ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် သန့်ရှင်းသော အစိုးရနှင့်
ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်အောင်မြင် စွာဖြစ် ထွန်းပေါ်ပေါက်ရေး အတွက်
မဖြစ်မနေဆောင် ရွက်ပေးသင့်သည့် နိုင်ငံ့ဝန်ထမ်းများ အတွက်
ထိုက်သင့်သောလစာ၊ စရိတ်များတိုးမြှင့်သတ် မှတ်ပေးရေး၊ အလုပ်သမားများ
သင့်တင့်မျှတသော အနိမ့်ဆုံးလုပ်ခ၊ လစာရရှိရေးအတွက် လိုအပ်
လျက်ရှိသည့်နည်းဥပဒေ များ ဆောလျင် စွာထုတ်ပြန်ဆောင်ရွက်ပေးရေး၊ တောင်သူ
လယ်သမားများဘဝ တိုးတက်ရေး အတွက် တောင်သူလယ်သမားအခွင့်အရေးကာကွယ် ရေးနှင့်
အကျိုးစီးပွားမြှင့် တင်ရေးဥပဒေနှင့်အညီ လိုအပ်သည့်နည်းဥပဒေ၊ စည်းမျဉ်းစည်း
ကမ်းများ ကို ဆောလျင်စွာ ထုတ်ပြန်သတ်မှတ်ပေးရေး
၊
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
အဆင့်ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဥက္ကဋ္ဌ နှင့်
အလုပ်အမှုဆောင်ကော် မတီဝင်များ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များနှင့်
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း(သို့)ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ
ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့်စရိတ် များကို သင့်တင့်မျှတစွာပြင်
ဆင်သတ်မှတ်ပေးရေးကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်စတင် သည့်ကာလမှ စကာ
အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်ပေး ပါရန် ပြည်ထောင်စု လွှတ်တော်နှင့်
ပြည်ထောင်စု အစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း အဆိုတစ်ခု ကို ယခုရက်
ပိုင်းအတွင်းက ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက် အစည်း
အဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးဇော်မြင့်ဖေက
အရေးကြီးအဆိုအဖြစ်တင် သွင်းခဲ့ သည်ကို တွေ့ရသည်။
ထိုအဆိုကို
ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပြီး နိုင်ငံတော် သမ္မတ နှင့်
ပြည်ထောင်စုအစိုးရအဖွဲ့က အကောင် အထည်ဖော်ဆောင် ရွက်လျှင် ထိုအဆိုသည်
မကြာခင်အချိန် ကာလတစ်ခု တွင် အောင်မြင်စွာ အကောင်
အထည်ဖော်နိုင်တော့မည်ဖြစ်သည်။ ထိုသို့အကောင် အထည်ဖော် နိုင်မည်ဆိုလျှင်
နိုင်ငံ့ဝန်ထမ်းများကြုံတွေ့နေရ သည့်အခက်အခဲ အများစုမှာ ပြေ လည်သွားပြီး
မြန်မာနိုင်ငံတွင် သန့်ရှင်းသောအစိုးရတစ်ရပ် လျင်မြန်စွာပေါ်
ထွက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းလောကသည်
ယခင်ကပြည်သူများကြား တွင် ကောင်း သ တင်းများဖြင့်ကျော်ကြားခဲ့သော်လည်း
ဆိုရှယ်လစ်စနစ်၏ အားနည်းမှုကြောင့် တစ်စတစ်စ နှင့် ယိုယွင်းလာခဲ့ရာ ၁၉၈၈
ခုနှစ်နောက် ပိုင်းတွင် အဆိုးရွားဆုံး အနေအထားတစ်ခုသို့ ရောက်ရှိခဲ့သည်။
အပေါ်ဖား အောက်ဖိစနစ်ကိုကျင့်သုံးလာသည့် အရာရှိတချို့နှင့် လက် အောက်
