Wednesday, November 19, 2014

တစ်နိုင်ငံလုံးတရားမဝင် ဆိုင်ကယ်ပပျောက်စေရေး သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ပြောင်းလဲစစ်ဆေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၈- နိုင်ငံလုံး အနှံ့ တရားမဝင်ဆိုင်ကယ် များပ ပျောက်စေ ချင် သည့် ရည်ရွယ်ချက်ဖြင့် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြား မှု ဦးစီးဌာနမှ စစ်ဆေးအရေးယူခြင်းအ စား သက်ဆိုင်ရာပြည်နယ်နှင့် တိုင်း ဒေသအစိုးရ အဖွဲ့များမှ ပြောင်းလဲစစ် ဆေးတော့မည်ဖြစ်သည်။
''ခုတော့ လုပ်မယ့်အခြေအနေ အရလိုင်စင်အသစ်လုပ် ရင် ပြည်စုံ အောင် မပေးနိုင်သေး တဲ့အတွက် စစ် ဆေးဖို့ခက်နေသေး တယ်။ ကြံခင်း၊ မြန်အောင်၊ လေးမျက်နှာ၊ အင်္ဂပူမ လုပ်နိုင်သေးပါဘူး။ မန္တလေး၊ ပြည် လဲ ဒီအတိုင်းပဲ။ ဒါပေမဲ့ သူ့မြို့နယ် အလိုက် စစ်ဆေးမဲ့အဖွဲ့တွေဖွဲ့နေပါ ပြီ။ အခုလက်ရှိ မစစ်ဆေးသေးပါဘူး'' ဟု ကြံခင်းမြို့နယ် က.ည.န ဥက္ကဋ္ဌ ဦးကျော်ညွှန့်မောင် က ပြောသည်။

ယခင်က လိုင်စင်မဲ့ဆိုင် ကယ် များကို စစ်ဆေးတွေ့ရှိပါက ဆိုင်ကယ် သိမ်းခြင်းများရှိပြီး နောက်ပိုင်းတွင် ဆိုင်ကယ်သိမ်းတော့ မည်မဟုတ်ဘဲ ဆိုင်ကယ်တန်ဖိုး၏ ၅ဝရာခိုင်နှုန်း ကိုသာ ဒဏ်တပ်သွားမည်ဖြစ်ပြီး ဒဏ် ငွေမဆောင်ပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လေလံတင်ရောင်းချသွားမည်ဖြစ် ကြောင်း အဆိုပါဌာနမှ သိရသည်။
''ခုကစပြီးနောင်ဆို One Stop Service လုပ်ပေးတာမရှိတော့ ဘူး။ One Stop Service ရပ်လိုက် ကတည်းက စစစ်နေပြီ။ One Stop Service မရှိတော့ပါဘူး။ ဦးတို့က မစစ်တော့ဘဲ ဒေသအာဏာပိုင်တွေ က စစ်မယ်လေ။ ဒေသအာဏာပိုင် တွေက စစ်လို့လမ်းမှာသော်လည်း ကောင်း လိုင်စင်မဲ့တွေ့တာနဲ့ ၅ဝရာခိုင် နှုန်းဒဏ်တပ်ပြီး က.ည.န ကိုလွှတ် မယ်။ ဒဏ်ဆောင်ပြီးရင် က.ည.န က လိုင်စင်ဆက်လုပ်ပေးမယ်။ အဓိက ကတော့ တရားမဝင်ဆိုင်ကယ်တွေ ပျောက်စေချင်တာပဲ''ဟု ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာန၊ နေပြည်တော်ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးချစ်ကိုကိုက ပြောသည်။
ထိုပြင် လိုင်စင်မဲ့ဆိုင်ကယ်များ ကို တိုင်းဒေသကြီးနယ်နိမိတ်အတွင်း သာ သွားလာနိုင်ရေးအတွက် အင်္ဂ လိပ်အက္ခရာဖြင့် မှတ်ပုံတင်သွား မည် ဖြစ်ကြောင်း သိရသည်။ (ဥပမာ -ဧရာဝတီတိုင်းအတွင်း -AYY/1001)
''ခုထိစစ်ဆေး တာတွေ မရှိသေး ပါဘူး။ ဒါပေမဲ့ စာထွက်ထားတာ တော့ အကုန်သိတယ်။ လိုင်စင်မပါ ရင် ကိုယ့်နယ်မြေ ထဲက ကျော်မသွား ရဲဘူး။ ဗြုန်းဆို ဖမ်းရင် မခက်လား။ ခုဆို ဆိုင်ကယ် Black တွေ တော် တော် များလာတယ်။ ခုလိုစစ်တာလဲ ကောင်းပါတယ်''ဟု ကြံခင်းမြို့နယ်၊ ခုံကြီးကျေးရွာ မှ ဆိုင်ကယ်ကယ်ရီ သမားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ပြောင်းလဲစစ်ဆေး ရန် အကြောင်းကြားစာကို သက်ဆိုင် ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ နိုင်ငံ ရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ကော်မတီများ၊ ရပ်ကွက်၊ ကျေး ရွာအုပ်ချုပ်ရေးမှူးများကို ၂၀၁၄ခုနစ် အောက်တိုဘာလလယ်က အကြောင်း ကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

KZL
‪#‎Democracytoday‬

No comments:

Post a Comment