Friday, November 21, 2014

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တမာဉဏာဘိဝံသ ရေဦး ဆရာတော်ကြီးကို လျှောက်ထားခြင်း

– မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့
ဘုန်းကြီးတို့က အစိုးရခိုင်းတဲ့အတိုင်း လုပ်နေတဲ့ဘုန်းကြီး မဟုတ်ပါဘူး။ အဲဒါတွေကတော့ အများ အတွက် ရှင်းဖို့ကောင်းတယ် … သာသနာရေး ဦးစီးဌာနက တင်တာတွေပဲ ဘုန်းကြီးတို့က ဆုံးဖြတ်တာ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မလှိုင်၊ နိုဝင်ဘာ ၇
ဆရာတော် – စတုတ္ထမဏ္ဍိုင်ဆိုတော့ တိုင်းပြည် ထူထောင်ရေး၊ တိုးတက်ရေးမှာ တစ်တပ်တစ်အား အနေနဲ့ပါရ မှာပေါ့။
● တပည့်တော်တို့ ကြားတာက မဟန ဆရာတော်ကြီးတွေက အဘဦးအံ့မောင်ကို လက်မခံတော့ဘူး သတင်းကြား နေလို့ပါ ဘုရား။

ဆရာတော် – မဟုတ်ပါဘူး။ လက်မခံ တော့ဘူးဆိုရင် အမိန့်ကြော်ငြာ ထွက်မှာပေါ့။ မဟုတ်ပါဘူး ဘုန်းကြီးတို့ တရားဝင်ထုတ် တာမရှိပါ ဘူး။ ပုဂ္ဂိုလ်တစ်ယောက်၊ ၀န်ထမ်း တစ်ယောက်ကို အသုံးမပြုတော့ ဘူးဆိုရင် သူ့ကို အလုပ်ထုတ်တာ၊ အနားယူတာတို့ ရှိမှာပေါ့။ အဲလိုပါ လား မပါရင် မဟုတ်ဘူး ပေါ့။ အဲလိုမဟုတ်ပါဘူး၊ ဘုန်းကြီး တို့သတင်း ထုတ်ပြန်တာလည်း မရှိပါဘူး။
● သန်္တိသုခကိစ္စရော အစည်းအဝေးမှာ ဆွေးနွေးဦးမှာလားဘုရား။
ဆရာတော် – မဆိုင်ဘူးလေ။ သန်္တိသုခ ကိစ္စက ပိုင်ဆိုင်မှုနဲ့ မပတ်သက်ဘူး။ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ထုတ်ထား တဲ့ အမိန့်ကို မနာခံလို့ ဒီလိုဖြစ်တာ။ သန်္တိသုခကိစ္စက ဘုန်းကြီးအမှန်အတိုင်းပြောရင် ဘယ်သူ့ ဘက်မှမလိုက် ဘူး။ ဟိုတုန်းတည်းက စတင်တည်ထောင်တဲ့အချိန်က စပြီးတော့ ဒီနေ့အချိန်အထိ ပီနန်ဆရာတော်ကို လှူဒါန်း ထားတဲ့ အထောက်အထား မရှိပါဘူး။… နိုင်ငံတော် ကသာသနာကိုလှူဒါန်းပြီးတော့ မဟာနာယကက ထိန်း သိမ်း စောင့်ရှောက်ဖို့။ မဟာနာယကက ပိုင်တာတော့ မဟုတ်ပါဘူး။ သာသနာပိုင် သံဃိကပစ္စည်းဆိုတော့ သံဃာက ထိန်းသိမ်း စောင့်ရှောက်ဖို့ တာဝန်ပေးထားတာ ရှိပါတယ်။ နောက်တစ်ခုက ဒါနဲ့ပတ်သက်ပြီးတော့ အမျိုးမျိုး ပြောနေလို့ ဘုန်းကြီးကအခွင့် ကြုံလို့ပြောတာ။ မဟာသန်္တိသုခကျောင်း လှူဒါန်းပွဲနဲ့ ပတ်သက်ပြီးတော့ ဖိတ်စာရှိ တယ်။ ဖိတ်စာက မဟာသန်္တိသုခကျောင်းကြီး ကို သာသနာလှူဒါန်းပွဲ၊ သံဃိကကို ပံ့ပိုးတဲ့ အနေနဲ့ကျင်းပမယ် ဆိုတဲ့ကိစ္စ၊ မဟာနာယကကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက်ဆို ပြီးတော့ အဲလိုအထောက် အထားတွေတော့ ရှိပါတယ်။ ဟိုဘက်မှာလည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ကနေပြီးတော့ ပီနန်ဆရာတော်ကြီး ကိုပေးတဲ့စာတွေရှိတယ်။ သာသနာရေးကိစ္စ ဆောင်ရွက်တိုင်း ဆရာတော်ကြီးကို ပေးပါတယ်။ အခြေအနေအရ သန်္တိသုခကျောင်းကြီးကို သာသနာကိုလှူဒါန်းပြီးတော့ မဟာနာယက ထိန်းသိမ်းစောင့်ရှောက် ဖို့ ပေးအပ်ထားပါတယ်ဆိုတဲ့ ပစ္စည်းကို သူတို့ကလည်း အဲဒါကို သူတို့ဆီကကို ထွက်လာတာရှိတယ်။ ဒီစာအရ ရှင်းနေတာပဲဥစ္စာ။ နိုင်ငံအကြီးအကဲ တွေက သာသနာကိုလှူဒါန်းပြီးတော့ မဟာနာယကက ထိန်းသိမ်းစောင့်ရှောက်တယ်။ မဟာနာယကပိုင် လည်းမဟုတ်ဘူး။ ထိန်း သိမ်းစောင့်ရှောက်တဲ့အဆင့်ပဲရှိတယ်။ မူလ ပိုင်တာ သာသနာ၊ အတိ အကျ အဲဒီအထဲ မှာရှိတယ်။ သူတို့ဆီက ထုတ်တဲ့စာထဲမှာကို ရှိတယ်။ ဆိုတော့ ဘုန်းကြီးတို့ဆိုလိုတာက ပိုင် ဆိုင်မှု လုပ်တဲ့အခါကျတော့ ခွင့်ပြုထား တယ်။ ၀ိနိစ်္ဆယနဲ့ပဲဖြစ်ဖြစ်၊ တရားရုံးနဲ့ပဲဖြစ်ဖြစ် ပိုင်ဆိုင်မှုကို လုပ်နိုင် တယ်လို့ ပြောထားတာ ရှိတယ်။ အဲလို မဟုတ်ဘူး။ အခုဟာက မဟာနာယကကို ဒီကျောင်းကြီးကို ပြန်ပေး ဆွဲ ထားပါတယ်လို့ဆိုတော့ မဟာနာယကက ဒီဟာအထောက် အထားတွေအရ သာသနာ ကိုလှူဒါန်းထားတာ မဟာနာယကက ထိန်းသိမ်းထား တဲ့ ကျောင်းဖြစ် တယ်။ အဲလိုဆုံး ဖြတ်ပြီးတော့။
ပီနန်ဆရာတော်ကြီး ပြန်သွား တာရှိတယ်။ ပြန်သွားပြီးတော့ ပြန်လာတဲ့ အခါကျတော့ ဒီကျောင်းကြီး ကို ညွှန်ချုပ်က ပြောထားတာရှိတယ်။ ဆို တော့ ဘုန်းကြီးကို လာလျှောက်တော့ ဒါ တပည့်တော် ဘယ်လိုဆောင် ရွက်ရမှာလဲ။ သာသနာလှူထားတာ မဟာ နာယက ထိန်းသိမ်းစောင့်ရှောက်ထား တာ။ ဘုန်းကြီးကိုပြောတယ် သြ၀ါဒမှာ၊ အဲလိုဆိုတော့ အထောက် အထားတွေ အရ သူတို့ကတော့ သူဦးစီးဆောင်ရွက်လို့ သူ ပိုင်ပါတယ်ဆိုတာရှိပါတယ်။ ဒါတွေ ကတော့ မပြော တော့ပါဘူး။ ကိုယ့်အယူ အဆနဲ့ကိုယ်ရှိတာပေါ့လေ။ တကယ် တမ်းစာထဲမှာကျတော့ အဲလိုမဟုတ်ပါ ဘူး။ ဒီ ကျောင်းကြီးဟာ သာသနာကိုလှူတယ်။ မဟာနာယက ထိန်းသိမ်းစောင့် ရှောက်တယ်၊ ဒါ အားလုံးအသိပဲ ဖြစ် တယ်။ ဆိုတော့ အခုသူ့ကိုလှူထားတာ မဟုတ်တော့ ဘုန်းကြီးတို့က အာဂန္တုက အဖြစ်ပဲ လက်ခံလို့ရမှာပေါ့။ ဒါဝိနည်းကံ အရပြောတာလေ။ သူတို့က ပိုင်ဆိုင် တယ်လို့ပြောတော့လည်း ဆုံးဖြတ်ထား တာရှိတယ်။ ရှိတော့ နောက်ဆုံးကျတော့ ပီနန်ဆရာတော်ကြီးက သူတင်မကဘဲနဲ့ သူ့ရဲ့တပည့်တပန်းတွေပါ အဲဒီမှာထား တာ။ ထား တာဆိုတော့ လက်ရှိ စောင့်ရှောက်နေတဲ့ ဘုန်းကြီးတွေနဲ့ အဲဒီပီနန် ဆရာတော်တပည့်တွေ နဲ့ ပြဿနာတွေ ဖြစ် တယ်။ ပြဿနာတွေဖြစ်တဲ့အခါကျ တော့ မဟာနာယက က ဘာလုပ်တုန်း ဆိုတော့ ပြဿ နာတွေရှင်းဖို့ ပီနန် ဆရာတော်ကြီးရဲ့တပည့်တွေကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီးဆုံးဖြတ် တာ။ မဟနရဲ့ဆုံးဖြတ်ချက်၊ တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဒီထုတ်ပြန်ချက်တည်းက ဖယ်ရှားခိုင်းတာ။ အဲဒီပြဿနာက ပိုင်ဆိုင်မှုမဟုတ်ဘူးနော်။ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့ ဆက်နွှယ်ပြီးတော့ ဖြစ်နေ တဲ့ နောက်ဆက်တွဲ။ ဦးဥတ္တ ရပါငါးပါးကို တရားရုံးကို စွဲဆိုတဲ့အမှုက ပိုင်ဆိုင်မှုနဲ့ မပတ်သက်ဘူး။ မဟာနာယကကနေ မတ် ၃၁ ရက်နေ့ ထွက်ခွာသွားဖို့ ထုတ်ထားတာကို မထွက်တဲ့အတွက် အရေးယူတဲ့ကိစ္စ။ ဒါတရား ရုံးကိစ္စ၊ ဘုန်းကြီးတို့နဲ့ ဘာမှမ ဆိုင်ဘူး။ အဲဒါသိဖို့လိုတယ်။ ပိုင်ဆိုင်မှုနဲ့ အခုဖြစ် နေတာနဲ့ မပတ်သက်ဘူး။ ဒီဟာက တရားရုံးက ဘယ်လိုဆုံး ဖြတ်မယ်ဆိုတာ စောင့်ကြည့်ပေါ့။ ဘုန်းကြီးတို့ ဒီကိစ္စတွေကို ဘာမှဆွေးနွေးစရာမလိုဘူး။ မဟာနာယကက ဆွေးနွေးစရာမလိုဘူး။ မဟာနာယကတွေရဲ့ လုပ်ဆောင် ချက် တွေကိုလည်း ဘယ်လိုလုပ်တယ်ဆိုတာ သိဖို့လို တယ်။ ဘုန်းကြီးတို့ကစားပွဲမှာ သာသနာရေးဦးစီးကို တင်စာတွေနဲ့တင်ပြီးတော့ သာသနာရေးဦးစီးက ဘုန်းကြီး တို့ စားပွဲပေါ်ပို့တဲ့စာတွေ ဆုံးဖြတ် တာ။ ပြဿနာဖြစ်နေတဲ့ ကိစ္စတွေကို လူ့ရုံးတွေ၊ လူ့အဖွဲ့အစည်းတွေလို ဒီနေ့ ဘာတွေဖြစ်နေပြီ သူတို့လုပ်နေတဲ့ကိစ္စတွေ၊ ထောက်ခံတဲ့ကိစ္စတွေ နားမလည်တဲ့ကိစ်္စတွေ ရှိတယ် ပေါ့။ သတင်းတွေပေါ်မူတည်ပြီးတော့ ဆုံး ဖြတ်ရတာရှိတယ်။ အခုဘုန်းကြီးတို့ ဆုံး ဖြတ်နေတဲ့အမှုက သာသနာရေး ကိစ်္စ။ ၀ိနိ စ္ဆယရေး၊ သာသနာရေး ဒီကိစ်္စတွေကိုဆုံး ဖြတ်တာ သာသနာနဲ့ပတ်သက်တာတွေကို ဆုံးဖြတ်တာ။ လူမှုရေးတွေ ဖြစ်ပေါ်နေတဲ့ သတင်းတွေကို ဘုန်းကြီးတို့ ကိုင်တွယ်ပြီး မဆုံး ဖြတ်ဘူး။ အဲဒါတွေကို ကွဲကွဲပြား ပြား သိဖို့လိုတယ်။ အခုက ဘာဖြစ်နေလို့ရှိရင် မဟာနာယက က ငြိမ်နေတာ။ ထပြီးတော့ ထောက်ခံတာ ကန့် ကွက်တာ မလုပ်ဘူးတို့ ဒီလိုအပြစ်တင်ကြတာရှိတယ်။ ဘုန်းကြီး တို့ မဟာနာယကရဲ့ လုပ်ထုံးလုပ်နည်းက အဲလိုမဟုတ်ဘူး။ ဖြစ်ပေါ်လာတဲ့ကိစ္စတွေကို အစည်းအဝေးမှာမရောက်ဘဲနဲ့ ဘုန်းကြီး တို့ ဆုံးဖြတ်လို့မရဘူး။ ဘယ်လိုဟာမျိုးပဲ ဖြစ်ဖြစ် သာသနာရေးဦးစီးကနေပြီး ဘုန်းကြီးတို့ အစည်းအဝေးစားပွဲကိုတင်တဲ့အမှု တွေကိုပဲ ဘုန်းကြီးတို့ ဆုံးဖြတ်တယ်။ လောကကြီးအရေး၊ လူမှုရေးတွေဘုန်း ကြီးတို့ ကိုယ့်စားပွဲမှ မရောက်တာ။ ဘုန်း ကြီးတို့ကို တာဝန်ပေးထားတာက လူမှုရေးမပါဘူး။ သာသနာရေးကိစ္စတွေ ဆောင် ရွက်ဖို့ပဲ။ ဘုန်းကြီးတို့ ကတော့ သာသနာရေး ကိစ္စတွေ ဆောင်ရွက်နေတာ များပါတယ်။ အခုဟာကပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တော့ အမျိုးမျိုးဖြစ်နေလို့ ဘုန်းကြီးကပြောတာပါ။ ပိုင်ဆိုင်မှုတွေက ရှင်းပါတယ်။ ဥက္ကဋ္ဌ ဆရာတော်ကြီးကလည်း သူ့ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောခဲ့တာရှိတယ်။ ရေစက်ချတဲ့စာထဲမှာ ဥူးပညာဝံသအား လှူဒါန်းပါသည် ဆိုတဲ့ စကားမပါဘူးတဲ့။ သာသနာအား လှူဒါန်းပါသည်ဆိုတဲ့ စကားပဲပါတာတဲ့။ အရှင်ဘုရား အဲဒီတော့ ပိုင် ဆိုင်မှုအရတော့ အရှင်ဘုရားမပိုင်ဘူးလို့ ဥက္ကဋ္ဌဆရာတော်ကြီးကလည်း ဒီရေ စက်ချစာတမ်းအရ ပြောတာ။ အဲဒီတော့ လှူဒါန်းတဲ့အတိုင်းပဲ ဘုန်းကြီးတို့က လက်ခံရမှာပေါ့။
ဝိနည်းကျမ်းဂန်တွေက သိမ်မွေ့တယ်။ ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့ ဋီကာတွေမှာ ဘယ်လိုပြောထား သလဲ။ ဘာပြောထားလဲဆိုတော့ ရေစက်မချမီမှာ ကျောင်းဒကာတွေ ပိုင်တယ်။ ရေစက်မှ မချသေးတာကိုး။ သူ့ လက်ထဲမှာ ဒီကျောင်း ရှိတယ်။ ရေစက်ချလှူဒါန်းတဲ့အချိန်က စပြီးတော့ အလှူခံပုဂိ္ဂုလ်ပိုင်တယ်။ ဆိုလို တာက ပုဂိ္ဂုလ်ကိုလှူရင် ပုဂိ္ဂုလ်ပိုင်တယ် ပေါ့။ ဂိုဏ်းကိုလှူရင် ဂိုဏ်းပိုင်တယ်ပေါ့။ သံဃာကိုလှူရင် သံဃာပိုင်တယ်ပေါ့။ သဘောပေါက်လား ဘုန်းကြီးပြောတာ။ ကျောင်းဒကာက ရေစက်ချလှူဒါန်းတဲ့ အချိန်ကစပြီးတော့ အလှူခံ ပုဂိ္ဂုလ်ပိုင်တာ။ ပုဂိ္ဂုလ်ကိုလှူရင် ပုဂိ္ဂုလ်ပိုင်တာ။ ဂိုဏ်းကို လှူရင် ဂိုဏ်းပိုင်တာ။ သံဃာကိုလှူရင် သံဃာပိုင်တာ။ အခုဟာက သာသနာကို လှူတာ သံဃာနဲ့အတူတူပါပဲ။ ဆိုတော့ ဒီကျောင်းကြီးက သာသနာပိုင်၊ ဘုန်းကြီး တို့လည်း ပိုင်တာမဟုတ်ဘူး။ ဘုန်းကြီးတို့က ဘယ်သူ့မှလည်း ပေးပိုင်ခွင့်မရှိဘူး။ သာသနာပိုင်တာပဲ။ စာတွေ၊ ကျမ်းဂန်ရဲ့ အဆိုအမိန့်ကိုပဲ ဘုန်းကြီးတို့က လက်ခံတယ်။ ဘုန်းကြီးတို့ကလည်း ခဏအဖြစ် မဟာနာယက အဖြစ် တာဝန်ထမ်းဆောင်တယ်။ ဘုန်းကြီးတို့ ပိုင်တာလည်း မဟုတ်ပါဘူး။ ဒါတွေသိထားဖို့တော့ လိုအပ် တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ များသောအား ဖြင့် မရှင်းမရှင်းဖြစ်နေတယ်။
