Thursday, November 20, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်အစိုးရသက်တမ်းမှသာ ပြင်နိုင်မည်ဆိုခြင်းသည် လုပ်ငန်းစဉ်အတိုင်းဖြစ်ခြင်းကြောင့် ယင်းသို့သာသွားရ မည် ဟု ဒေါ်အောင်ဆန်း စုကြည်ပြော

မြင့်ဦး၊ ဇာခြည်လှိုင်
======================================================
နေပြည်တော်၊ နိုဝင်ဘာ ၁၉- ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို ၂၀၁၅ရွေးကောက်ပွဲအပြီး အစိုးရ သစ်တက်မှ အတည်ပြုမည် ဟု လွှတ် တော် ဥက္ကဋ္ဌသူရဦးရွှေမန်းမှ ပြော ခြင်းမှာ process (လုပ်ငန်းစဉ်)ကို ပြောခြင်းဖြစ်ပြီး အခြေခံ ဥပဒေပြင် ဆင်ရေးဆောင်ရွက်မှုကို စမသခနျ အတိုင်းသာ သွားရ မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြော ကြားသည်။

နိုဝင်ဘာ ၁၉ရက်တွင်ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော်အ စည်း အဝေး ခေတ္တနားနေချိန်တွင် သတင်းမီဒီယာ များ၏မေးမြန်းချက် များအပေါ် ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။


ဒေါ်စုက ''အခုဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်တာ ၂၀၁၅ ရွေး ကောက်ပွဲ အပြီး နောက်အစိုးရတက် မှ အတည်ပြုမယ် လို့ပြောတယ်ဆို တာ process ကို ပြောတာပါ။ process ဆိုတာ အဲလိုပဲသွားရမှာပဲ လေ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ် တယ်ဆိုပါတော့။ ဒီပုဒ်မ ၄၃၆ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးမှသာ လျှင် တချို့ကိစ္စတွေ ပြောင်း လို့ရမယ် လေ။ အဲဒီဟာတွေကျတော့ အချိန် အရရော ခုလက်ရှိသွားနေတဲ့ လုပ် ငန်းတွေအရရော ဒီ process အရ တော့ လုပ်ရမှာပဲ။ ဥပဒေသဘော တရားအရ ဥပဒေပညာရှင်တွေကို မေးကြည့်ရင်ပိုကောင်းတယ်။ ပုဒ်မ ၅၉(စ) ပြင်ဖို့ဆိုတာကလဲ သူ့ပရော စက်နဲ့သူသွားရမယ်။ ပုဒ်မ၅၉(စ)မပြင်ခင် ၄၃၆ ကို ပြင်ရမယ်။ အဲလို သူ့အဆင့်နဲ့သူရှိတယ်။ အဲလိုလုပ် ငန်းစဉ်အရ ဒီလိုပဲဖြစ်ဖို့က သဘာဝ ကျတယ်''ဟု ပြောသည်။

ယင်းမတိုင်မီ အမျိုးသားဒီမို ကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က သတင်းစာရှင်းလင်းပွဲတစ်ခု ၌လည်း တပ်မတော် အနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တွင် တပ်မတော်၏ သဘောထား ပြောင်း လဲလာနိုင်သည်ဟု ပြောခဲ့ သည်ဆိုသော် လည်း လက်ရှိလွှတ် တော်ထဲ တွင် ဆွေးနွေးသည့်အခါ တပ်မတော်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က ဆက် လက်ဆိုသည်။

''အန်တီတို့ကတော့ ရှင်းရှင်း လေးပဲ။ အခုဒီမိုကရေစီလမ်းကြောင်း သွားတဲ့ဆီ ပိုပိုပြီး ဒီမိုကရေစီစံနှုန်း စံထားတွေနဲ့ ကိုက်ညီရ မယ်။ ဒါပဲ အဲဒီတော့ အန်တီတို့လဲ ပြောပြီးပြီ။ တပ်မတော်ရဲ့ကဏ္ဍနဲ့ပတ်သက်လို့ အန်တီတို့သဘော မတူတာက ဒီမို ကရေစီစံနှုန်း စံ ထားတွေနဲ့ ပိုပြီးကိုက် ညီစေချင်တယ်။ တပ်မတော်ကို ဦး တည်ပြီးတော့ တပ်မတော်ကိုအပြစ် ရှာတဲ့ပုံစံမျိုးမဟုတ် ဘူး''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန် လိုသည်ဆိုခြင်း မှာ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက် ညီရမည်ဖြစ်ကြောင်း၊ မည်သို့ပင် ပြောစေ တပ်မတော်အား ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေမှ ပေးထား သည့် ကဏ္ဍသည် ဒီမိုကရေစီစံနှုန်း နှင့် မကိုက်ညီကြောင်း၊ ယင်းအချက် ကို လူတိုင်းသိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ဖြည့်စွက်ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ၂၀၁၅ရွေးကောက်ပွဲ အပြီးနောက် အစိုးရတက်မှသာ အ တည်ပြုမည် ဟု ပြောနေခြင်း အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းတွင်လည်း ဝေဖန်မှုအမျိုးမျိုးရှိနေပြီး ယခုလွှတ် တော်သက်တမ်းအတွင်း ပြီးစီးမည် မဟုတ်ဟု ယခင်ကတည်း ကပြောဆို ထားမှုများလည်း ရှိနေသည်။

