နိုးကြားတက်ကြွ၍ အားမာန်ပြည့်ဝသော ကျောင်းသားလူငယ်များသည် မြန်မာနိုင်ငံ၏ အနာဂတ် ကို ပိုင်ဆိုင်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ပါသည်။ အမျိုးသားပညာရေး ဥပဒေရေးဆွဲခဲ့ရာတွင် ကျောင်းသားလူငယ်များ၊ ဆရာဆရာမများ၊ မိဘပြည်သူများနှင့် ပညာရေးနှင့် ပတ်သက်ဆက်နွယ်သူများ အားလုံးထံသို့ တင်ပြခြင်း၊ အားလုံး၏ ၀ိုင်းဝန်းဆွေးနွေးအကြံပြုချက်များအပေါ် စုစည်း၍ အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ပြီး ညှိနှိုင်းရရှိသော ဥပဒေမူကြမ်းများကို လွှတ်တော်က အမျိုးသားပညာရေးဥပဒေအဖြစ် အတည်ပြုပြဌာန်းပြီး ဖြစ်ပါသည်။
ဥပဒေများ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း စသည့် ဥပဒေပြုရေးအာဏာမှာ ဥပဒေပြုလွှတ်တော်တွင် ရှိနေသည့်အတွက် ကျောင်းသားလူငယ်များ၏ ဆန္ဒနှင့် သဘောထားများကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီများထံ တင်ပြဆွေးနွေးနိုင်ရန်အတွက် ပညာရေး မြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီက အကျိုးဆောင်အဖြစ် စေ့စပ်ညှိနှိုင်းပေးရန် အဆင်သင့် ရှိပါသည်။
ယခုအခါ ဆက်လက်ရေးဆွဲပြုစုလျက် ရှိသည့် အမျိုးသား ပညာရေး၊ နည်းဥပေဒ၊ ကဏ္ဍအလိုက် ဥပဒေများနှင့် တက္ကသိုလ် ပဋိဥာဉ်မူကြမ်းများကို ရေးဆွဲပြီး မိဘပြည်သူများ အားလုံးထံသို့ တင်ပြမည် ဖြစ်ရာ ကျောင်းသားလူငယ်များ၊ ဆရာ ဆရာမများ၊ မိဘပြည်သူများနှင့် ပညာရေးနှင့်ပတ်သက် ဆက် နွယ်သူများအနေဖြင့် တက္ကသိုလ်အလိုက် ဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ၊ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ တင်ပြဆွေးနွေးချက်များအပေါ် ၀ိုင်းဝန်းညှိနှိုင်းရေးဆွဲနိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး ကော်မတီ
[၁၈-၁၁-၂၀၁၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ]
Ref : (မှူးဇော်)
Credit - Yangon Media Group


No comments:
Post a Comment