● ဘုန်းဘုန်းတို့ အဲလိုမျိုး မဟာနာယက ဆုံးဖြတ်တာတွေက အဘဦးအံ့မောင်ပြောလို့ ဆုံးဖြတ်တာလားဘုရား။
ဆရာတော် – မဟုတ်ဘူး။ ဘုန်းကြီး တို့ ၄၇ ပါးက ဒကာကြီး ဦးအံ့မောင်တို့က အထောက်အပံ့ပဲ ရှိတာ။
● ဦးအံ့မောင်ကြောင့် ဒီလိုသန်္တိသုခကြီး သိမ်းတဲ့အထိ ဖြစ်သွား တယ်လို့ ပြောနေတယ်ဘုရား။
ဆရာတော် – အဲဒါကတော့ မဟုတ် ပါဘူး။ မဟာနာယကရဲ့အစီအစဉ်နဲ့ ဘုန်းကြီးတို့ကလည်း တာဝန်ကျ မဟုတ်ပါဘူး။ မဟာနာယက ၄၇ ပါး ဆုံးဖြတ်ချက်အရ တာဝန်ကျအဖွဲ့က ဆောင်ရွက်တာပဲရှိပါ တယ်။ ဒကာကြီး ဦးအံ့မောင်တို့ကတော့ သူတို့က သာသနာရေးအကြံပေး၊ သာသနာရေးနဲ့ ပတ်သက်တယ်ဆိုတော့ ဘုန်း ကြီးတွေချည်းလုပ်လို့ ဘယ်ရမှာတုန်း။ ဒကာကြီးဦးအံ့မောင်က သိမ်းခိုင်းလို့သိမ်း တာမဟုတ်ပါဘူး။ ဆုံးဖြတ ချက်အရ လုပ်တာပါ။ ရှင်းရှင်းလေး။ မဟုတ်ဘူးလား။ ဘုန်းကြီးတို့ကတော့ ဘယ်သူ့ဘက်မှမလိုက် ဘူး။ ၀ိနည်းအရ အဆိုရှိတဲ့အတိုင်း ဘုန်း ကြီးတို့က လိုက်နာမှာပဲ။ ဘယ်လောက် ရင်းနှီး၊ ရင်းနှီး ကျမ်းဂန်နဲ့ မညီညွတ်ဘူး ဆိုရင် အတည်မပြုနိုင်ဘူး။ သူ့ဘက်ကို လိုက်ပြီးတော့ မဆုံးဖြတ်နိုင်ပါဘူး။ သူ့ဘက်က မှန်နေ ရင်တော့ သူ့ဘက်ကို ဆုံး ဖြတ်ရမှာပါပဲ။ မှန်တဲ့ဘက်ကပဲ ဘုန်းကြီး တို့က ရပ်တည်ရမှာပါပဲ။ အခုက ရှင်း တယ်လေ။ အဲဒီစာကို ကြည့်ပါ။ ဗိုလ်ချုပ်ကြီးခင်ညွန့်က ပီနန်ဆရာတော်ကြီးကို ကပ်တဲ့စာ။ ဘုန်းကြီးတို့ ဆီမှာ လည်းရှိတယ်။ အဲဒီစာထဲမှာ ရှင်းတယ်နော်။ ပီနန် ဆရာတော်ကြီးကိုလှူဒါန်းပါတယ်လို့ ဗိုလ်ချုပ်ကြီးခင်ညွန့်က လျှောက်တာ ပါလား။ မပါဘူး။ သာသနာကို လှူဒါန်းပြီးတော့ မဟာနာယကကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တပည့်တော်တို့ အခြေအနေအရ စီစဉ် လိုက်ရပါတယ်။ ကျောင်းကြီးတစ်ဆောင် ဆောက်ပြီးတော့ ထိန်းသိမ်း စောင့်ရှောက်မှု မရှိဘဲနဲ့ ပစ်ထားမယ်ဆိုရင် ဒီကျောင်း ကြီးက ဆုတ်ယုတ်ဖို့ပဲရှိတာပေါ့ တိုးတက် ဖို့ ဘယ်ရှိမှာ တုန်း။ အဲဒီအတွက်ကြောင့် သာသနာကိုလှူဒါန်းပြီးတော့ မဟာနာယက ကိုထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန် ပေး အပ်ပါတယ်။ ဒါပဲပါတယ်။ အဲဒီအထဲမှာ ပီနန် ဆရာတော်ကြီးကို လှူဒါန်းပါတယ်ဆိုတာ မပါဘူး။ အရှင် ဘုရားကိုလည်း သတိရပါတယ်။ သာသနာရေးကိစ္စဆောင်ရွက် ရင် အရှင်ဘုရားကို တပည့်တော်တို့သတိ ရပါတယ်။ မြန်မာပြည်ရောက်တဲ့အခါမှာ လည်း အရှင်ဘုရား လိုအပ်တဲ့ဟာကို တပည့်တော်တို့ ဆောင်ရွက်ပေး ပါ့မယ်။ အဲဒီစာက သူတို့ရဲ့စာထဲမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကနေပြီးတော့ ပီနန်ဆရာတော်ကြီး ကို လှူဒါန်းထားပါ တယ်ဆိုတဲ့ စာရဲ့သက်သေ အဲဒါ။ တကယ်တမ်း သက်သေ မမြောက်ဘူး။ စဉ်းစားကြည့် သူတို့ပြော တာနဲ့ ဒီစာ နဲ့ တခြားစီဖြစ်နေတာကို ဘုန်းကြီးပြောတာ။ ၀ိနည်းကြောင်းအရ သာသနာကိုလှူရင် သာသနာပိုင်တယ်၊ ပုဂိ္ဂုလ်ကိုလှူရင် ပုဂိ္ဂုလ်ပိုင်တယ်။ ဂိုဏ်းကိုလှူရင် ဂိုဏ်းပိုင်တယ်။ အခုသာသနာကို လှူထားတော့ သာသနာ ပိုင်တယ်။ ဒါကိုပြော တာ ဘုန်းကြီးတို့က။ ဘုန်းကြီးတို့က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လူတွေ ဒွိဟ ဖြစ်နေလို့၊ သံသယဖြစ်နေလို့ ပီနန် ဆရာတော်ကြီးကို လှူထားရဲ့သားနဲ့ မဟာ နာယကဆရာတော်တွေက အပိုင်စီးထား တယ်ဆိုတဲ့ အမြင်မျိုး လူတွေလောကမှာ ရှိနေလို့ ဘုန်းကြီးရှင်းတာ။ အခုရှင်းအောင်လို့ ဘုန်းကြီးပြောတာ။ ဘုန်းကြီးက သတင်းလောကနဲ့ တစ်ခါမှ မပြောဖူးဘူး။ အခုဘုန်းကြီးပြောတာ ပြောသင့်တယ် ထင်လို့ ပြောတာ။
