EDITORIAL
=============================
ဘယ်လို ပညာရေးမျိုးလဲ
=============================
(၉၄) နှစ်မြောက် အမျိုးသားနေ့တွင် နိုင်ငံတော်သမ္မတက သဝဏ်လွှာ ပေးပို့ခဲ့သည်ကို တွေ့ရသည်။
ယင်းသဝဏ်လွှာတွင် အမျိုးသား နေ့အခါသမယသည် မြန်မာနိုင်ငံအမျိုးသားပညာရေးသမိုင်းတွင်
မှတ်တမ်းတင်ရစ်မည့် မြန်မာတစ်မျိုးသားလုံး၏ ပညာရေးအရည်အသွေးကို
မြှင့်တင်နိုင်ရန် ပြည်သူ့ဆန္ဒအခြေပြု လက်တွေ့ကျကျအကောင်အထည်ဖော်
ဆောင်ရွက်ခွင့်ရှိသည့် ပထမဦးဆုံးသော အမျိုးသားပညာရေးဥပဒေကို အောင် မြင်စွာ
ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်သော နှစ်ထူးနှစ်မြတ်အခါသယမလည်း ဖြစ် ပါသည်ဟု ဖော်ပြထားပြီး၊
ယင်းအမျိုးသားပညာရေးဥပဒေအရ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်များနှင်
့အညီ
လူ့အခွင့်အရေးကို တန်ဖိုးထားလိုက်နာတတ် သည့် လူငယ်လူရွယ်များကို
မွေးထုတ်ပေးနိုင်ရန် ဦးတည်လျက် ပညာအရည်အ သွေးနှင့်
အဆင့်အတန်းပိုမိုမြင့်မားလာစေရေးအတွက်
အခြေခံပညာနှင့် အဆင့် မြင့်ပညာတို့တွင် သင်ကြားရေး၊ သင်ယူရေးတို့ကို
မြန်မာ့အစဉ်အလာနှင့် ကိုက် ညီသည့် နိုင်ငံတကာအဆင့်မီ
သင်ရိုးညွှန်းတမ်းများရေးဆွဲကာ သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိပေသည်ဟု ပြောကြားထားသည်ကို တွေ့ရသည်။
တစ်ဖက်တွင်လည်း နိုဝင်ဘာ ၁၅ ရက်က အမျိုးသားပညာရေး ဥပဒေ ကြမ်းကို ကန့်ကွက်သည့် ကျောင်းသားများ၏ ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့သည်ကို
တွေ့ရသည်။ နိုဝင်ဘာ ၁၆ ရက်၊ အမျိုးသားနေ့အခမ်းအနား၌ ကျောင်းသား ထု၏
လိုအပ်ချက်များကို အမျိုးသားပညာရေးဥပဒေတွင် ပြင်ဆင်ထည့်သွင်း
ရေးဆွဲရေးအတွက် အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဟု ကျောင်းသားများက ပြောကြားထားသည်ကိုလည်း တွေ့ရသည်။
အမျိုးသား ပညာရေးဥပဒေနှင့်ပတ်သက်၍ ကျောင်းသားများ၏ ထုတ်ပြန်ချက်တွင်
အမျိုး သားပညာရေးဥပဒေသည် ကျောင်းတွင်း လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်း
ခွင့်ကို ပေးမထားခြင်း၊ ကျောင်းသားများ၏ လွတ်လပ်စွာပညာသင်ကြားခွင့်ကို ချည်နှောင်ထားခြင်းစသည်တို့နှင့်ပတ်သက်၍ အချက် ခြောက်ချက် ပါရှိသော ကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပညာရေးနှင့် ပတ်သက်၍ ဖြစ်နေသည်ကို
သုံးသပ်ကြည့်လျှင် တက္ကသိုလ်ပညာရေးတွင် အဝေးသင်နှင့် နေ့ကျောင်း နှစ်
မျိုးစလုံးက ဘွဲ့ဒီဂရီများပေးလိုက်သော်လည်း အနှစ်သာရပိုင်းတွင် စောဒက တက်စရာများပြည့်နှက်နေသည်ကို တွေ့ရသည်။
တက္ကသိုလ်ပညာရေးအနေဖြင့် အချို့မှာ ပုဂ္ဂလိကပညာရေးအဖြစ် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက် လျက် ပြည်တွင်းမှာပင် သင်ကြားပေးလျက်ရှိသည်ကိုတွေ့ရပြီး၊
အချို့မှာပုဂ္ဂလိက အထက်တန်းကျောင်းများ၊ နိုင်ငံတကာကျောင်းများ စသဖြင့်
ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာတွင် မြန်မာ့ပညာရေးစနစ်သည် တစ်ပြေးညီ
ပညာရေးစနစ်မဟုတ် သည်ကတော့ အသေအချာပင်ဖြစ်သည်။
ယနေ့ခေတ်သည် ပညာခေတ်ဖြစ် သည့်အလျောက် မည်သည့်နိုင်ငံတွင်မဆို အဆင့်အတန်းမီသည့်ပညာရေးစနစ်
အတွက် ကုန်ကျစရိတ်များသည် ခေါင်ခိုက်လျက်ရှိနေပြီး၊ ပေးရသလောက် လည်း
ပြန်ရသည့်ရလဒ်က အဆင့်မြင့်သည်၊ အရည်အသွေးပြည့်ဝသည်၊ အာမခံ ချက်ရှိသည်ကို
တွေ့ရသည်။
ပညာရေးနှင့်ပတ်သက်၍ ကွန်ဆာဗေးတစ်ဆန် လွန်းလျှင်လည်း
ထိုအချက်များနှင့် ကင်းကွာနေတတ်ပြီး၊ အစွန်းရောက် လွန်း လျှင်လည်း ပညာ၏သဘော
ဆင်ခြင်ဥာဏ်နှင့် ကင်းကွာသွားတတ်သည်ကို လည်း သတိမူသင့်လှပေသည်။
အယ်ဒီတာ (နိုဝင်ဘာ ၁၆၊ ၂ဝ၁၄)
ဒီမိုကရေစီတူဒေး သတင်းစာ၊ အတွဲ (၁)၊ အမှတ် (၂၅၃)။
#Democracytoday
Credit - Yangon Media Group
No comments:
Post a Comment