိုင်မှာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ပုဂ္ဂိုလ်တွေရဲ့ Public Chat မှာ ပါဝင်တာနဲ့ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရနိုင်မယ်လို့ ဆိုပါတယ်။
Viber ကို တစ်ဦးချင်းစီ အသုံးပြုရာကနေ ပိုပြီးအသက်ဝင်သွားစေဖို့ လူ့အဖွဲ့အစည်းတစ်ခုလုံး ပါဝင်နိုင်မယ့် ဒီဝန်ဆောင်မှုကို ဖန်တီးခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ Viber ရဲ့ပြောခွင့်ရပုဂ္ဂိုလ်Megan Quirk က ဆိုပါတယ်။ နာမည်ကျော် ပုဂ္ဂိုလ်နဲ့ ထုတ်ကုန်ပစ္စည်းတွေအပြေကာင်း ပိုရနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
Viber ရဲ့ နောက်ဆုံးဗားရှင်းမှာရနိုင်မယ့် Public Chat အတွက် အနည်းဆုံး ပါဝင်သူ ၂ယောက်ကနေ အများဆုံး ၉၉အထိရှိမှာဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံမှာတော့ Viber သုံးစွဲသူ ၅.၅သန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။
Viber Public Chat အတွက် မြန်မာပြည်ရဲ့ ထင်ရှားသူတွေအနေနဲ့Samsung Myanmar, Telenor Myanmar, Jam It, တင်မိုးလွင် စတဲ့သူတွေ Public Chat ၈ခုရှိနှင့်ပြီးဖြစ်သလို နောက်ပိုင်းမှာလည်း ထင်ရှားကျော်ကြားသူတွေ ထပ်မံတိုးသွားဖို့ရှိတယ်လို့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်က ထင်ရှားကျော်ကြားသူ Public Chat အနေနဲ့ ပါဝင်ထားတဲ့ တင်မိုးလွင်က လူအများအကျိုးရှိစေမယ့် ဗဟုသုတနဲ့အချက်အလက်တွေကို မျှဝေသွားမှာဖြစ်ပြီး သူနဲ့ပတ်သက်လို့ မေးမြန်းလာတာတွေကိုလည်း အချိန်ပေးဖြေသွားမယ်လို့ ဆိုပါတယ်။ အပြင်မှာနေထိုင်တဲ့ လူမှုဘဝပုံစံအတိုင်း Viber နဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
Credit - Kamayut MEDIA
No comments:
Post a Comment