● ပီနန်ဆရာတော်ကြီး ဒီဘက်ပြန်ဝင် လာတဲ့အခါမှာ အစိုးရကနေပြီးတော့ နိုင်ငံ ရေးသမားတွေကို ဒီလို ထောက် ပံ့ခဲ့တဲ့ဟာကို ပီနန်ဆရာတော်ကြီးကို မြန်မာနိုင်ငံထဲမှာ မနေနိုင်အောင်လို့ သန်္တိသုခကိစ္စနဲ့ ပြန်ပြီးတော့ နှင်ထုတ် လို့ရအောင်လုပ်တာ လို့ ပြောကြတာတွေရှိပါတယ်ဘုရား။
ဆရာတော် – မဟုတ်ဘူး။ မှား နေတာကိုပြောတာ။ ပီနန်ဆရာတော်ကြီး ကို နှင်ထုတ်တယ်ဆိုတာက ဒီဆရာ တော် ကြီးက အာဂန္တုဖြစ်နေတာ။ သူ့ကိုလည်းလှူ ထားတာမဟုတ်ဘူး။ အာဂန်္တုဖြစ်နေတာ။ ဒီတိုင်းနေရင်တော့ ဘာမှတော့ ဖြစ်မှာ မဟုတ်ဘူး။ ပီနန်ဆရာတော်ကြီးက သူ့ ဘာသာသူ ဒီမှာ အေးအေးဆေးဆေး နေရင်တော့။ အခုဟာက လက်ရှိပုဂိ္ဂုလ်တွေ နဲ့ ပီနန်ဆရာတော်ကြီးရဲ့တပည့်တွေ။ ရှင်းရှင်းပြောရရင် အခန်းသော့တွေကို သိမ်းပြီးတော့ ဒီဟာတွေကို နှင်ထုတ်တာ။ လွဲနေတာကိုပြောတာ။ အဲဒီကိစ္စတွေနဲ့အစိုးရ နဲ့ဘာမှမ ပတ်သက်ဘူး။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မဖြစ်တော့ဘူး၊ ဒါက ဘုန်းကြီးတို့က မဟာနာယကကို ထိန်း သိမ်းစောင့်ရှောက်ဖို့ထားတဲ့အတွက် ဒီပြဿနာတွေဖြစ်ရင် ဘုန်းကြီးတို့ ရှင်းရမှာ။ တကယ်တမ်းပြောရရင် အဲဒီတည်းက ဘုန်းကြီးတို့က သြ၀ါဒါစရိယတွေ ဖွဲ့ထား တာရှိတယ်။ သြ၀ါဒါစရိယတွေအပြင် ဂေါပက အဖွဲ့ တွေရှိတယ်။ သြ၀ါဒါစရိယဆိုတာ ဘုန်းကြီးတို့ အဲဒီထဲမှာ ဘာပုဂိ္ဂုလ်၊ ညာပုဂိ္ဂုလ်ဆိုပြီးတော့ မှတ်တမ်းထဲမှာ မတွေ့ဘူး။ ဘုန်းကြီးက သေချာလျှောက် ကြည့်တော့ သြ၀ါဒါစရိယဆိုတာ အခြား မဟုတ်ဘူး။ သက်ဆိုင်ရာ သံဃနာယက၊ သုံးဖွဲ့ရှိတာကိုး။ သုံးဖွဲ့မှာ ဥက္ကဋ္ဌဆရာတော် တွေဟာ သြ၀ါဒါစရိယတွေပဲ။ ဒီကြားထဲမှာ ပြဿ နာပေါ်တာတွေရှိတယ်။ ပီနန်ဆရာ တော်ကြီးက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကြီးကို လျှောက်ထားတာရှိတယ်။ ဘာ တုန်းဆိုတော့ ဒီကျောင်းကြီးမှာ နိုင်ငံခြား သာသနာပြု သင်တန်းဖွင့်ချင်ပါတယ်တဲ့။ ဘုန်းကြီးတို့ တာဝန်ကျ တုန်းက ဗန်းမော် ဆရာတော်ကြီးကို လျှောက်တာ။ ဖွင့် ခွင့်ပေးပါ။ ဗန်းမော်ဆရာတော်ကြီးက ဘုန်းကြီးတို့ အဖွဲ့ကို အမိန့်ရှိတယ်။ ဘုန်းကြီးတို့က တာဝန်ကျအဖွဲ့ဆိုတာ ပြဿနာ ဖြစ်လာရင် ဘုန်းကြီးတို့က ဖြေရှင်းရ မယ့် အဖွဲ့ပဲ။ ဒီကိစ်္စကို ဖွင့်ခွင့်ပေးသင့်၊ မပေး သင့်ဘုန်းကြီးတို့က ဆုံးဖြတ်ရမယ့်အဖွဲ့ပဲ။ တာဝန်ကျတာကိုး။ အဲဒီတော့ ဒီကျောင်း ကြီးက ၄၇ ပါးက အသိအမှတ်ပြုထားတာ ကလည်း မဟာနာယကက ထိန်းချုပ်တဲ့ အဖွဲ့ အစည်း ဒီကျောင်းကြီးမှာ လုပ်တာ ကိုင်တာတွေရှိရင် သြ၀ါဒါစရိယ၊ ဂေါပက တွေကပဲ ပြောရမှာပေါ့။ မပိုင်ဆိုင် တဲ့ ပီနန်ဆရာတော်ကြီးက ဒီလိုတောင်းတာကိုတော့ မဟာနာယက ခွင့်ပြုလို့မရဘူး။ ဘုန်းကြီးတို့က ဒီလိုလုပ် ထားခဲ့တာ။ မှန်တဲ့အတိုင်း ဆုံးဖြတ်တာပဲ။ မဟာနာယက