ငယ်သားဝန်ထမ်းများ၏ စားဝတ်နေရေးကို ဥပေက္ခာပြုခဲ့ကြသည့်ခေါင်းဆောင်
(ခေါင်းရှောင်)တချို့ကြောင့် ဖြူစင်သည့် နိုင်ငံ့ဝန်ထမ်းအချို့၏ လူမှုဘဝသည်
ချည့်နဲ့လာခဲ့ရ သည်။ ပျက်စီးလာခဲ့ရသည်။ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ
ထမ်းဆောင်နေကြသည့် ဝန် ထမ်းများ၏ အခြားတစ်ဖက်တွင် အဆင့်မြင့်ရာထူး
များကိုရယူထားသူအချို့သည် နိုင်ငံကောင်း စားရေးထက် ''ငါ''ကောင်းစားရေး
ကိုသာ ဦးစားပေးလုပ်ကိုင်နေကြသည့်ဖြစ်စဉ်များက လက်အောက်ဝန်ထမ်း များအတွက်
အတုမြင်အတတ်သင်သဖွယ်ဖြစ်ခဲ့ရသည်။ စားဝတ်နေ ရေး အတွက်
ရုန်းကန်နေရသည့်ဝန်ထမ်းများကလည်း ရရာထွက်ပေါက် များကို ရှာဖွေလာကြ သဖြင့်
ထိုနောက်ပိုင်းဝန်ထမ်းလောကတွင် လာဘ်ပေး လာဘ်ယူဖြစ်ပေါ် လာမှုများက တစ်စ
တစ်စကြီးထွား ခဲ့ရသည်။
မြန်မာနိုင်ငံ၏အစိုးရ အဖွဲ့ကို
သန့်ရှင်းသောအစိုးရအဖွဲ့ဖြစ်လာရန် နိုင်ငံတော်သမ္မတ သည်
ဦးစားပေးဆောင်ရွက်နေသကဲ့သို့ ဝန်ထမ်းလောကတွင် လာဘ်ပေးလာဘ်ယူမှုများ
ကင်းရှင်းရန်အတွက် လာဘ်ပေးလာဘ်ယူပြုလုပ်သော ဝန်ထမ်းများကို ပြင်း
ထန်သောပြစ် ဒဏ်များပေးပြီး အရေးယူလျက်ရှိသည်။ ထိုနည်းတူ တစ်ဖက်တွင်လည်း
ဝန်ထမ်းများကြုံ တွေ့နေရ သည့်အခက် အခဲကိုဖြေရှင်းရန် ကြိုးစားခဲ့သည်။
အထူးသဖြင့် ခေတ်နှင့်လျော်ညီ သော၊ သင့်တင့်လျောက်ပတ်သော လစာငွေများကို
ဝန်ထမ်းများရရှိခံစားနိုင်ရန် ဆောင်ရွက် ခဲ့သည်။ သို့သော်
ထိုဆောင်ရွက်ချက်များကို အခွင့်အရေးယူမည့် ဝိသမလော ဘသားတချို့ ကလည်း
အချိန်ကောင်းကို စောင့်နေကြသည်။
နိုင်ငံ့ဝန်ထမ်းများ
လာဘ်ပေးလာဘ်ယူကင်းရှင်းရေးနှင့် ပြည်သူများ၏အကျိုးကို
တာဝန်ကျေပွန်စွာသယ်ပိုးနိုင်ရန်အတွက် ထိုဝန်ထမ်းများကို ခေတ်နှင့်လျော်
ညီသောသင့်တင့် လျောက်ပတ်သည့်လစာပေးရမည်ဖြစ်သည်။
သို့သော်
မြန်မာနိုင်ငံတွင် လစာတိုးသည်နှင့် တစ်ပြိုင်နက် ကုန်ဈေးနှုန်းသည် လည်း
စည်းဝါးကိုက်ထားသည့်အလား တိုးမြင့်လာသည် ကို တွေ့ရလေ့ ရှိသည့်အတွက်
ထိုအချက်ကို သန်းပေါင်းများစွာသော အောက်ခြေ လူတန်းစား များ မကြုံတွေ့ရစေရန်
ဆောင်ရွက် ရမည့်အချက်သည် လည်း အလွန်အရေး ပါလျက်ရှိနေသည်။
ယနေ့ကုန်ဈေးနှုန်းများကိုကြည့်လျှင် အကြောင်းပြချက် အမျိုးမျိုးဖြင့်
မြင့်တက်နေသည်ကို တွေ့နေရသည်။ သို့အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်ကာ
အကောင်အထည်ပေါ် လာနိုင်ဖွယ် ရှိသည့် လစာ တိုးရေး ကိုအကြောင်းပြုပြီး
အောက်ခြေပြည်သူများ အခက်တွေ့လာ နိုင်ဖွယ်ရှိ သည့် ကုန်ဈေးနှုန်းကြီးမြင့်
မှုများကို ချိုးနှိမ်ထားရန် ယခုကတည်း ကပင် သက် ဆိုင်
ရာတာဝန်ရှိသူများပြင်ဆင်ထားသင့်ပြီဖြစ်ပါကြောင်း ဒီမိုကရေစီ တူဒေးသတင်းစာ က
တိုက် တွန်းရေးသားလိုက်ရပါသည်။
အယ်ဒီတာ (နိုဝင်ဘာ ၁၈၊ ၂၀၁၄)
#DemocracytodayEditorial
No comments:
Post a Comment