Thursday, November 20, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုတွေ့ဆုံပွဲအတွက် အသံချဲ့စက်ဖွင့်မှုဖြင့် တရားစွဲဆိုခံရသူ ဒဏ်ငွေကျပ်ခြောက်ရာပေးဆောင်၍ ပြန်လည်လွတ်မြောက်

မကွေး၊ နိုဝင်ဘာ ၁၉

(၈၈)မျိုး ဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အ ဖွဲ့အစည်း(မကွေး)မှ ရွှေမြန်မာစတိုး နေ ဦးမောင်မောင်စိုးအား ခွင့်ပြုမိန့် မရှိဘဲ အသံချဲ့စက်ဖွင့်မှုကြောင့် ၄င်း အား သက်ဆိုင်ရာမှ ၁၉၅၄ခုနှစ် ရဲ အက်ဥပဒေပုဒ်မ(၄၉)အရ စွဲချက် တင်ထားသော အမှုသုံးမှုအား နိုဝင် ဘာ ၁၈ ရက်က မကွေးမြို့နယ်တရားရုံး မှမြို့နယ်တရားသူကြီး ဒေါ်ခင်နှင်းရီ ၏ခုံမှတစ်မှုလျှင် ထောင်ဒဏ်သုံး ရက်စီ (သို့မဟုတ်)တစ်မှုလျှင်ငွေ ဒဏ်ကျပ် ၂ဝဝ စီပေးဆောင်စေဟု အမိန့်ချမှတ်လိုက်ရာ ဦးမောင် မောင်စိုးမှ အမှုသုံးမှုအတွက် ဒဏ် ငွေကျပ် ၆ဝဝပေးဆောင်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇွန်လ ၉ရက်က မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် (၈၈)မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (မကွေး)တို့ ပူးပေါင်းပြီး မကွေးမြို့ ကန်သာရပ် အေးစေတီဘုရား အ တွင်းရှိ ကွင်းပြင်တွင် ကျင်းပမည့် ၂ဝဝ၈ဖွဲ့စည်းပုံခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ပြင်ဆင်ရေး လူထုတွေ့ဆုံဆွေး နွေးပွဲအတွက်စည်းရုံးလှုံ့ဆော်ရန် ပူးပေါင်းကော်မတီမှ အသံချဲ့စက် ဖြင့်မြို့ပေါ်ရပ်ကွက်အတွင်းရှိလမ်း များတွင်လှည့်လည်ဆော်သြသော ကြောင့် သက်ဆိုင်ရာမှ ခွင့်ပြုမိန့် ရယူခြင်းမရှိဘဲ အသံချဲ့စက်ဖွင့် သည်ဟုဆိုကာ မကွေးမြို့ မြို့မရဲစခန်း မှ ဒုရဲမှူးဦးထွေးကိုက အမှုအမှတ် ၂၂၃၅၊ ရဲအက်ဥပဒေပုဒ်မ ၄၉ ဖြင့် လည်းကောင်း၊ မကွေးမြို့နယ်မြေရဲ စခန်းရဲမှူးဦးရွှေဌေးက ရဲအက်ဥပဒေ ပုဒ်မ ၄၉ အမှုအမှတ် ၂၂၃၆နှင့် အမှုအမှတ် ၂၂၃၇ တို့ဖြင့်နှစ်မှု၊ စုစု ပေါင်းအမှုသုံးမှုအတွက် ¤င်းတို့က တရားလိုပြုလုပ်ကာ စွဲချက်တင်ပြီး မကွေးမြို့ နယ်တရားရုံးသို့စွဲဆိုခဲ့ သောအမှု ဖြစ်သည်။

''ခွင့်ပြုမိန့်မတင်ဘူး၊ သို့သော် ကျွန်တော်တို့ ဒါ ဒါ လုပ်မယ်၊ အ ကြောင်းကြားစာတော့ တင်တယ်''ဟု ဒဏ်ငွေပေးဆောင်၍ ပြန်လည် လွတ်မြောက်လာသူ ဦးမောင်မောင်စိုး က ပြောသည်။

ဒဏ်ငွေဆောင်၍ အမှုမှလွတ် မြောက်လာသူ ဦးမောင်မောင်စိုးမှာ အမိန့်မချမီက ထောင်အကျခံမည်ဟု သတင်းထွက်ခဲ့သော်လည်း ၄င်းအနေ ဖြင့် နိုင်ငံရေး လုပ်စရာများရှိနေ၍ ဒဏ်ငွေပေးဆောင်ပြီး ထွက်လာ ခြင်းဖြစ်ကြောင်းသိရသည်။

#Democracytoay

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

 
 

No comments:

Post a Comment