Thursday, November 20, 2014

ဝန်ကြီးဟောင်း ဦးအောင်ကြည်နှင့် စကားစမြည် - အပိုင်း (၂)

အပိုင်း (၂)
တွေ့ဆုံပြီးတော့မှ အခြေအနေတွေ သူတို့လိုချင်တာတွေက ဘာလဲ။ ကျွန်တော်တို့ လုပ်ပေးနိုင်တာတွေက ဘာတွေလဲ။ အဲဒါ ကျွန်တော်တို့က ဆွေးနွေးတာပေါ့။ ဆွေးနွေးပြီး ပြန်ရောက်လာတော့မှ ကိုယ့်နိုင်ငံက အကြီးအကဲတွေကို တင်ပြတယ်။ ကျွန်တော်တို့က ဒါလေးတွေကတော့ ဖြစ်နိုင်ခြေတော့ရှိနေပြီ။ ဒါလေး တွေတော့ ကျွန်တော်တို့ဘက်ကလျှော့ပေးသင့်တဲ့ အတိုင်းအတာ ရှိနေတယ်။ အထူးသဖြင့်ပေါ့လေ။ အဲဒီတုန်းကတော့ စုဆောင်းမှုတွေ ဘာတွေ။ တပ်မတော်ကလည်း တပ်သားသစ် စုဆောင်းမှုတွေ Minor Recruitment ပေါ့။ ဒါလေးတွေကလည်း အရေးကြီးတဲ့ဟာလေးတွေ ဖြစ်နေတဲ့အခါကျတော့ သက်ဆိုင် တဲ့ပုဂ်္ဂိုလ်တွေနဲ့ အဲဒီအချိန် တုန်းကလည်း
တပ်မတော်အစိုးရ ဖြစ်နေတဲ့အခါကျတော့ တပ်မတော်ကိုလည်း တစ်ဖက်က ညှိနှိုင်း၊ ဖြစ်နိုင်ခြေအားလုံးကို ၀ိုင်းဆွေးနွေး၊ စဉ်းစားပြီးတော့မှ ကိုယ့်ဘက်က လိုက်လျောပေး သင့်တာလေးတွေ ပေးခဲ့ရတာလည်း ရှိပါတယ်။ ဥပမာအားဖြင့် ILO Liason Officer က အရင်တုန်းက တစ်ယောက်ပဲ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နိုင်သေးတာ။ အရင်တုန်းက။ သူ့မှာ Staff (၀န်ထမ်း) မရှိဘူး။ အဲဒီတော့ သူ့ Staff တွေ ဖွဲ့စည်းခွင့်ရအောင်လည်း နိုင်ငံတော်ဘက်ကနေ လိုက်လျောပေးပါ တယ်။ ဒါကလည်း ကျွန်တော့်ရဲ့ တောင်းဆိုမှု ဖြစ်ပေါ် လာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကြိုးပမ်း အားထုတ်မှုကြောင့်ပေါ့လေ။ ဒါလေး ကျွန်တော်တို့ ဒီလိုပေးလိုက်ရင် ဒီလိုအခွင့် အရေးလေး ရတယ်ဆို တာမျိုး လူကြီးတွေသိအောင် ကျွန်တော်တို့က ရှင်းလင်းတင်ပြလိုက်နိုင်တာပေါ့။

U-Aung-Kyi-1

နောက်တစ်ခါ ဒီအဓမ္မခိုင်းစေမှု လျော့ပါးရေးအတွက် စာချုပ်တွေ နှစ်စဉ်တစ်နှစ်တစ်ခါ ပြန်ပြန်ပြီးတော့ ချုပ်ဆိုရတာ ရှိပါတယ်။ ဆိုတော့ အဲဒါကလည်း နဂိုတုန်းက စာချုပ်ချုပ်ဖို့ဆိုတာ အလွန်ပဲ ၀န်လေးကြတာ ပဲ။ ဒါကိုလည်း ကျွန်တော်တို့က လူကြီးတွေကို တင်ပြရတာပေါ့။ တကယ့်တကယ်တော့ ကျွန်တော်တို့နိုင်ငံ မှာ အဓမ္မခိုင်းစေမှုကို ဟိုတုန်းကတော့ မိရိုးဖလာ သဘောမျိုးနဲ့ ရပ်ရွာတွေ၊ ဒေသတွေမှာ ကိုယ့်အစဉ် အလာအရ တစ်အိမ်တစ်ယောက် ထွက်ကြဟေ့၊ လုပ်ကြကိုင်ကြဟေ့ဆိုတာ ဟိုတုန်းကတော့ အစဉ်အလာ သဘောမျိုး ရှိကြတာပေါ့လေ။ အဲတော့ အဲဒီအစဉ်အလာလေးကို ကျွန်တော်တို့က ဆက်လုပ်ခြင်းအားဖြင့် ကျွန်တော်တို့မှာ ခုနပြောသလို မလိုလား အပ်တဲ့ ပြဿနာလေးတွေ ရတော့ ဒါမျိုးလေးတွေကို ထိန်းချုပ်တဲ့ စာချုပ်မျိုးလောက်ပဲ ဆိုတော့ ကျွန်တော်တို့လည်းပဲ ချုပ်ဆိုပေးလိုက်တာ ရှိပါတယ်။ အဲဒီတော့ ဒါကိုလည်း နှစ်စဉ် သက်တမ်းတိုးပေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဒီအဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် Political will (နိုင်ငံရေးဆန္ဒ) ပေါ့။ ဒီ Will ရှိမှုဟာ တစ်နှစ်တစ်ခါ ထင်ရှားလာတယ်။ ဒါဟာ ကျွန်တော်တို့က သက်သေပြလာနိုင်တာ ပေါ့။ ကျွန်တော်တို့က တစ်နှစ်တစ်ခါ ညီလာခံသွားတိုင်းမှာ ကျွန်တော်တို့ဟာ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဘယ်လို တိုးတက်အောင် လုပ်လာနိုင်တယ် ဆိုတာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ ပြောပြလာနိုင်တယ်။ ပြောပြလာနိုင်တဲ့အတွက် ခုနညီလာခံမှာ တက်ရောက်လာ တဲ့ အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ် အားလုံးကလည်း ကျွန်တော်တို့ကို စကားပြောတဲ့ အချိန်မှာ နဂိုတုန်းက ဆက်ဆံမှု အနေအထားကတော့ တော်တော်လေး ဆိုးပါတယ်။ ဒါကတော့ ကျွန် တော် မပြောချင်တော့ပါဘူး။ ကျွန်တော်တို့ ရောက်ပြီးတဲ့ နောက်ပိုင်းမှာတော့ တက်ရောက်ပြီး စကားပြော တဲ့အခါမှာ ၀င်ရောက်ပြီး နားထောင်တာတွေ၊ အားပေးကြတာတွေ။ နားလည်မှုလေးတွေ ရလာတာပေါ့။ နားလည်မှုလေးတွေ ရလာတဲ့ အခါကျတော့ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုကတော့ ကျွန်တော်တို့ အခုလို အစိုးရအသစ်ပြောင်းလဲလာတဲ့အချိန်မှာ ကျွန်တော်တို့က အခြေအနေအချိန်အခါနဲ့ လိုက်လျောညီထွေ အောင်ဆိုပြီးတော့ ဒီအလုပ်သမားဥပဒေ၊ အလုပ်သမား အဖွဲ့အစည်းတွေ၊ အမှန်တော့ ဒါ Trade Union တွေပါပဲ။
ကျွန်တော်တို့ ILO နဲ့ပဲ ပူးပေါင်းရေးဆွဲလိုက်တာ ရှိလာပါတယ်။ အဲဒီ အလုပ်သမားအဖွဲ့အစည်းဥပဒေက သိပ်တာ သွားပါတယ်။ Miss Clinton (အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း) တို့ လာတဲ့ အခါမှာ လည်း ဒါကိုပဲ ပြောပါတယ်။
ဒါဟာ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းနေပြီဆိုတာကို လက်တွေ့Indication တစ်ခု အနေနဲ့ ပြသနိုင်ခဲ့တဲ့ဥပဒေပေါ့။ တကယ်ကို နိုင်ငံတကာ စံနှုန်းများနဲ့ညီတဲ့ အရင်တုန်းကတော့ ကျွန်တော် တို့ဆီမှာ  Freedom of Association ဆိုတာမရှိဘူး။ ဒီလို အလုပ်သမားအဖွဲ့အစည်းတွေ တရားဝင်ဖွဲ့ စည်းခွင့်ပေးတယ်ဆိုတာ ဖြစ်နိုင်စရာအကြောင်းကို မရှိခဲ့ဘူး။ အဲဒါကို ဒီဘက်အစိုးရကာလမှာ လွှတ် တော်ဆိုရင် ပထမအကြိမ်လွှတ်တော်မှာ ကျွန်တော်တို့ဝန်ကြီးတွေ ဖြစ်လာတယ်။ ဒုတိယအကြိမ် လွှတ် တော်မှာ ဒီဥပဒေကို စတင်နိုင်ခဲ့တယ်။ ဒီဥပဒေကို တင်နိုင်တဲ့ ဥစ္စာက ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အစစ်အမှန် ပြုပြင်ပြောင်းလဲတာ ဖြစ်တယ် ဆိုတာကို ခိုင်မာတဲ့ အထောက်အထားဖြစ်ပေါ် သွား စေပါတယ်။ ဒါတွေဟာ တစ်ဦးတစ်ယောက်ရဲ့သဘောနဲ့ လုပ်လို့ရနိုင်တာ မဟုတ်ပေမယ့် အကြောင်းတွေ တိုက်ဆိုင်လာတယ်၊ အခြေအနေတွေ ပေးလာတဲ့အခါမှာ၊ ရလာတဲ့ အခြေအနေနဲ့ အချိန်အခါကို ကျွန် တော်တို့က အသုံးချပြီးတော့မှ နိုင်ငံအတွက် အများဆုံး အကျိုးသက်ရောက်နိုင်ရအောင် ဆောင်ရွက်ပေး တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲတော့ အဲဒီလို အခြေအနေဖြစ်လာတော့ ရလဒ်ဟာ တော်တော်လေး နောက်ဆုံး ကျွန်တော်တို့ သွားတက်ရောက်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ရလဒ်ဟာ တော်တော်လေးပေါ်လာပြီ။ ဒါပေမဲ့ ကျွန် တော်တို့ ရမယ်၊ မရဘူးဆိုတာ မသေချာဘူး။ ဒီ Sanction တွေ ရုတ်သိမ်းနိုင်တဲ့ အထိ ရောက်မယ်၊ မ ရောက်မယ်ဆိုတာ မသေချာဘူး။ မသေချာသေးသော်လည်းပကဲ ကျွန်တော်တို့က ဘာလုပ်လိုက်နိုင်လဲဆို တော့ သူတို့ကို ကျွန်တော်တို့က ဖိတ်တယ်။ အဲဒီ့အစည်းအဝေးမတိုင်ခင်မှာ။ လာမယ့် ၂၀၁၂ အစည်း အဝေးမတိုင်ခင်မှာ တာဝန်ရှိသူတွေကို ရှင်းပြတယ်။ ဒီမှာ လိုက်ပြတယ်။ အဲတော့ မျက်စိနဲ့ မြင်သွားပြီးတဲ့ အခါမှာ ယုံကြည်မှုရသွားတာပေါ့။ ရသွားပြီးတော့ အဲဒီအစည်းအဝေးမှာပဲ Sanction တွေကို၊ ထားပါ တော့ တစ်ခုလောက်ပဲ စတိသဘောမျိုး ကျန်ပြီးတော့ ကျန်တာတွေ အားလုံးကို ရုတ်သိမ်းပေးနိုင်ခဲ့တဲ့ အနေအထားပဲ ဖြစ်ပါတယ်။
အခုလို ဖြေတဲ့ဟာတွေပေါ်မှာ မူတည်ပြီးတော့Transitional Democracy ဘာသာရပ်ကို လေ့လာကြည့် တဲ့အခါ အသွင်ကူးပြောင်းမှု ဒီမိုကရေစီကို အသွင်ကူးပြောင်းတယ်။ အာဏာရှင်တွေကနေ ဒီမိုကရေစီ ဆိုတဲ့ အစိုးရကို၊ Society တွေကို အသွင်ကူးပြောင်းတဲ့ အခါမှာ ဘယ်လိုမျိုး သင်ခန်းစာတွေ ယူလို့ရနိုင်လဲ ခင်ဗျ။ ဘာလို့လဲဆိုတော့ မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ လေးနှစ်လောက် မတိုင်ခင်အထိတော့ ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ (ဖြစ်နေပြီး) ကမ္ဘာ့အသိုင်းအ၀ိုင်းလို့ပြောတဲ့ နိုင်ငံတော်တော်များများက ရှောင်ကြဉ်ကြ တယ်။ မြန်မာ့တပ်မတော် အစိုးရကလည်း အဲဒီကမ္ဘာ့အသိုင်းအ၀ိုင်းကို ဂရုမစိုက်ဘူး။ ငါတို့လုပ်စရာရှိတာ လုပ်နေမယ်။ ငါတို့ နိုင်ငံ အတွက် လုပ်စရာရှိတာ ငါတို့လုပ်နေ တာပဲဆိုတာမျိုး အနေအထားကနေ နောက်ပိုင်းမှာ ဒီလိုမျိုး ထိတွေ့ဆက်ဆံမှုကနေ ဒီအပြောင်း အလဲကို တွန်းသွားတာလား။ အဲဒီလို သုံးသပ်လား။ ဒါမှ မဟုတ် တခြား External Issue တွေ ရှိသေးလား။ ဥပမာ အမေရိကန် အစိုးရက မင်းတို့လုပ်ရမယ်။ မလုပ် ရဘူး။ ဒါမှမဟုတ် တရုတ်အစိုးရက ဘယ်လိုလုပ်ရမယ်။ နိုင်ငံတကာရဲ့ မလုပ်မဖြစ် လုပ်ရမယ် ဆိုတာ ကြောင့်လား။ ဒါမှ မဟုတ် ခုနကလို တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်ဆံမှု တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ကနေ၊ ဘာမှန်းတော့ ဖြစ်မှာတော့ မသိသေးဘူး။ ဒါပေမဲ့ လုပ်ရင်းနဲ့ ဖြစ်သွားတာလို့ မြင်သလား။ အဲဒီနှစ်ချက်လေး သင်ခန်းစာပေါ့။ ကျွန်တော်တို့နိုင်ငံအတွက် သင်ခန်းစာရော၊ Transitional Democracy အတွက် သင်ခန်းစာရော ဘာရလဲခင်ဗျ။
တစ်ချိန်တုန်းက ကျွန်တော်တို့နိုင်ငံမှာ အဲဒီနာမည်ဆိုးနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ဘူးဆိုပေမယ့်လည်း ကျွန်တော်တို့နိုင်ငံဟာ မလွဲမသွေ ပြောင်းလဲတော့မယ် ဆိုတာကတော့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုလိုက်တဲ့အချိန်မှာ ကျွန်တော်တို့အားလုံး နားလည်ကြပါတယ်။ အဲဒီလို နားလည်လို့လည်း ဒါတွေ အားလုံးဟာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုရင် ဒီ Freedom of Association ဟာ အကျုံးဝင်လာပြီဖြစ်တဲ့ အတွက်လည်း၊ အဲဒီအချိန်တည်းက ဖြစ်ပေါ်လာမယ့်အခြေအနေကို မျှော်မှန်းပြီးတော့ တကယ့်တကယ် တော့ Draft တွေက အဲဒီအချိန်ကတည်းက ဆွဲခဲ့ပါတယ်။ ကျွန်တော့်ဘက်အပိုင်းကပေါ့။ ကျွန်တော့် ၀န်ကြီးဌာနအနေနဲ့ ဒီ ဖြစ်ပေါ်လာမယ့် အခြေအနေပေါ် မူတည်ပြီးတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ သွားတော့မယ်။ ဘာပဲပြောပြော ဒီ  Authoritarian (အာဏာရှင်) စနစ်ကနေ ဒီမိုကရေစီ State ကို ကူးပြောင်းတော့မယ်။ ကူး ပြောင်းရင် မလွဲမသွေ ဒီဖွဲ့စည်းပုံကလည်း ဒီအချက်တွေက ခွင့်ပြုထားပြီးပြီ။ အားလုံးကလည်း ၀ိုင်းပြီးတော့ သဘောတူထား ပြီးပြီ။ ဒီအချက်တွေကရမယ်ဆိုရင် ဘာလိုမလဲ၊ ဒါ ကျွန် တော်တို့ ကြိုတွက်တာပေါ့။ ကြိုတွက်တဲ့အခါကျတော့ ဒါတွေဒါတွေ လုပ်ဖို့လိုမယ်။ ဒါတွေဒါတွေလိုရင် ကြို ပြီးတော့ ပြင်ဆင်ရမယ်။ အလုပ်သမား ဥပဒေငါးခု ဆက်တိုက်ထွက်လာတယ် ဆိုတာကလည်း ကြိုတင်မျှော်တွေးထားတဲ့ ရလဒ်ပါပဲ။
National Reconciliation အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဘယ်လိုနား လည်လဲခင်ဗျ။ အမျိုးသားပြန် လည် ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာမှာ နှစ်ဦး နှစ်ဖက်၊ သုံးဦး သုံးဖက်၊ လေးဦး လေးဖက်။ အထူး သဖြင့်တော့ ကိုယ့်နိုင်ငံအတွက်ပေါ့။
Reconciliation ဆိုတာကတော့ မူလတုန်းကရှိတဲ့ အခြေအနေမျိုးရောက်အောင် ပြန်လုပ်တာပါပဲ။ ရင်းနှီးမှု၊ ဆက်ဆံမှု၊ ဘာညာဆိုတဲ့ဟာကို။ အဲဒါ ကြောင့်မို့လို့ ကျွန်တော်က ဘာယူဆလဲ ဆိုလို့ရှိရင် ပဋိပက္ခအခြေ အနေတစ်ခုမှာ ပဋိပက္ခလွန်သွားတဲ့အခါမှာ Reconciliation လုပ်ရမယ်။ ကျွန်တော်တို့ ရင်းနှီးချစ်ကြည်မှု ပြန်လုပ်ရမယ်။ ဆိုတဲ့အခါ ပဋိပက္ခမတိုင်ခင်တုန်းက ရင်းနှီးချစ်ကြည်မှုကို ပြန်ရောက်အောင် လုပ်ရမယ်ဆို တဲ့ အနေအထားပါ။ ကျွန်တော်ကတော့ ဒီ Reconciliation ဟာ ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးဆုံး လိုအပ်ချက် ဖြစ်တယ်လို့ယူဆတယ်။ နောက်တစ်ခါ ပဋိပက္ခတွေ ဖြေရှင်းပြီးတိုင်း ပြီးတိုင်းမှာ ဒီReconciliation ကို တောက်လျှောက် လုပ်သွားသင့်တယ်လို့လည်း ယူဆပါတယ်။
တချို့ ပဋိပက္ခတွေကတော့ Reconciliation လုပ်ဖို့ လိုချင်မှလိုမှာပေါ့လေ။ ဥပမာ သာမန် ပဋိပက္ခလေးတွေ ကိုတော့ တစ်နှစ်၊ နှစ်နှစ်အတွင်း သူ့ဟာသူ ပြီးသွားမယ်။ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ပဋိပက္ခ၊ ဘာသာရေးနဲ့ ဆိုင်တဲ့ ပဋိပက္ခ အလွန်ကြီးမားတဲ့ ပဋိပက္ခတွေဆိုလို့ရှိရင် သူတို့ကြောင့် ဖြစ်ပေါ်လာတဲ့ Consequences  တွေက မြောက်မြားစွာရှိတယ်။ လူမှုအဖွဲ့အစည်းတွေ အားလုံးမှာပေါ့။ အဲဒါကြောင့် ဒီလူမှုအဖွဲ့အစည်း တွေ အားလုံးရဲ့ နားလည်မှုတွေ၊ ခံစားမှုတွေ၊ ဒါတွေအားလုံးကို ကျွန်တော်တို့က ကျေလည်သွားရအောင်၊ ပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ ကိစ္စက ကျွန်တော်တို့လုပ်ဖို့ လိုအပ်ပါတယ်။
မြန်မာပြည်မှာ ဘယ်သူတွေ ဘယ်သူတွေက ပြန်လည်ရင်ကြားစေ့ရမှာလဲ။ ဘယ်လို မြင်ပါသလဲ။ ဘယ်Issueတွေ၊ ဘယ်သူတွေက၊ ဘယ်ကဏ္ဍတွေက ပြန်လည် ရင်ကြားစေ့ရမှာလဲ။
အမှန်တော့ ပြန်လည်ရင်ကြားစေ့ရေး ဆိုတာ ခုနတုန်းက ကျွန်တော်ပြောသလို ပဋိပက္ခဖြစ်ပေါ်လာတဲ့ အခြေအနေ နောက်ပိုင်းမှာ ဒီပဋိပက္ခ ဖြစ်ပေါ်တဲ့အခါမှာ ပါဝင်တဲ့သူတွေ ပြန်လည်ပြီး ရင်ကြားစေ့တာ ပေါ့။ အဲဒါကို ဆိုလိုတာပါ။ ဒီပဋိပက္ခနဲ့ ပတ်သက်ဆက်နွယ်တဲ့ ပုဂ်္ဂိုလ်တွေအားလုံး။ ဥပမာ- လက်နက်ကိုင် ပဋိပက္ခဖြစ်တယ်ဆိုရင် ဒီလက်နက်ကိုင် တပ်ဖွဲ့နှစ်ခုပဲ ပြန်လည်ရင်ကြားစေ့တာ မဟုတ်ဘူးလေ။ ဒီ ပဋိပက္ခဖြစ်ပွားတဲ့ ဧရိယာမှာရှိနေတဲ့ လူမှုဒုက္ခခံစားမှုတွေ၊ သူတို့စိတ်ထဲမှာ ခံစားနေရတာတွေ။ ကျွန်တော် အခုဖတ်နေတဲ့ စာအုပ်လေးတစ်အုပ်ဆိုရင် Parker Palmer ရေးထားတာ၊ ခေါင်းစဉ်လေးကို ကျွန်တော် က သဘောကျတာပါ။Healing the Heart of Democracy တဲ့။ ဒီမိုကရေစီရဲ့ နှလုံးသားမှာ ဒဏ်ရာအနာ တရ ရနေတယ်။ ဒီ ဒဏ်ရာအနာတရကို အနာတွေ မြန်မြန်ကျက်ပြီးတော့မှ အသားတွေ မြန်မြန်တက် လာအောင်လုပ်ဖို့ လူတိုင်းမှာ လူမှုအဖွဲ့အစည်းမှာ တာဝန်ရှိပါတယ်တဲ့။ သူက အဲဒီလိုလေးပြောထား တယ်။ အဲဒီသဘောပါပဲ။ ကျွန်တော်တို့ ဖြစ်လာတဲ့ ပဋိပက္ခတိုင်းမှာ အားလုံးဟာ အနာပေါ်မှာ အနာထပ် ဖြစ်အောင်မလုပ်ဘဲနဲ့ အနာကျက်ပြီး အသားတက်အောင်လုပ်ဖို့ပါ။
