ပြည်ထောင်စုအဆင့် လွှတ်တော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရှိ လွှတ်တော်များမှ လွှတ်တော် ကိုယ်စားလှယ်များ၏ လစာနှင့် ချီးမြှင့်စရိတ် တိုးမြှင့်ပေးရန်အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ အတည်ပြုလိုက်ရာ ယင်းချီးမြှင့်ငွေအတွက် နိုင်ငံတော် ဘတ်ဂျက်မှ တစ်လလျှင် ကျပ်သိန်းပေါင်း ၂၀၀၀၀ နီးပါးခန့် ကုန်ကျမည် ဖြစ်သည်။
ထပ်တိုး ချီးမြှင့်ငွေအဖြစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏ လစာနှင့် ချီးမြှင့်ငွေအား အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ၁၆ သိန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များရှိ ကိုယ်စား လှယ်များအတွက် အနည်းဆုံးကျပ် ၅ သိန်းမှ ၁၀ သိန်းအထိ တိုးမြှင့်ပေးရန်အတွက် လွှတ်တော်နှစ်ရပ်က
အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ယခင်က ပြည်ထောင်စု အဆင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေမှာ ကျပ် ၃ သိန်းနှင့် တိုင်းနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအတွက်မူ ကျပ် ၂ သိန်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်၌ ကိုယ်စားလှယ်ဦးရေ ၄၄၀ဦး ရှိရာ အနိမ့်ဆုံး တိုးမြှင့်ငွေ ကျပ် ၁၀ သိန်းဖြင့် တွက်မည် ဆိုပါက ကျပ်သိန်းပေါင်း ၄၄၀၀ ရှိမည်ဖြစ်ပြီး အမြင့်ဆုံး ချီးမြှင့်ငွေ ၁၆ သိန်းဖြင့် တွက်မည်ဆိုပါက ကျပ်သိန်းပေါင်း ၇၀၄၀ ရှိသည်။ အမျိုးသားလွှတ်တော်၌မူ ကိုယ်စားလှယ်ဦးရေ ၂၂၄ ဦးရှိရာ အနည်းဆုံး ချီးမြှင့်ငွေဖြင့် တွက်မည်ဆိုပါက ကျပ်သိန်းပေါင်း၂၂၄၀ ရှိပြီး အမြင့်ဆုံး ချီးမြှင့်ငွေဖြင့် တွက်ချက်မည်ဆိုပါက ကျပ်သိန်းပေါင်း ၃၅၈၄ ရှိသည်။ သို့သော် မည်မျှအထိ ချီးမြှင့်ငွေ သတ်မှတ်မည်ဆိုသည်ကိုမူ လွှတ်တော်၌ ဥပဒေများ ပြဋ္ဌာန်း၍ ထပ်မံဆုံးဖြတ်ရဦး မည် ဖြစ် သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ၌မူ အနည်းဆုံး ကျပ်ငါးသိန်းမှ အမြင့်ဆုံးကျပ် ၁၀ သိန်းအထိ တိုးမြှင့်ပေးရန် အတည်ပြုထားရာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၇၂ ဦးအတွက် အနိမ့်ဆုံး ကျပ်၃၆၀ သိန်းမှ အမြင့်ဆုံး ၇၂၀သိန်း၊ ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၇၆ ဦးအတွက် အနည်းဆုံး ၃၈၀ နှင့် အများဆုံး ၇၆၀ သိန်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၆၈ ဦး အတွက် အနည်းဆုံး ကျပ်သိန်း ၃၄၀ နှင့် အများဆုံး ၆၈၀ သိန်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၇၆ ဦးအတွက် အနည်းဆုံး ကျပ် ၃၈၀ သိန်းမှ အများဆုံးကျပ် ၇၆၀ သိန်း အထိ ကုန်ကျမည် ဖြစ်သည်။
စစ်ကိုင်းတိုင်းရှိ လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၁၀၁ ဦးအတွက် အနည်းဆုံး ကျပ် ၅၀၅ သိန်းမှ အများဆုံး ၁၀၁၀ သိန်း၊ တနင်္သာရီတိုင်းရှိ ကိုယ်စားလှယ်ဦးရေ ၂၈ ဦးအတွက် အနည်းဆုံး ကျပ်သိန်း ၁၄၀ မှ ၂၈၀၊ ရန်ကုန်တိုင်းရှိ လွှတ်တော် ကိုယ်စားလှယ် ၁၂၃ ဦးအတွက် အနည်းဆုံး ၆၁၅ သိန်းမှ အများဆုံး ၁၂၃၀ သိန်း ချီးမြှင့်ငွေအတွက် ကုန်ကျခံရမည် ဖြစ် သည်။ ပြည်နယ် လွှတ်တော်များတွင်မူ ချင်းပြည်နယ် ကိုယ်စားလှယ် ၂၄ ဦးအတွက် ကျပ်သိန်း ၁၂၀ မှ ၂၄၀၊ ကချင်ပြည်နယ် ကိုယ်စားလှယ် ၅၁ ဦးအတွက် ကျပ်၂၅၅ သိန်းမှ ၅၁၀၊ ကယားပြည်နယ် ကိုယ်စားလှယ် ၂၀ ဦးအတွက် ကျပ် ၁၀၀ သိန်းမှ ၂၀၀ သိန်း၊ ကရင်ပြည်နယ် ကိုယ်စားလှယ် ၂၂ ဦးအတွက် ကျပ်သိန်း ၁၁၀ မှ ၂၂၀ သိန်းတို့ တိုးမြှင့် ကုန်ကျမည် ဖြစ်သည်။
မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးအတွက် အနည်းဆုံး ကျပ်သိန်း ၁၅၅ မှ ၃၁၀ အထိ၊ ရခိုင်ပြည်နယ် ကိုယ်စားလှယ် ၄၇ ဦးအတွက် ကျပ်သိန်း ၂၃၅ မှ ၄၇၀၊ ရှမ်းပြည်နယ် ကိုယ်စားလှယ် ၁၄၃ ဦးအတွက် အနည်းဆုံး ကျပ်သိန်း ၇၁၅ မှ ၁၇၃၀ အထိ ကုန်ကျမည် ဖြစ်သည်။
ပြည်ထောင်စုအဆင့်နှင့် တိုင်းနှင့်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၏ လစာ ချီးမြှင့်ငွေများကို စုပေါင်း တွက်ချက်မည် ဆိုပါက အနည်းဆုံး ကျပ်သိန်းပေါင်း ၁၁၀၅၀ ရှိပြီး အမြင့်ဆုံး ချီးမြှင့်ငွေအတိုင်း ပေးအပ်မည် ဆိုပါက တစ်လလျှင် ကျပ်သိန်းပေါင်း ၁၉၄၇၄ (ကျပ်သိန်းပေါင်း ၂၀၀၀၀ နီးပါး) နိုင်ငံတော် ဘတ်ဂျက်မှ ကုန်ကျခံရ မည် ဖြစ်သည်။
ထို့ပြင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များကိုလည်း ကျပ်နှစ်သိန်းမှ ငါးသိန်းအထိ တိုးမြှင့်ပေးရန် လည်း လွှတ်တော်နှစ်ရပ်က အတည်ပြု ပေးထားသည်။ ယခုကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များ၏ လစာငွေ တိုးမြှင့်ပေးခြင်းမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း၌ လွှတ်တော် အနေဖြင့် အရေးကြီးသည့် ကဏ္ဍအဖြစ် ပါဝင်နေသည့်အတွက် ကောင်းမွန် သည့် လုပ်ရပ် ဖြစ်ကြောင်း၊ ထိုက်သင့်သည့် လူနေမှု အဆင့်အတန်းနှင့် ကုန်ဈေးနှုန်းများနှင့် ကိုက်ညီသည့် လစာချီးမြှင့်မှုများ ရှိသင့်သကဲ့သို့ အာဏာရာထူး အသုံးချ၍ တရားမ၀င် ငွေကြေးရှာဖွေ၊ လာဘ်ပေး လာဘ်ယူမှုများကိုလည်း ထိ ရောက်စွာ လုပ်သင့်ကြောင်းလည်း သုံးသပ်မှုများရှိသည်။
““လက်ရှိ ပြည်သူ့ ကိုယ်စားလှယ်တွေ ရရှိထားတဲ့ လခပိုင်းက အထူးသဖြင့် အတိုက်အခံ ပါတီတွေနဲ့ တိုင်းရင်းသား ပါတီတွေက လွှတ်တော် ကိုယ်စားလှယ်များဟာ ခြိုးခြိုးခြံခြံ နေထိုင်ကြတာ တွေ့ရတယ်။ တိုးပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ မဖြစ်သင့်တာ တစ်ခုက အစိုးရ၀န်ထမ်းပဲ ဖြစ်ဖြစ်၊ အာဏာရှင်ပဲဖြစ်ဖြစ် လခကတော့မည် ကာမတ္တပဲ။ တချို့နိုင်ငံ့ ၀န်ထမ်းတွေဆိုရင် အမေရိကန်က သူဌေးတွေလို နေနေတာတော့ အသိသာကြီး ဖြစ်တယ်။ ဒါဟာ လာဘ်ပေးလာဘ်ယူမှု ကိစ္စတွေ ဖြစ်နေတယ် ဆိုတာ ထင်ရှားတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေ အနေနဲ့က နိုင်ငံတော်အတွက် တာဝန် ထမ်းဆောင်နေမယ်ဆိုရင် နှစ်သီးစားတော့ မဖြစ်သင့်ဘူးပေါ့။ နိုင်ငံတော်ရဲ့ လစာရိက္ခာကို တစ်နေရာ တည်းကပဲ ရရှိသင့်တယ်”” ဟု လူမှုတရားမျှတရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းက သုံးသပ်သည်။ လွှတ်တော်အနေဖြင့် ကိုယ်စားလှယ်များအား လစာတိုးမြှင့် ပေးသကဲ့သို့ ပြည်သူလူထု အဆင်ပြေစေနိုင်မည့် ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပေးနိုင်ရန် ကြိုးစားသင့်ကြောင်းကို““သူ
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/

No comments:
Post a Comment