Thursday, November 20, 2014

ကေအိုင်အေ ဗိုလ်လောင်း သင်တန်းကျောင်းတပ်မတော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုအပေါ် ပြင်းထန်စွာရှုတ်ချပြီး ငြိမ်းချမ်းရေးအတွက်

ကေအိုင်အေ ဗိုလ်လောင်း သင်တန်းကျောင်းတပ်မတော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုအပေါ် ပြင်းထန်စွာရှုတ်ချပြီး ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရာတွင် အဟန့်အတားဖြစ်စေကြောင်း UNFC က ကြေညာချက်ထုတ်

 အရာရှိ ၂၃ ဦးကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိစေခဲ့သော ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းကို မြန်မာ့တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုလုပ်ရပ်အပေါ် ပြင်းထန်စွာ​ရှုတ်ချလိုက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးယုံကြည်မှု တည်ဆောက်ရာတွင် အဟန့်အတားကြီးမားစွာဖြစ်စေသည်ကို သတိချပ်စေလိုကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)မှ သဘောထားထုတ်ပြန်ကြေညာသည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ယုံကြည်မှုတည်ဆောက်ရေးကြိုးပမ်းနေစဉ် ကာလမျိုးတွင် မြန်မာ့တပ်မတော်အနေဖြင့် စစ်ရေးအရ အလစ်အငိုက် ဖိအားပေးတိုက်ခိုက်နေမှုများသည် ငြိမ်းချမ်းရေးကို မြန်မာ့တပ်မတော်က အမှန်တကယ်လိုချင်သည့် စိတ်ရင်းစေတနာရှိ၊ မရှိ ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်စေပြီး ယုံကြည်မှုတည်ဆောက်ရာတွင် အဟန့်အတား ကြီးမားစွာဖြစ်စေကြောင်း သတိချပ်စေလိုသည်ဟု UNFC ကဆိုသည်။

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုသည် ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်း၏ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလတွင်သာ ပြင်ဆင်နိုင်မည်ဆိုသော ရှင်းလင်းမှုနှင့် တိုက်ဆိုင်နေသည်မှာ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းကြံစည်မှုတစ်ရပ်ဟုပင် ယူဆနိုင်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNFC အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှောင့်နှေးကြန့်ကြာ လမ်းလွဲစေသည့် လုပ်ရပ်မှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
 

Credit -  7DAY DAILY

No comments:

Post a Comment