Tuesday, November 18, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး သမ္မတနဲ့ ကာချုပ်ပေါ်မူတည်ကြောင်း၊ သမ္မတအဖြစ် ရည်မှန်းထားကြောင်း သူရဦးရွှေမန်း ပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အနေနဲ့ လာမယ့် ၂ဝ၁၅ မှာ သမ္မတအဖြစ် ရည်မှန်းထားကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ သမ္မတနဲ့ ကာချုပ် သဘောထားပေါ်မူတည်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ ဒီဖွဲ့စည်းပုံနဲ့သာ သွားမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး လက်ရှိလုပ်ဆောင်မှုတွေဟာ နောက်အစိုးရလက်ထက်မှာသာ အကောင်အထည်ဖော်မှာဖြစ်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။
ကျောင်းသားတွေကန့်ကွက်နေတဲ့ အမျိုးသားပညာရေးဥပဒေကို လွှတ်တော်ကို တင်ပြလာမယ်ဆိုရင် လွှတ်တော်ဥက္ကဌအနေနဲ့ စဉ်းစားပေးမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

Photo: Myo Thant Khaing/RFA


Credit - RFA Burmese

 

 
 

No comments:

Post a Comment