National Reconciliation မှာ အရေးကြီးဆုံးအချက်ထဲမှာပါတယ်လို့ ကျွန်တော် နားလည်ထားတာက တော့ အတိတ်က အမှားတွေ၊ အတိတ်က ကျူးလွန်ခဲ့တဲ့ အမှားတွေ။ အဲဒါတွေကို အသိအမှတ်ပြုပြီးတော့ ခွင့်လွှတ်ပြီးတော့ နောက်ပြန်မဖြစ်အောင်။ ပဋိပက္ခမှာပါတဲ့ သူတွေကနေ ဒါမျိုးတော့ မှားခဲ့တယ်။ ဒါတွေက တော့ ခွင့်လွှတ်နားလည်ပြီးတော့ ဒါမျိုးမဖြစ်အောင်ဆိုတာ လုပ်ဖို့ ကျွန်တော် နားလည်တယ်လေ။ မြန်မာ ပြည်အခု အသွင်ကူးပြောင်းရေးကာလမှာ အဲဒီကိစ်္စမျိုး ကျွန်တော်တို့ မပြောကြပါဘူး။ မပြောနေကြဘူး ပေါ့။ ဆိုတော့ အဲဒီဟာက တကယ်ကော စစ်မှန်တဲ့ National Reconciliation ကို ဦးတည်ပါ့ မလားလို့ဆို တဲ့သံသယကို ဖြစ်စေတယ်လို့ ကျွန်တော် မြင်တယ်။ အဲဒါနဲ့ပတ်သက်ပြီး အမြင်ကို နည်းနည်းပြောပြပါဦး။
ကျွန်တော်ကတော့ အခုခေတ်မှာ ဒီခွင့်လွှတ်တတ်ဖို့ဆိုတာ သိပ်အရေးကြီးတဲ့ အရည်အချင်းတစ်ရပ် ဖြစ် နေပါပြီ။ ဘယ်လို ပဋိပက္ခမျိုးမှာပဲ ဖြစ်ပါစေပေါ့။ ခွင့်လွှင့်နိုင်စွမ်းမရှိဘူး။ လက်စားချေမယ်။ တုံ့ပြန်မယ် ဆို ရင် ဒါဟာ ဖြစ်စေချင်သည်ဖြစ်စေ၊ မဖြစ်စေချင်သည်ဖြစ်စေ အဆိုးကျော့သံသရာက လည်မှာပဲ။ ဒီလို အဆိုးကျော့သံသရာ လည်နေသမျှကာလပတ်လုံး ကျွန်တော်တို့ တိုင်းပြည်မှာက အေးချမ်းမှာမဟုတ်ဘူး။ ဒီအဆိုး ကျော့သံသရာကို ကျွန်တော်တို့က ရပ်နားသွားအောင်လုပ်ရမယ့် နည်းလမ်းကတော့ Forgiveness ပေါ့ Forgiveness က ဘယ်သူကပေးရမှာလဲဆိုတော့ အကုန်လုံးပေးရမယ်။ နှစ်ဖက်စလုံး ပေးရမယ်။
အခုအကျဉ်းသားတွေ ဘာညာ ပြန်လွှတ်ပေးတယ်ဆိုတာ တကယ့်တကယ်တော့ နှုတ်ကသာ ထုတ်ဖော် မပြောကြပေမယ့် တကယ်တမ်းကျတော့ တစ်ဖက်ကလည်း Forgiveness လုပ်တဲ့သဘောပါပဲ။ တခြား တစ်ဖက်ကလည်း ဒီကိစ္စတွေဟာTransitional Justice ဆိုတာဟာ ဒီအသွင်ကူးပြောင်းရေး ကာလမှာ ဖြစ်ပေါ်နေတဲ့ တရားမျှတမှုဆိုတဲ့ သဘောတရားတွေက နိုင်ငံအလိုက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီနိုင်ဘူး။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက တော်တော်လေးကို ညင်ညင်သာသာနဲ့ သိမ်သိမ် မွေ့မွေ့ ကူးပြောင်းတဲ့ ကူးပြောင်းမှုမျိုးပါ။ တစ်ချိန်တုန်းက အရှေ့ဥရောပတို့ ဘာတို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ကူးပြောင်းမှုမျိုးထက် ကျွန်တော်တို့က အများကြီး ညင်သာပါတယ်။
ညင်သာတဲ့အတွက်လည်း တစ်ဦးနဲ့ တစ်ဦးမှာ ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်တွေလည်း ဖြစ်နေတယ်။ အဲဒီတော့ တစ်ယောက်ကို တစ်ယောက် မေတ္တာတရားထားပြီးတော့ တစ်ဦးကိုတစ်ဦး ခွင့်လွှတ်နိုင်စွမ်းရှိဖို့ ကျွန်တော်က အမြဲတိုက်တွန်းပါတယ်။ နောက်တစ်ခု ကလည်း ခွင့်လွှတ်ရုံနဲ့ ပြီးမလားဆိုတော့ အဲလိုမျိုး လည်း မဟုတ်ဘူး။ ကိုယ်တာဝန်ရှိတဲ့ အပိုင်းကလည်း ကိုယ့်ဟာကိုယ်ဝန်ခံရမယ်။ ၀န်ခံတဲ့သူက ၀န်ခံ။ ခွင့်လွှတ်တဲ့သူက ခွင့်လွှတ်။ ဒီသဘောမျိုး ကျွန်တော်တို့က သွားစေချင်ပါတယ်။ အဲလိုမဟုတ်ဘဲ ကိုယ့် ကိုယ်ကိုယ် ကာကွယ်တဲ့နည်းနဲ့ လုပ်နေမယ်ဆိုရင်တော့ ဒီပဋိပက္ခတွေက Loser (ဆုံးရှုံးသူတွေ) များလာ လိမ့်မယ်။ Loser များတာမျိုး မဖြစ်စေချင်ဘူး။ ဆုံးရှုံးမှု အနည်းဆုံးဖြစ်တဲ့ ဖြေရှင်းနည်းကိုပဲ ကျွန်တော်တို့ ရွေးချယ်သင့်တယ်။ ဆုံးရှုံးမှုအနည်းဆုံး ဖြေရှင်းနည်းကတော့ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းနဲ့ ခွင့်လွှတ်ခြင်းပါပဲ။
တစ်ဖက်မှာလည်း National Recon-ciliation ပေါ့။ တစ်ဖက်မှာလည်း နိုင်ငံရေးပေါ့။ အထူးသဖြင့် ရွေး ကောက်ပွဲ နိုင်ငံရေး နီးကပ်လာပြီ။ ၂၀၁၅ မှာ နိုင်ငံရေး ဆိုတာနဲ့ နိုင်ငံရေးမှာ ကိုယ်လိုချင်တာ။ ကိုယ်ယူ ချင်တာ။ ကိုယ့်ယူဆချက် ကိုယ့်သုံးသပ်ချက်။ တစ်ဖက်နဲ့တစ်ဖက် မတူတာတွေရှိကြမှာပဲပေါ့။ ဒီကြားထဲမှာ မှ ဖွဲ့စည်းပုံ အခြေခံဥပေဒလိုဟာမျိုးကို ပြင်ဖို့ပေါ့နော်။Institution တွေနဲ့ သူနေရာနဲ့သူဆိုတဲ့ တောင်းဆိုမှု တွေ၊ တင်းခံထားမှုတွေ ရှိနေသေးတာပဲ။ ဆိုတဲ့အခါကျတော့ မနေ့ကလို (အောက်တိုဘာ ၃၁ ရက်) လုပ် တဲ့ဆွေးနွေးပွဲနဲ့ စပ်ဆက်ပြီးတော့ကြည့်မယ်ဆိုရင် ၀န်ကြီးအနေနဲ့ ဘယ်လိုမြင်သလဲခင်ဗျ။ ဒီ National Reconciliation Process ဆက်သွားမယ်။ ဒီအတိုင်း ဆက်သွားမယ်။ ခုနလို ဒီအတိုင်း နားလည်မှု ခွင့်လွှတ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက် ထိတွေ့မှုတွေနဲ့ ဆက်သွားနိုင်မလား။ ဒါမှ မဟုတ် နိုင်ငံရေးအရ ပိုပြီး တင်းမာလာတဲ့၊ ကျပ်တည်းလာတဲ့ အခြေအနေလည်း ပြောလို့မရဘူး။ ၂၀၁၅မှာ သဘောမတူတာ တွေ ဖြစ်လာနိုင်တယ်။ သဘောမတူဘူး ဆိုတာတွေ ဖြစ်လာနိုင်တယ်။ ဘယ်လိုမျိုး ဖြစ်လာနိုင်တဲ့ အလားအလာ မျိုး ဖြစ်လာမလဲ။ တစ်ဖက်က National Reconciliation တစ်ဖက်က Real Politics ပေါ့။ အဲဒီဟာ မြန်မာပြည်မှာ ဘယ်လိုမျိုး ဖြစ် လာနိုင်လဲ။ ၂၀၁၅ နဲ့ ၂၀၁၅ အလွန်ပေါ့။ ဒါကတော့ လက်ရှိအခြေအနေ ပေါ်မှာ မူတည်ပြီး ဆွေးနွေးတာရယ်။ အသွင်ကူးပြောင်းစမှာ ပါဝင်ခဲ့တဲ့အပေါ် အခြေခံပြီး မေးကြည့်တာပါ။
ဒီဥစ္စာနဲ့ ပတ်သက်လို့ရတော့ ကျွန်တော်တို့ Vision ပေါ့။ အတွေးအမြင်ပေါ့။အဖွဲ့အစည်းတွေရဲ့ အတွေး အမြင်ပေါ့။ အနာဂတ်အတွက် အတွေးအမြင်ပေါ့။ ဒီအနာဂတ်အတွက် အတွေးအမြင်ရယ်၊ ပန်းတိုင်ရယ်။ အားလုံးက မြင်နေကြမယ်။ အဖွဲ့အစည်းတွေ အားလုံးက ရှေ့ဖြစ်ပေါ်လာမယ့် အခြေအနေကို မြင်နေကြ မယ်။ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေပေါ့။ နောက်ကိုယ်သွားမယ့် လမ်းကြောင်းတွေပေါ့။ အကုန်လုံး