အမျိုးသားဒီမိုကရေစီ အင်အား စုပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ''အ စကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေး က ၂၀၁၅မတိုင်ခင် ပြီးနိုင်ချေမရှိဘူး ဆိုတာ စဉ်းစားပြီးသားပါ။ အခုတော့ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကိုယ် တိုင် ဝန်ခံလာပြီဆိုတော့ ပိုပြီးသေ ချာသွားတာပေါ့။ အကယ်၍ပြီးနိုင်ခဲ့ မယ်ဆိုရင်လဲ ဒါကဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ချက်ပဲ ဖြစ်နိုင်မှာပါ။ ဒီမိုက ရေစီနည်းကျ တာတော့ မဖြစ်နိုင်ပါ ဘူး။ အရေးကြီးဆုံးက ငြိမ်းချမ်းရေး ပါ။ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေက ထွက်လာတဲ့အချက်တွေကို ဖွဲ့စည်းပုံ ထဲမှာ ထည့်ရမှာပါ။ အဲဒါမပြီးဘဲဖွဲ့ စည်းပုံပြင်ပြီးဖို့ မဖြစ်နိုင်ပါဘူး''ဟု ယင်း အမြင်ကို ဒီမိုကရေစီတူဒေးသို့ ပြောသည်။

သို့သော် ၂၀၁၅ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင် ဆင်နိုင်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် ဝေဖန်မှုများအပေါ် နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက် လှမ်းနေသည်မှာ မကြာသေးကြောင်း ၊ ခေတ်ဟောင်း စနစ်ဟောင်းများ ကို ပြုပြင်ခြင်း အဆင့်သာရှိသေးပြီး မိမိ တို့ပါတီအနေဖြင့် ဖွဲ့စည်းပုံကို ရွေး ကောက်ပွဲ အမီ ပြင်နိုင်သည်ဖြစ်စေ၊ မပြင်နိုင် သည်ဖြစ်စေ ဖြတ်သန်းသွား ရန်ရှိကြောင်း ဦးခင်မောင်ဆွေက ဆက်လက်သုံးသပ်ပြောသည်။

ရခိုင်အမျိုးသားပါတီဗဟိုကော် မတီဝင် ဦးအေးသာအောင်က ''နိုင်ငံ အပြောင်းအလဲတွေအတွက် ရှေ့ကို တက်ရမယ့်အချိန်မှာ ဖွဲ့စည်းပုံပြင် ရေး၊ မပြင်ရေးက သိပ်ကိုအရေးကြီး ပါတယ်။ ဒီမိုကရေစီစနစ်ထွန်းကား ဖို့က ဖွဲ့စည်းအုပ်ချုပ်ပုံကောင်းမှဖြစ် မှာပါ။ ၂၀၀၈ကိုမကြိုက်ခဲ့လို့ ကျွန် တော်တို့က ၂၀၁ဝမှာ ရွေးကောက်ပွဲ မဝင်ခဲ့ပါဘူး။ အားလုံးက ပြင်မယ် လို့ ပြောနေသ လို ပြည် သူတွေ ကလဲ ပြင်ဖို့တောင်းနေတယ်။ ကျွန်တော် တို့ကလဲ ၂၀၁၅ မတိုင်ခင် ပြင်လိမ့် မယ်လို့ မျှော်လင့်ခဲ့တယ်။ အခုက လွှတ်တော် ဥက္ကဋ္ဌက ၂၀၁၅ ရွေး ကောက်ပွဲရလဒ်ကို ကြည့်ဦးမယ့် သဘောမှာရှိတယ်။ ဒါကြောင့် ပြည် သူတွေအတွက်လဲ အလားအလာ မကောင်းနိုင်ပါ ဘူး''ဟု ပြောသည်။

မိမိတို့၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်လိမ့်မည်ဟု မျှော်လင့် ကာ ပါတီသစ်မှတ်ပုံတင်ခဲ့ကြောင်း သို့သော် ယခုစဉ်း စား စရာဖြစ်လာ ကြောင်း၊ သို့သော် လွှတ်တော်တွင်း၌ ခေါင်းဆောင်များနှင့် လွှတ်တော် ကိုယ်စားလှယ် တချို့မှ အင်တိုက် အားတိုက် လုပ်ဆောင်နေကြကြောင်း သို့သော် လွှတ်တော်တွင်းလုပ်ဆောင် ၍ မရရှိနိုင်သည့်အခြေအနေမျိုး ကို တွေ့ရှိရသဖြင့် လွှတ်တော်ပြင်ပ တွင် ပြန်လည်တောင်းဆိုရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း ဦးအေး သာအောင်က ဆိုသည်။

Photo Caption:: ဒေါ်အောင်ဆန်းစုကြည် နှင့် မီဒီယာများတွေ့ဆုံစဉ်။

ဓာတ်ပုံ - မြင့်ဦး (နေပြည်တော်)

#Democracytoday

 
 

No comments:

Post a Comment