ကအုပ်ချုပ်တာ၊ သာသနာပိုင်ဆိုတော့ ပီနန်ဆရာ တော်ကြီးကို ဆုံးဖြတ်ခွင့် ဖွင့်ခွင့် ပေးလို့မရဘူးလေ။ ဘုန်းကြီးတို့က မဟာနာယကရဲ့ကိုယ်စားဆိုတော့ မဟာ နာယက ပိုင်ကို ဒီအဖွဲ့က ဘာလို့ဒီလိုပေးလိုက်ရ တာလဲဆိုတော့ ဘုန်းကြီးတို့ သြ၀ါဒ တရားမ၀င်နိုင်တော့ဘူး။ အဲလိုတွေရှိတယ် ဆိုတော့ ဒါတွေလည်း ဘုန်းကြီးတို့ဥက္ကဋ္ဌ ဆရာတော်ကြီးတွေကလည်း တာဝန်ခံခဲ့ တာလည်း မဟုတ်ဘူး။ အရှင်ဘုရား လျှောက်ထားတဲ့အတိုင်း တပည့်တော် တာဝန်ခံ ဆောင်ရွက်ပေးပါမယ်လို့ ဒီလို မဟုတ်ဘူး။ ဘုန်းကြီးတို့ မဟာနာယကရဲ့ ဆောင်ရွက်ပုံတွေကလည်း တစ်ဦးတစ် ယောက်ရဲ့သဘောနဲ့ ဘယ် တော့မှမရဘူး။ အဖွဲ့နဲ့ပဲ ဆုံးဖြတ်ရတာ။ တာဝန်ကျအဖွဲ့ က ဆုံးဖြတ်နိုင်လို့ဆုံးဖြတ်တာ မဆုံးဖြတ် နိုင်ရင် ၄၇ ပါး အဆုံးအဖြတ်ကို ခံယူ။ အခုပြဿနာဖြစ်တဲ့ ကိစ္စတွေမှာ ဆရာတော်ကြီးရဲ့တပည့်တွေနဲ့ မဟာနာယက ထိန်းသိမ်းစောင့် ရှောက်ဖို့ထားတဲ့ အဖွဲ့တွေ ပြဿနာဖြစ်လာတယ်။ ဒါကို ဘုန်းကြီး တို့အဖွဲ့ကဆုံးဖြတ် လို့မဖြစ်ဘူး။ ဒီလိုတော့ ဖြစ်နေပြီ ဒါတွေကိုဘယ်လိုဆုံးဖြတ်မလဲ တင်တယ်။ တင်တဲ့အခါကျတော့ ၄၇ ပါး ဆုံးဖြတ်တယ်။ နိုင်ငံတော် ၄၇ ပါးစုံညီ အစည်းအဝေးကနေ ဆုံးဖြတ်တယ်။ ၃၁ ရက်နေ့မှာ နောက်ဆုံးထားပြီး ထွက်ခွာဖို့ ဆုံးဖြတ်တယ်။ အဲလိုဆုံးဖြတ်ကြတယ်။ ဘုန်းကြီးတို့ အဖွဲ့ခွဲရဲ့ ဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ အကုန်လုံး ၄၇ ပါးက တညီတညွတ်တည်း ဆုံးဖြတ်တဲ့ကိစ္စ။ ဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်ပါ။ ဘုန်း ကြီးကတော့ ဘယ်သူ့ဘက်မှ မလိုက်ပါဘူး။ ပီနန်ဆရာတော်ကြီးမှ မပိုင်ရင် ပီနန် ဆရာတော်ကြီးရဲ့ တပည့်က ဘယ်လိုလုပ် ပိုင်မှာတုန်း။ ဒီမှာနေခွင့်ကို မရှိတာနော်။ ဆုံးဖြတ်ချက်အရ ပြောနေတာ ဘုန်းကြီး တို့က။
● ၂၀/၉၀ အရလုပ်တယ်ဆိုတာလည်း မြတောင်ဆရာတော်ကြီးနဲ့ တွေ့တုန်းက အဲဒီအတိုင်းပဲ မိန့်ပါတယ်။
ဆရာတော် – ၂၀/၉၀ ဆိုတာက သံဃာ့အဖွဲ့အစည်းရဲ့အမိန့်တွေကို မနာခံ ရင်၊ လူဝတ်လဲထောင်ချဆိုတဲ့ ဆုံး ဖြတ်ချက်က အဲဒါပဲ။ အခု မနာခံဘူးလေ။ ဘယ်ရက်ကို ထွက်သွားပါဆိုတဲ့ အမိန့်က တစ်လခွဲလောက် အဲဒီလို မလုပ်ရင်လည်း ဒီဟာအပေါ်မှာ ဘုန်းကြီးတို့က လုပ်မှာပဲ။ ဒါ မတရားလုပ်တာမဟုတ်ဘူးနော်။ ဘုန်းကြီးတို့ မဟာနာယကဆုံးဖြတ်ချက်ကို တာဝန်အရ ဆုံးဖြတ်ချက်အတိုင်း အကောင် အထည်ဖော်တာပဲရှိတယ်။ အစိုးရ က ဒါကြီးကိုလုပ်ပါ၊ ပီနန်ဆရာတော်ကြီးကို ဖယ်ရှားပါလို့ ဘယ်လိုလုပ်။
● ထူးခြားတာကလည်း အဲဒီကိစ္စပြီးမှ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ပြုတ်သွားတာ။
ဆရာတော် – အဲဒါကလည်း တိုက်ဆိုင်မှုပဲ။ မဆိုင်ဘူးနော်။
မဟာနာယကအပါအ၀င် မဟာနာယက မပါလည်း အခုနက ဘုန်းကြီး ပြော တာထဲမှာ သဘောပေါက်လောက်ပါ တယ်။ အပြင်မှာ ဖြစ်ပေါ်လာတဲ့ အကြောင်း အရာလေးတွေကို ဆုံးဖြတ်တာ မဟုတ်ဘူး။ သာသနာရေးဦးစီး ကနေပြီးတော့ ၀င်စာတွေကို လက်ခံပြီးတော့ အဲဒီဝင်စာတွေအပေါ်မှာပဲ ဘုန်းကြီးတို့က ဆုံးဖြတ် ပေးတာ။ အခု အဖွဲ့အစည်းတွေ ပြောင်းလဲ တာတွေ လက်ခံတာတွေ မရှိဘူးလား။ ဦးဇင်းတို့က အဲဒီလိုမဟုတ်ဘူး။ သာသနာ ရေးကိစ္စ သက်သက် ဆောင်ရွက်တဲ့အဖွဲ့ ဖြစ်တယ်။