မြင် နေကြမယ်ဆိုရင် ဒီပန်းတိုင် ရရှိဖို့အတွက် ကျန်တဲ့ ကိုယ့်ဘက်သူ့ဘက်ဆိုတဲ့ အယူအဆပေါ့။ ဟိုတုန်းက လည်း ခဏခဏ ပြောခဲ့တာရှိပါတယ်။ ကိုယ့်ဘက်လည်း နာတယ်သာတယ် သဘောမထားနဲ့ သူ့ဘက် လည်း နာတယ်သာတယ် သဘောမထားနဲ့။ အများပြည်သူ အကျိုးစီးပွား အတွက်ပဲ လုပ်ကြပါလို့။ ကိုယ်ကျိုး စွန့်ပြီးတော့ ကိုယ်ကျိုးမငဲ့ဘဲနဲ့ပေါ့။ အများအကျိုး အတွက် ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန် စိတ်က အရေး ကြီးပါတယ်။ တကယ့်တကယ်တော့ ဒီစိတ်ကလေးတစ်ခုပါပဲ။ ကျွန်တော့်အနေနဲ့မြင်တာတော့ သိပ်ခဲရာ ခဲဆစ် မဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်းပြည် ပြန်လည်ပြီးတော့မှ အမျိုးသား ပြန်လည်ရင် ကြားစေ့ရေး ပြန်လည်ရရှိဖို့အတွက် ကျွန်တော်ပြောတဲ့ တတိယနိယာမပေါ့ဗျာ။ သူ့ဘက်ကိုယ့်ဘက် အကျိုးစီးပွားတွေကို ဦးစားမပေးဘဲနဲ့ အများပြည်သူရဲ့ အကျိုးစီးပွားတစ်ခုတည်းကိုပဲ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ စိတ်ဓာတ်မျိုးနဲ့ ပဲ လုပ်ကြမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ကျွန်တော်တို့မှာ ရှိကြမယ်ဆိုရင် ခေါင်းဆောင်တွေမှာ ရှိကြမယ်ဆိုရင် ရှိဖို့လည်း မခဲယဉ်းဘူးလို့ ကျွန်တော်ထင်တယ်။ ဘာကြောင့် ရှိဖို့ မခဲယဉ်းတာလဲ။ ပန်းတိုင်ကို ကျွန်တော် မြင်နေရပြီ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်သွားမယ့် ပန်းတိုင်ကို မြင်နေရပြီ။ ဒီအချိန် ဒီကာလမှာ ဒါတွေ ဖြစ်လာတော့မယ်။ သားစဉ်မြေးဆက် ဒီလို အသီးအပွင့်တွေ ခံစားရတော့မယ်။ ဒီလို အသီးအပွင့်တွေ ခံစားရဖို့ ငါတို့ ပေါင်းလုပ်ကြ မယ်ဆိုတဲ့ သဘောထားတွေ ပူးပေါင်းဆောင်ရွက်တဲ့ ကျွန်တော်တို့ ဟိုတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးစဉ်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့အဓိကထားပြီး ဆွေးနွေးခဲ့ကြတယ်လေ။ အဲဒီတော့ ဒီလိုပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အနာ ဂတ်ဟာ ဖြောင့်ဖြူးနေပြီဆိုတာမျိုး တကယ်မြင်ပြီ၊ တကယ် ယုံကြည်ပြီဆိုရင် တကယ်လုပ်ပါ။ တကယ် ဖြစ်ပါတယ်လို့ ကျွန်တော် ဒီလိုပဲ ပြောချင်ပါတယ်။
ဘယ်သူ့မှာ တာဝန်အရှိဆုံးလို့ ထင်ပါသလဲ။ အာဏာလက်ရှိရနေတဲ့သူနဲ့ အာဏာမရှိသူနဲ့။ ဘယ်သူ့မှာ တာဝန်အရှိ ဆုံးပါလဲခင်ဗျာ။
အမှန်ကတော့ ဒီလိုအမြင်မျိုး ရှုထောင့်မျိုးဆိုတာ ခေါင်းဆောင်တွေ အားလုံးမှာရှိဖို့လည်းလိုတယ်။ ပိုပြီးတော့ ဒါကို ဦးဆောင်မှု ပေးရမှာ ကတော့ နိုင်ငံတော် အစိုးရက ဦးဆောင်မှုပေးရမှာ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။
Credit -  Mizzima News

No comments:

Post a Comment