● သာသနာရေးဦးစီးဌာနက တင်ပြမှုတွေပဲ လုပ်ဆောင်တာလားဘုရား။
ဆရာတော် – အဲဒါပဲ။ ဒါတွေကို သဘောမပေါက်ကြဘူး။ ၀န်ကြီးဦးဆန်းဆင့်က ဘုန်းကြီးကို ၄၇ ပါးမှာ လျှောက် ထားတာရှိတယ်။ မဟာနာယက ဆရာ တော်ကြီးတွေက အစိုးရရဲ့ လျှောက်ထားချက်အတိုင်း ဆောင်ရွက် နေ ကြတယ်လို့ ထင်မြင်နေကြပါတယ်ဘုရားတဲ့။ ဘုန်းကြီး ပြောတယ်။ ဘုန်းကြီး မဟာနာယကဖြစ်လာ တဲ့အချိန် ကစပြီးတော့ ဆုံးဖြတ်တဲ့ဆုံးဖြတ် ချက်တွေက မဟာနာယကရဲ့ဆရာတော်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆုံး ဖြတ်တာ ဖြစ်တယ်။ အစိုးရက ဒီအမှုမှာ ဒီလိုဆုံးဖြတ် လိုက်ပါလို့လည်း ဘယ်တုန်းကမှ မဟာ နာယကကြီးပေါ် မှာ လွှမ်းမိုးမှုမရှိခဲ့ဘူး။ ဘုန်းကြီးတို့ အခုဆုံးဖြတ်နေတာတွေဟာ ရောက်လာတဲ့ တင်စာတွေအတိုင်းပဲ။ အဲ ဒါကို ဒီလိုဆုံးဖြတ်ပေးပါလို့ တစ်ခါမှ မလျှောက်ခဲ့ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘေးအမြင်တွေကတော့ ရှိမှာပေါ့။ အများအထင်နဲ့ ဘုန်းကြီးတို့ တကယ် ဖြစ်နေတာတွေနဲ့ ရှင်းပြလိုက်တယ်။
● မဟနဆရာတော်ကြီးတွေက သမ္မတနဲ့ အစိုးရကို မလွန်ဆန်နိုင်ဘူးပေါ့။ အဲဒီ လိုထင်နေကြတာဘုရား။
ဆရာတော် – ဦးဆန်းဆင့်ကိုယ်တိုင်က လျှောက်တာ။ သတ္တမအကြိမ်၊ စတုတ္ထအစည်းအဝေးမှာ လျှောက်ခဲ့ တယ်။ ဒီိကိစ္စကို ဘုန်းကြီးက အဲဒီအတိုင်းပြန်ဖြေတယ်။ မဟုတ်ပါဘူးလို့။ ဒကာကြီးတို့ အခု ၀န်ကြီးဖြစ်နေပြီ။ ဒကာကြီးတို့က ဒီလို လုပ်ပေးပါတို့ ဒကာကြီးတို့ မလျှောက်ခဲ့ဘူး။ အရင်ဝန်ကြီးတွေလည်း မလျှောက်ခဲ့ပါဘူး။ အများကထင်တာပါ။ ဘုန်းကြီးတို့က အစိုးရခိုင်းတဲ့အတိုင်း လုပ်နေတဲ့ ဘုန်းကြီးမဟုတ်ပါဘူး။ အဲဒါတွေက တော့ အများအတွက် ရှင်းဖို့ကောင်းတယ်။ ရှင်းတယ်မလား ဘုန်းကြီးပြောတာ။
● ရှင်းပါတယ်ဘုရား။
ဆရာတော် – သာသနာရေးဦးစီးဌာနက တင်တာတွေပဲ ဘုန်းကြီးတို့က ဆုံး ဖြတ်တာ။ ဤအမှုကို ဒီလိုဆုံးဖြတ် ပေးပါလို့ အာဏာပိုင်အဖွဲ့အစည်းက တစ်ခါမှ မလျှောက်ထားခဲ့ဖူးဘူး။ မိမိတို့ဆန္ဒအတိုင်း ဆောင်ရွက်တာပဲ။
● လွန်ခဲ့တဲ့ နှစ် ၁၀၀ကစပြီးတော့ လောကီနိုင်ငံရေး အရှုပ်အထွေးတွေ သံဃာကြားထဲ ၀င်ရောက်လာပြီးတော့ သံ ဃာထု အတွင်းမှာ စည်းလုံးမှုကွဲပြားတယ်၊ စိတ်ဝမ်းကွဲပြားစေပါတယ်။ အဲဒါ နဲ့ပတ်သက်ပြီးလည်း သြ၀ါဒလေး မိန့်ကြားပေးပါအုံး ဘုရား။
ဆရာတော် – သာသနာညီညွတ်တယ်ဆိုတာ ကျောင်းသင်္ခမ်းတစ်ခုမှာ ကွဲလွဲမှု တွေကိုပြောတာလား။ ၀ိနည်း ကြောင်းနဲ့ ပတ်သက်ပြီးတော့ ပြဿနာ၊ လူမှုရေး တွေနဲ့ပတ်သက်ပြီးကွဲလွဲတာတွေက ဆိုင် ကိုမဆိုင်ဘူး။ အဲဒါ လေး သိထားပေါ့။ သံဃာတွေ ညီညွတ်တယ်ဆိုတာ မြတ်စွာဘုရားပဉာတ်ထားတဲ့၊ ဆုံးမထားတဲ့သိက္ခာ ပုဒ်တွေ နဲ့ အညီအညွတ် လိုက်နာရမယ်။ ကွဲပြားမှုမရှိရဘူး။ ဒါကိုပြောတာ။ မြတ်စွာ ဘုရားဖြစ်တဲ့အခါတွေလည်း အသင်းအဖွဲ့ ဖွဲ့တဲ့ ပုဂိ္ဂုလ်တွေရှိတယ်။ အဲဒါတွေကိုကြည့် ပြီးလည်း သံဃာတွေက ညီညွတ်တယ်၊ မညီညွတ် ဘူးဆိုတာ ဆုံးဖြတ်လို့ရတယ်။ ဒီလူမှုရေးကိစ္စတွေမှာ သံဃာ့ကိစ္စမဟုတ်ဘူး။ သံဃာကိစ္စတွေမှာ သံဃာ အချင်းချင်း မြတ်စွာဘုရား ၀ိနည်းတော်နဲ့အညီ မညီညွတ်ရင် ဒါကွဲတာပဲ။ ညီညွတ်ရင် မကွဲဘူး။ မြတ်စွာဘုရား အဆုံးအမနဲ့ပတ် သက်ပြီးတော့ ကွဲပြားတာတစ်ခုမှမရှိဘူး။
● ရွှေပေါ်ကျွန်း ဆရာတော်ဘုရားကြီး ရှိတုန်းက အရှင်ဘုရား ဒီကိုကြွဖူးပါလား ဘုရား။
ဆရာတော် – မရောက်ဖူးပါဘူး။ ဘုန်းကြီး ၂၀၀၇ခုနှစ်က ရောက်ဖူးတယ်။
● ရွှေပေါ်ကျွန်း ဆရာတော်ဘုရားကြီးနဲ့ ပတ်သက်လို့ ဘုန်းဘုန်း ဘယ်လိုမြင်ပါ သလဲ။
ဆရာတော် – ဘုန်းကြီးက သူနဲ့ပတ်သက်ပြီးတော့ သူနဲ့လည်း မတွေ့ဖူးဘူး။ သူ့အကြောင်းတွေ စာနဲ့သာ ဘုန်း ကြီးတို့က။ ဘုန်းကြီးတို့က ဒိဋ္ဌနဲ့ပဲယှဉ်နိုင်မယ်။ အဒိဋ္ဌနဲ့တော့ ယှဉ်လို့မရဘူး။ သူလည်း ဘုန်းကြီးတို့ ပြောရမယ် ဆိုရင်တော့ သူလည်း တတ်နိုင်သဘောက် သာသနာပြု နေတဲ့ပုဂိ္ဂုလ်ပဲ။ ဟိုတုန်းတည်းကလည်း လာတဲ့ ပရိ သတ်တစ်ဦးမေးတယ်။ ဒီလို တွေးနိုင်သားပဲ။ အံ့သြဖို့ကောင်းပါတယ်။ ဘုန်းကြီးတို့တောင် မပြောနိုင်ပါဘူး။ ဒါကို သတင်းတွေလည်း ကြားပါတယ်။ ဘုန်းကြီးတို့ ဘက်ကလည်း သွားပါတယ်။ သို့သော် ဆရာတော် ဘုရား ကြီးဆောင်ရွက် ချက်နဲ့ပတ်သက်ပြီး ရောက်လာတဲ့ပုဂိ္ဂုလ် ပဲသိမယ်။ ဘုန်းကြီးတို့က မသိဘူး။ သူ့စာအုပ်က လေးတွေကိုပဲ။ အဲဒီစာအုပ်ထဲက ပတ်သက်တဲ့ အကြောင်းအရာလေးတွေပဲပေါ့။ ဒီမှာ သာသနာ့ အဆောက် အအုံတွေ ဧက ၅၀ တောင်ရှိတယ် ပြောတယ်။ အဆောက်အအုံပေါင်းက ၅၀၀လောက်ရှိ တယ်တဲ့။
ဘုန်းကြီးတို့က သာသနာ့ဝန်ထမ်း တွေအနေနဲ့သာသနာ့တာဝန်တွေကို ထမ်း ဆောင်နေတဲ့ပုဂိ္ဂုလ်တွေ။ ကိုယ်နဲ့ ပတ် သက်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ သူလည်း သူ့ဒကာ၊ ဒကာမတွေကို ဟော ပြောပြီးတော့ သာသ နာပြုနေတဲ့ ပုဂိ္ဂုလ်လို့ ဦးဇင်းတို့ဒီလိုပဲမြင်ပါတယ်။ သာသနာပြု နေတဲ့ ဘုန်းကြီးတစ်ပါးလို့ ပြောလို့ရပါ တယ်။ ကျန်တာတွေက သိမှမသိတာ။ မသိတော့ဆက်ပြောလို့မရဘူး။ အဲဒါပါပဲ။
● ဆရာတော်တပည့်တော်တို့ကို တခြား ဘာများမိန့်ကြားစရာရှိပါလဲ ဘုရား။
ဆရာတော် – ခင်ဗျားတို့မှာ သတင်း စာကျင့်ဝတ်၊ စာနယ်ဇင်းကျင့်ဝတ်တွေ ရှိတာပဲ။ ဆိုတော့ လိုက်နာပေါ့။ မမှန်တဲ့ သတင်းတွေတော့မထည့်နဲ့။ စာလေးတစ်ခု ဖတ်ဖူးတယ်။ ဘယ်သတင်းမှ အကောင်း မရှိဘူး။ သတင်း တွေက လူမှုရေးတွေ၊ ပေါက်ကရတွေပါလာတယ်။ မကောင်း သတင်းတွေရှိတယ်။ အဲဒါတွေကလည်း သတင်း စာကျင့်ဝတ်နဲ့အညီပေါ့။ ပုံတွေကို တောင်ထင်ထင်ရှားရှားမထည့်ဘဲ ၀ါးရတာ မျိုးတို့လေ။ ဘုန်းကြီး ပြောချင် တာကတော့ သတင်းစာကျင့်ဝတ်နဲ့ အညီ ဆောင်ရွက်ဖို့ပဲ ပြောချင်ပါတယ်။
လူတွေထင်နေတာနဲ့ ပတ်သက်လို့ ဘုန်းကြီး မဟာနာယက လုပ်တဲ့အချိန် တည်းက ရှင်းပါတယ်။ စားပွဲပေါ် ရောက်လာတဲ့ အမှုတွေကိုဆုံးဖြတ်တာပါ။ အဲဒီ အမှုတွေမှာ အစိုးရက ဘယ်လိုဆုံးဖြတ်၊ ဒီလိုဆုံးဖြတ်ဆိုပြီး မရှိ ပါဘူး။ ၄၇ပါး၊ သာသနာပြု ဆရာတော်ကြီးတွေကို ၀န်ကြီးတွေက ဘယ်လိုဘယ်လိုလုပ်ပါလို့မလျှောက် ခဲ့ဖူး ဘူး။ မဟာသနိ္တသုခနဲ့တော့ မဟာနာယကကို အမြင်မရှင်းကြဘူး။ ပိုင်ဆိုင်မှု တွေနဲ့ပတ်သက်ပြီးတော့ အမြင် မရှင်းကြ ဘူး။ ပီနန်ဆရာတော်ကြီးကို လှူဒါန်းထား တာ မရှိပါဘူး။ သာသနာကို လှူဒါန်းထား တာပဲ ရှိပါတယ်။ သူတို့ထုတ်ပြန်တဲ့စာ ထဲမှာလည်းပါတယ်။ အဲဒါတွေကိုလည်း သဘောမပေါက်ကြဘူး။ အခုတရားရုံးမှာ ဖြစ်တဲ့ ဟာကလည်း မဟာနာယကနဲ့ မပတ်သက်ပါဘူး။

  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

 


 
 

No comments:

Post a Comment